ငွေတိုက် (ဘဏ်) တွေကို သိမ်းပိုက်ခြင်း၊ တန်ပြန်တိုက်ခိုက်ဖို့ အသုံးပြုခြင်းဟာ တရားကြောင်း အက်စတာဇေနော ပြော
စက်တင်ဘာ ၂၃
ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ၂၀၂၁ ကမ္ဘာ့သြဇာအရှိဆုံး အယောက် ၁၀၀ မှာ ပါဝင်တဲ့ မအက်စတာဇေနော က ဖက်ဆစ် စစ်တပ် (စစ်
ကောင်စီ) က ဂုတ်သွေးစုပ် ရယူထားတဲ့ ငွေတိုက် (ဘဏ်) တွေကို သိမ်းပိုက်ခြင်း၊ တန်ပြန် တိုက်ခိုက် ဖို့ အသုံးပြု ခြင်းဟာ တရားကြောင်း
သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒီကနေ့ ရေးသား ဖေါ်ပြလိုက်ပါတယ်။
ပန်းပဲတန်း လူ့ဘောင်သစ် လူငယ် ဥက္ကဌ မဝင်းထက်မာ (ခေါ်) အမာ
လက်ရှိ တော်လှန်ရေးမှာ မြို့ပြ ပြောက်ကျား လုပ်ငန်းတွေ အားကောင်းဖို့ အရေးကြီးကြောင်း ရေးသား ဖေါ်ပြထားပြီး ဒီအတွက် စစ်တပ်ရဲ့
အာဏာ ဒေါက်တိုင် စီးပွါးရေး လုပ်ငန်းနဲ့ ငွေတိုက်တွေက မြို့ပေါ် ပြောက်ကျား ရဲဘော်တို့ အတွက် သိပ်လှတဲ့ ပစ်မှတ်တွေ ဖြစ်ကြောင်း
လည်း မအက်စတာဇေနောက ဖေါ်ပြထားပါတယ်။
နွေဦးတော်လွန်ရေး မွ မအက်စတာဇေနော နဲ့ မအိသဥ္ဇာမောင်
စစ်ကောင်စီကနေ ကိုကျော်ဇင်လင်း နဲ့ မဝင်းထက်မာ တို့ အပါအဝင် စက်တင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးခံသူတွေဟာ ဘဏ်ဓါးပြတိုက်မှု
မှာ ပါဝင်ကြောင်း စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီး စွပ်စွဲခံနေရသူတွေဟာ နွေဦးတော်လှန်ရေးမှာ မအက်စတာ တို့နဲ့ လက်တွဲလုပ်ဆောင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။
မအက်စတာက စစ်ကောင်စီကို ကျည်ဆံနဲ့ လူ ထပ်မရစေဖို့ အတွက်…
– ဂုတ်သွေးစုတ်ရယူထားတဲ့ ငွေတိုက်တွေကို သိမ်းပိုက်ခြင်း၊ တန်ပြန်တိုက်ခိုက်ဖို့ အသုံးပြုခြင်းဟာ တရားတယ်။
– အမြတ်ကြီးစားလည်ပတ်နေတဲ့ တပ်ပိုင် စီးပွါးရေးလုပ်ငန်းတွေကို ဖြိုဖျက်ခြင်းဟာ တရားတယ်။..’’
ဆိုပြီး သူ့သဘောထားကို ရေးသား ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။
THN freelance journalist
Zawgyi
စက်တင်ဘာ ၂၃
‘’ – အခွန်မဆောင်ခြင်းဟာ တရားတယ်။