ၾကားသိသမွ်

တပ်အရာရှိဟောင်းကို ရထားညွှန်ချုပ်နေရာ ခန့်ထားလိုက်ခြင်းရဲ့ နောက်ကွယ်

မြန်မာ့မီးရထား၊ ဦးဆောင်ညွန်ကြားရေးမှူးအဖြစ် သူရဦးအောင်မျိုးမြင့်ကို အစမ်းခန့်ထား လိုက်ကြောင်း စက်တင်ဘာ ၂၂ ရက် ယမန်နေ့

ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာ မှာဖော်ပြပါတယ်။

ဦးဆောင်ညွန်ကြားရေးမှူးအသစ်ဖြစ်လာတဲ့ သူရဦးအောင်မျိုးမြင့်မှာ စစ်တပ်ဘက်ကနေ ​​မြန်မာ မီးရထားဌာနသို့ ကူးပြောင်းရောက်ရှိလာ

တာကြာပြီလို့ သိရပါတယ်။

အရင် မြန်မာ့မီးရထားဦးဆောင်ညွန်ကြားရေးမှူးတာဝန်ကို အရပ်သားပညာရှင်ဦးဘမြင့်က တာဝန်ထမ်းဆောင်ခဲ့တာပါ။

ဦးဘမြင့်မတိုင်ခင် ဦးဆောင်ညွန်ကြားရေးမှူးတာဝန်ကို စစ်တပ်ဘက်က ရွှေ့ပြောင်းလာသူတွေ ကသာ ဆက်တိုက်တာဝန်ယူခဲ့ပြီး အခု စစ်

အာဏာသိမ်းပြီးနောက် တပ်ဖက်က ကူးပြောင်းလာသူ တစ်ဦး ပြန်လည်ခန့်အပ်တာလို့ အရပ်သား ရထားဝန်ထမ်း တချို့က ပြောပါတယ်။

အရပ်သားပညာရှင်ဦးဘမြင့်

စစ်အာဏာသိမ်းပြီး မကြာခင် အာဏာသိမ်းစစ်ခေါင်းဆောင်မှ ရထားစီးနင်းစစ်ဆေးစဥ် ဦးဘမြင့်က ရိုကျိုးတဲ့ အမူအရာနဲ့ ဆက်ဆံရှင်း​ပြ​

နေတဲ့ပုံတွေ လူမူကွန်ရက်မှာ ထွက်လာပြီးနောက် ရထားဝန်ထမ်း အသိုင်းအဝိုင်းအကြား ဝေဖန်တာတွေ အပြင်းအထန်ထွက်ပေါ်ခဲ့ပါတယ်။

” ရထားညွှန်ချုပ် ခန့်တယ် ဆိုတာလည်း တိုင်းပြည် ကို တရုတ် ထံရောင်းစားပြီး ထောက်ခံချက်ရအောင် လုပ်တဲ့ခြေတလှမ်းပါပဲ…။

လိုရင်းကတော့ တရုတ် ရထားလမ်းကို ကြွေးခံ ပြီး ခရိုနီတွေ နဲ့ ဝေစားမျှစား လုပ်ပြီး တိုင်းပြည်မြေ တွေကို တရုတ်လက်အပ်ဖို့ အကြံပဲ ဖြစ်

ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ နိုင်ငံတဝန်းလှည့်လည်ပြီး မြေအောက်ရထားတွေ၊ လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ တစိုက်

မတ်မတ် ကြွားဝါပြောဆိုနေပြီးနောက် ခုလို ရထားဌာနအကြီးအကဲ အပြောင်းအလဲရှိလာတာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ ပိုင်ဆိုင်တဲ့ မြေယာ၊ SOEs တွေ၊သယံဇာတ နဲ့ utilities တွေ ကို သင်းတို့ ရောင်းစားလို့ မရအောင် အားလုံးဝိုင်းဝန်း

လုပ်ဆောင်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကို သိထားဖို့လိုပါတယ်။

တရုတ် ပိုက်လိုင်းဆောက်ပြီး ရတဲ့ ငွေနဲ့ အောင်သောင်းသားတွေက UAB bank နဲ့ ananda တွေ ချဲ့ခဲ့တာကို မမေ့ကြပါနဲ့…။

