ၾကားသိသမွ်

တန့်ဆည်၊ ကျီကုန်းရွာမီးရှို့ပြန်လာတဲ့ ရဲကား လမ်းမှာ မိုင်းဆွဲခံရ

တန့်ဆည်၊ ကျီကုန်းရွာမီးရှို့ပြန်လာတဲ့ ရဲကား လမ်းမှာ မိုင်းဆွဲခံရ၊ ရဲ ၂ ဦး​သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်းရွာကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံအကြမ်းဖက် ရဲကား

နှစ်စီး ကံထူးမလမ်းပိုင်း တောင်ပို့ရင်းတံတားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ကားမိုင်းထိလို့ ထိခိုက်ဒဏ်ရာရသူအများအပြားရှိပြီး စိုးရိမ်ဒဏ်ရာရသူ အနည်းဆုံး နှစ်ယောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နှစ်ယောက်ကတော့ စိုးရိမ်ရတယ်လို့သိရတယ်။ သွေးကွက်တွေအများကြီးပဲတဲ့။ ‌နာကူကားတွေ‌​တော့ သွားကြပြီ။ သေဖို့များတယ်။ ကျန်

တဲ့ ထိုခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ မိုင်းကွဲတဲ့နားမှာတော့ သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တာတွေလည်း ရှိတယ်။”လို့ ဒေသခံတဦးက

ပြောပါတယ်။

​ဒေသသတင်းရင်းမြစ် Kaduma Plaform က မိုင်းဆွဲမှု​ကြောင့် ရဲ ၂ ဦး​သေဆုံး​ကြောင်း သတင်း​ဖော်ပြသည်။

ရဲကား‌ရဲ့ရှေ့နောက်မှာ အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာသူတွေလည်း ရှိပြီး အရပ်သားလား၊ စစ်ကောင်စီတပ်သားလား ခွဲခြားရခက်တဲ့အတွက်

ပြည်သူတွေအနေနဲ့ စစ်ကား၊ ရဲကားတွေနဲ့ အတူကပ်ပြီး သွားလာတာတွေ မလုပ်ဆောင်ကြဖို့လိုတယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့

တွေက အသိပေးထားပါတယ်။

မနေ့က ကျီကုန်းတောင်ရွာမှာ နေအိမ် ၁၁ လုံးမီးရှို့ခံခဲ့ရပြီး ဒီနေ့ ထပ်လာရှို့ရာမှာတော့ မနေ့က မလောင်ဘဲ ကျန်ခဲ့တဲ့ အိမ်တွေအပြင် ကျီ

ကုန်းမြောက်ရွာကညနေအိမ်တလုံးကိုပါ ထပ်မံရှို့သွားပြီး အိမ်မွေးတိရစ္ဆာန်တချို့ကိုလည်း ပစ်သတ်သွားတယ်လို့ သိရပါတယ်

Zawgyi

တန္႔ဆည္၊ က်ီကုန္းရြာမီးရွို႔ျပန္လာတဲ့ ရဲကား လမ္းမွာ မိုင္းဆြဲခံရ၊ ရဲ ၂ ဦး​ေသဆုံး
ရန္ကုန္၊ စက္တင္ဘာ ၂၄

စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕နယ္၊ ေညာင္ဇီးကုန္းအုပ္စု၊ က်ီကုန္းရြာကို မီးရွို႔ၿပီး ျပန္လာတဲ့ စစ္ေကာင္စီလက္ေအာက္ခံအၾကမ္းဖက္ ရဲကားႏွစ္စီး ကံထူးမလမ္းပိုင္း ေတာင္ပို႔ရင္းတံတားမွာ မိုင္းဆြဲတိုက္ခိုက္ခံရတယ္လို႔ သိရပါတယ္။

ကားမိုင္းထိလို႔ ထိခိုက္ဒဏ္ရာရသူအမ်ားအျပားရွိၿပီး စိုးရိမ္ဒဏ္ရာရသူ အနည္းဆုံး ႏွစ္ေယာက္ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ႏွစ္ေယာက္ကေတာ့ စိုးရိမ္ရတယ္လို႔သိရတယ္။ ေသြးကြက္ေတြအမ်ားႀကီးပဲတဲ့။ ‌နာကူကားေတြ‌​ေတာ့ သြားၾကၿပီ။ေသဖို႔မ်ားတယ္။

က်န္တဲ့ ထိုခိုက္ဒဏ္ရာရသူေတြလည္း ရွိတယ္။ မိုင္းကြဲတဲ့နားမွာေတာ့ ေသနတ္နဲ႔ ရမ္းသန္းပစ္ခတ္တာေတြလည္း ရွိတယ္။”လို႔ ေဒသခံတဦးက ေျပာပါတယ္။

​ေဒသသတင္းရင္းျမစ္ Kaduma Plaform က မိုင္းဆြဲမႈ​ေၾကာင့္ ရဲ ၂ ဦး​ေသဆုံး​ေၾကာင္း သတင္း​ေဖာ္ျပသည္။

ရဲကား‌ရဲ့ေရွ႕ေနာက္မွာ အရပ္ဝတ္နဲ႔ ဆိုင္ကယ္စီးလာသူေတြလည္း ရွိၿပီး အရပ္သားလား၊ စစ္ေကာင္စီတပ္သားလား ခြဲျခားရခက္တဲ့အတြက္ ျပ

ည္သူေတြအေနနဲ႔ စစ္ကား၊ ရဲကားေတြနဲ႔ အတူကပ္ၿပီး သြားလာတာေတြ မလုပ္ေဆာင္ၾကဖို႔လိုတယ္လို႔လည္း ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြက အသိေပးထားပါတယ္။

မေန႔က က်ီကုန္းေတာင္ရြာမွာ ေနအိမ္ ၁၁ လုံးမီးရွို႔ခံခဲ့ရၿပီး ဒီေန႔ ထပ္လာရွို႔ရာမွာေတာ့ မေန႔က မေလာင္ဘဲ က်န္ခဲ့တဲ့ အိမ္ေတြအျပင္ က်ီကုန္းေျမာက္ရြာကညေနအိမ္တလုံးကိုပါ ထပ္မံရွို႔သြားၿပီး အိမ္ေမြးတိရစၧာန္တခ်ိဳ႕ကိုလည္း ပစ္သတ္သြားတယ္လို႔ သိရပါတယ္