စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် နောင်မူးကျေးရွာမှ ဝမ်းဘဲအင်းကျေးရွာသို့ချီတက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်
ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) အား စက်တင်ဘာလ (၂၂) ရက် ညနေ (၄) နာရီခွဲအချိန်ခန့် မူးမြစ်တံတားအရောက်တွင် ပင်လယ်ဘူး-
PDF၊ ကောလင်း-PDF ၊ ဝန်းသို-PDF တို့ ပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ကြိုတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားကြောင်း နယ်မြေခံသတင်း
ရင်းမြစ်မှ ပြောဆိုသည်။
ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်များစွန့်ပစ်ကာ အပြေးပြိုင်သကဲ့သို့
ထွက်ပြေးသွားကြကြောင်း သိရသည်။
ထိခိုက်သေဆုံးတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွင် ဗိုလ်ကြီး (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦး အပါအဝင် တပ်သားအများအပြားဖြစ်ပြီး
လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
ယင်းတိုက်ပွဲတွင် သေဆုံးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတချို့အလောင်းများအား အကြမ်းဖက်စစ်ကောင်စီတပ်မှ မူးမြစ်ထဲသို့
ပစ်ထည့်မျှောချ၍ ငါးစာကျွေးလိုက်သဖြင့် စစ်ခွေးသေဆုံးစာရင်းအတိအကျ သိရှိနိုင်ရန် ခက်ခဲသွားခြင်းဖြစ်ကြောင်း သိရသည်။
Zawgyi
စစ္ကိုင္းတိုင္းေဒသႀကီး ပင္လည္ဘူးၿမိဳ႕နယ္ ေနာင္မူးေက်းရြာမွ ဝမ္းဘဲအင္းေက်းရြာသို႔ခ်ီတက္လာတဲ့ အၾကမ္းဖက္စစ္ေကာင္စီ
တပ္ က်ိဳက္ထိုအေျခစိုက္ တပ္မ (၄၄) အား စက္တင္ဘာလ (၂၂) ရက္ ညေန (၄) နာရီခြဲအခ်ိန္ခန႔္ မူးျမစ္တံတားအေရာက္တြင္ ပင္လယ္ဘူး-PDF၊ ေကာ
လင္း-PDF ၊ ဝန္းသို-PDF တို႔ ပူးေပါင္းတပ္ဖြဲ႕မွ အသင့္ေစာင့္ႀကိဳတိုက္ခိုက္၍ တိုက္ပြဲျဖစ္ပြားေၾကာင္း နယ္ေျမခံသတ
င္းရင္းျမစ္မွ ေျပာဆိုသည္။
ယင္းတိုက္ပြဲတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဘက္မွ ထိခိုက္ေသဆုံးမႈမ်ားျပားၿပီး လက္နက္မ်ားစြန႔္ပစ္ကာ အေျပးၿပိဳင္သကဲ့သို႔ ထြက္ေျ
ပးသြားၾကေၾကာင္း သိရသည္။
ထိခိုက္ေသဆုံးတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္တြင္ ဗိုလ္ႀကီး (၁) ဦး၊ တပ္ၾကပ္ႀကီး (၁) ဦး အပါအဝင္ တပ္သားအမ်ားအျပားျဖစ္ၿပီး
လက္နက္ခဲယမ္းအေျမာက္အမ်ားလည္း သိမ္းဆည္းရမိေၾကာင္း ၎မွ ဆက္လက္ေျပာဆိုသည္။
ယင္းတိုက္ပြဲတြင္ ေသဆုံးသြားတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္သားတခ်ိဳ႕အေလာင္းမ်ားအား အၾကမ္းဖက္စစ္ေကာင္စီတပ္မွ မူးျမစ္ထဲ
သို႔ ပစ္ထည့္ေမၽွာခ်၍ ငါးစာေကၽြးလိုက္သျဖင့္ စစ္ေခြးေသဆုံးစာရင္းအတိအက် သိရွိနိုင္ရန္ ခက္ခဲသြားျခင္းျဖစ္ေၾကာင္း
သိရသည္။