ၾကားသိသမွ်

အကျအရူံးများနေတဲ့ စခတပ်တွေသွေးပျက်နေပါပြီ

တော်လှန်ရေးနောက်တစ်ဆင့်တက်ပြီလို့ NUGကာဝန်က ကြေငြာတော့ အရင်ပြောခဲ့တဲ့အတိုင်း ဒေသအလိုက်ပွဲကြီးတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လက်နက်တူချင်း တိုက်တာထက် အကျအရူံးများနေတဲ့ စခတပ်တွေ ဘယ်လောက်စိတ်ဓတ်ပျက် ခြောက်ခြားနေလဲ

ဆိုတာ သိသာနေပါပြီကောလင်း ကျောက်ကြီး ပုလဲ ယောနယ် တို့မှာလက်တလောမှာ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာပါတယ် အရင်ကတော့ မိုင်းဆွဲ ချောင်းပစ်

ပြောက်ကျားနည်းဗျူဟာထက် အဆင့်တက်လာတာကိုလဲ တွေ့ရပါတယ် စကစဘက်က အဓိကကျရူံးနေတာ သတင်းအချက်အလက်ပိုင်း မရတာပဲ

ဖြစ်ပါတယ်သူတို့လက်တံ ဒလန်တွေ အုပ်ကြီးတွေဆိုတာလဲ မလူပ်ရဲတော့ဘူး အပြတ်ကိုလိုက်ရှင်းခံနေရတော့ပြေးစရာမြေကို မရှိတော့ပြန်ဘူး ရာကျော်သေဖွယ်

ရှိတဲ့ ကောလင်းတိုက်ပွဲမှာဆို ဖြတ်တိုက်ခံရတာ နယ်မြေသတင်းမရခဲ့လို့သာဖြစ်ပါတယ်PDF တွေရဲ့ စနစ်ကျမူ့ တိုက်ပွဲအတွေ့အကြုံများလာမူ့ စိတ်အားထက်သန်မူ့

ယုံကြည်စိတ်ပြင်းထန်မူ့တွေကို ပရော်ဖက်ရှင်နယ်စစ်တပ်ကြီးက အတုံးအရူန်းကို လည်စင်းပေးနေရတော့တာပါပဲဒီပုံစံအတိုင်းဆို တပ်ဟာ မကြာခင်ပြိုပါတော့မယ်

မင်းအောင်လိူင်မိသားစုကို ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူးရှေ့လျှောက်က မြို့သိမ်းတိုက်ပွဲတွေ မြို့ပြတိုက်ပွဲတွေ ဖြစ်လာတော့မှာပါ PDFတွေလက်ထဲလဲ

မကြာခင် လိုအပ်တဲ့လက်နက်တွေလဲ ရလာတော့မှာပါCivil War တွေဆိုလဲ မအလတပ်တွေအတော့်ကိုအထိနာနေပြန်တယ် နေရာစုံမှာ ဗုံးတွေကွဲနေသလို

ဘယ်ကလာမှန်းမသိတဲ့ ကျည်ဆန်တွေကို ကြောက်လို့ မြို့အနှံလမ်းဆုံတွေမှာ သဲအိတ်ဘန်ကာတွေနောက် ပုန်းနေရတဲ့ အဖြစ်ကရီစရာ ဖြစ်နေပြန်တယ်

တစ်နိုင်လုံးကို မထိန်းနိုင်လို့ ပင်စင်စားစစ်သားအိုကြီးတွေကို စည်းရုံးပြီး အသေခံခိုင်းနေပြန်တယ်မအလတပ်ကတော့ သွေးပျက်နေပါပြီ

စစ်ကိုင်းဘက်တွေမှာ ယောကျ်ားတွေတင်မက မိန်းမတွေပါ PDF ထဲ ဝင်လာကြတဲ့ခါ အင်အားက အဆမတန်ကို ကြီးထွားလာပါတယ် နိုင်ငံအနှံလဲ ထို

ကဲ့သို့ မကြာခင် ဖြစ်လာတော့မှာပါဒါတွေ ဘာလို့ဖြစ်လာလဲဆိုရင် စကစရဲ့မတရား သတ်ဖြတ်မူ့တွေကြောင့်ဖြစ်သလို UN ဆိုတဲ့အဖွဲ့အစည်းရဲ့ တာဝန်မကျေ

လစ်လျူမူ့တွေကြောင့်ပါပဲဒါကြောင့်လဲဥရောပ သုံးနိုင်ငံက UN အဖွဲ့ကြီးရဲ့ ဖွဲ့စည်းပုံ ပြောင်းသင့်ကြောင်း ဝေဖန်တောင်းဆိုသွားတာပါ

မြန်မာပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံနေရတာကို သိသိကြီးနဲ့ တံခါးဖွင့်လိုက် ပိတ်လိုက် စာထုတ်လိုက် ဝမ်းနည်းလိုက် လုပ်နေတော့ မြန်မာပြည်သူဟာ

ကိုယ်တိုက်မှရတော့မယ်ဆိုတာသိလာတော့တာပါပဲမြန်မာ့နွေဦးတော်လှန်ရေးဟာ လစာလိမ်စား အလှူခံစား မယောင်ရာဆီလူးနေတဲ့ UNဆိုတဲ့ကမ္ဘာ့လူလိမ်အဖွဲ့ကြီးရဲ့

လုပ်ရပ်ကို မီးမောင်းထိုးပြလိုက်သလို ဘာတစ်ခုမှသုံးစားမရပဲ တရုတ်သြဇာခံ အာစီယံအဖွဲ့အကြောင်း အထုပ်ဖြေပြလိုက်တာပါUN မှာကိုယ်စားလှယ်

တရားဝင်အသိအမှတ်ပြုဖို့နိုဝင်ဘာထိ အချိန်ဆွဲလိုက်တာလဲ စကစကိုလူပိုသတ်ခိုင်းတာနဲ့အတူတူပါပဲ စကစအုပ်ချုပ်နိုင်အောင် အခွင့်အရေးပေးတယ်လို့ မြင်ပါတယ်

ဒါကလဲ တရုတ်အစီအစဥ်ပါပဲ နိုဝင်ဘာမှ စကစ မအုပ်ချုပ်နိုင်ရင် တရုတ်ကလဲ ဆက်ကျားကန်ပေးမှာမဟုတ်တော့ဘူးလို့ထင်ပါတယ်ကမ္ဘာ့အရေးတွေ

ဘယ်လိုပဲဖြစ်ပါစေကိုယ့်ပြည်တွင်းရေးကိုယ်ဖန်တီးရမှာမို့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိတာကြောင့် တော်လှန်ရေးအရှိန်ဆက်တင်ရင်း စစ်အာဏာရှင်

စခတပ်ကို စုစည်းညီညွှတ်စွာနဲ့ ဆက်လိုက်တော်လှန်ကြပါစို့လို့တိုက်တွန်းလိုက်ပါတယ်ဗျာ
မုဆိုး လက် 🇺🇲