လက်နက်ပဲ ကိုင်ဖူးသူက ဗဟိုဘဏ်မှာ ငွေစက္ကူရိုက်ဖို့လောက်အသိနဲ့ macro economic management လာလုပ်တော့ ကျပ်ငွေဈေး

ပြုတ်ကျ တာ မဆန်းဘူးလို့ ထင်ပါတယ်။

လက်ရှိ စက်ရုံရောင်း တင်ဒါပဲခေါ်ခေါ်၊ Liberalize ဟန်ဆောင်ပဲလုပ်လုပ် ၊ဒီနောက်ကွယ်မှာ သွားရည်တမြှားမြှားနဲ့ စောင့်နေတဲ့ စစ်

ကောင်စီ နဲ့ သူ့ အဆွေအမျိုးတွေ အတွက်ပဲဖြစ်တယ် ၊ပြည်သူအတွက် တပြားတချပ်မှ မပါဝင်ဘူးဆိုတာကို အရှင်းသိထားသင့်ပါတယ်။ ”

လို့ NUG အစိုးရရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး လဖိုင်မော်ထွန်းအောင်က ပြောဆိုထားပါတယ်။

ဒါ့အပြင် ၆လအတွင်း နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး ပြန်လည်ရှင်သန်စေနိုင်ဖို့ကြားကာလ အမျိုးသားစီမံကိန်း ဥပဒေကိုရေးဆွဲဖို့ကြိုးစားနေ

တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။

Getty Images

ဒီ ၆ လအမျိုးသားစီမံကိန်းဟာဆိုရင် နိုင်ငံရဲ့စီးပွားရေးနဲ့လူမှုရေးလုပ်ငန်းတွေ ပြန်လည်ရှင်သန်စေမှာဖြစ်ပြီး ပြည်သူတွေရဲ့စီးပွားရေး

လုပ်ငန်းတွေ တိုးတက်ရေးကိုအထောက်အကူ ပြုတဲ့အတွက် အတူကြိုးပမ်းကြ မယ်ဆိုရင် ကာလတိုအတွင်းလျင်မြန်ထိရောက်တဲ့ ရလဒ်

(Quick Win)ကိုရမှာဖြစ်တယ်လို့စစ်ကောင်စီဥက္ကဋ္ဌရဲ့မိန့်ခွန်းမှာဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းနဲ့ပြောဆိုချက်တွေဟာ

တိုင်းပြည်ရဲ့လက်တွေ့အခြေအနေနဲ့ ကင်းကွာမှုတွေပိုပြီးဖြစ်လာတာဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေပြီး ဝမ်းနည်းစရာကောင်း

တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။

မြန်မာ့ဂျီဒီပီ ဟာ ဆိုရင်တော့ဖြင့် ပြိုင်ဘက်မရှိ တိုးတက်နေပြီပဲ ဖြစ်ပါတယ်

” အရင်းခံကတော့ လူတစ်ယောက်က အာဏာရှင်ဆန်လာလေလေ ဒီကိစ္စတွေကဖြစ်လေလေပဲ။ အဓိကကတော့ သူ့ကိုယ်သူပြန်အယုံသွင်း

နေရတာ၊ သူ့ကိုယ်သူပြန်အားပေးနေရတာ။ ဘေးက အသိုင်းအဝိုင်းတွေက ဒါလွဲနေတယ်၊ ဒါမမှန်ဘူးဆိုတာဘယ်သူမှမပြောကြဘူး။ လူ

တိုင်းသိတယ် ၆လနဲ့မြန်မာပြည်ကပြန်မကောင်းနိုင်တာကိုလည်း လူတိုင်းသိတယ်။ စစ်ကောင်စီမှာလည်း နိုင်ငံရေးသမားတွေရှိတာပဲ၊ ဒါ

တွေပြောဖို့လိုတယ်။ ဖေဖော်ဝါရီလကမှဟုတ်သလိုလိုရှိဦးမယ်။ နောက်ပိုင်းတိုင်းပြည်ကပိုဆိုးလာတယ်၊ သူကလည်းဒါတွေဆက်ပြောနေ

တုန်းပဲဆိုတော့လူတွေကလည်းအယုံအကြည်မရှိတော့ဘူး” လို့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ တမ္ပဒီပ အင်စတီကျူက

ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကပြောကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။