ၾကားသိသမွ်

တော်လှန်ရေးပြီးလျှင် အာဏာရူးတွေကြောင့် ပျက်စီးခဲ့ရသည့် အရာများ ပြန်လည်ထူထောင်ရေး အသေအချာလုပ်မည်ဟု NUG အာမခံကတိပေး

တော်လှန်ရေးပြီးလို့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ထူထောင်စဉ်ကာလ

အတွင်း ပြန်လည် ထူ ထောင်ရေးလုပ်ငန်းတွေကို သေသေချာချာပြန်လုပ်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အာမခံလိုက်ပါ

တယ်။တော်လှန်ရေးမှာ ပြည်သူတွေရဲ့ ထိခိုက်နစ်နာခံရမှုတွေအတွက် စာနာဂုဏ်ယူခြင်း၊ မှတ်သားထားခြင်းများ ပြုလုပ်ထားတယ်လို့

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက

လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေးပါတယ်။

လက်ရှိကာလ ပြည်သူ့ခုခံတော်လှန်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှု တတ်နိုင်

သမျှနည်းအောင် အထူးကြိုးပမ်းဆောင်ရွက်ကြပေမဲ့ အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံနဲ့ လက်နက်မဲ့ ပြည်သူများကို အကြမ်း ဖက်

လုယက်သတ်ဖြတ်ခြင်း၊ အိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးများနဲ့ လူနေအိမ်ရပ်ကွက်ကို ပစ်ခတ်ဖျက်ဆီးခြင်းများစတဲ့ လုပ်ရပ်မျိုးစုံကို

ကျူးလွန်နေတာကိုလည်း သူက ထောက်ပြပါတယ်။

အဲလိုအဖြစ်အပျက်တွေအတွက် လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေကို ဝန်နဲ့အား မမျှတဲ့ကြားက ပြည်တွင်းပြည်ပရှိ ပြည်သူတွေရဲ့

အကူအညီနဲ့ ကိုယ်စွမ်းရှိသလောက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ဆ က်လက်ပံ့ပိုးပေးနေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။…

ဒီလို ပဋိပက္ခဘေးတွေဟာ အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျမှသာ ရပ်တန့်သွားမှာ ဖြစ်လို့ တော်လှန်ရေးကို မြန်မြန်ပြီးဆုံးနိုင်အောင်

လည်း ပြည်သူတွေနဲ့အတူတူ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်နေကြတယ်လို့ သူက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းတဲ့ အမျိုးသားညီညွ တ်ရေးအစိုးရက စက်တင်ဘာလ ရ

ရက်နေ့ကပြီး နိုင်ငံတဝန်းအရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းစစ်ကောင်စီကို ခုခံစစ်ဆင်နွှဲကြဖို့ ပြည်သူလူထုနဲ့ လက်နက်ကိုင်

အင်အားစုအားလုံးကို တိုက်တွန်းထားပါတယ်။

Zawgyi

ေတာ္လွန္ေရးၿပီးလို႔ ျပည္သူ႔အာဏာ ျပည္သူ႔လက္ထဲ ျပန္ေရာက္ၿပီး စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုကို ဦးတည္ထူေထာင္စဥ္ကာလအတြင္း ျပန္လည္ ထူ ေထာင္ေရးလုပ္ငန္းေတြကို ေသေသခ်ာခ်ာျပန္လုပ္ေပးမယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရက အာမခံလိုက္ပါတယ္။…
ေတာ္လွန္ေရးမွာ ျပည္သူေတြရဲ့ ထိခိုက္နစ္နာခံရမႈေတြအတြက္ စာနာဂုဏ္ယူျခင္း၊ မွတ္သားထားျခင္းမ်ား ျပဳလုပ္ထားတယ္လို႔ လူသားခ်င္းစာနာေထာက္ထားေရးႏွင့္ ေဘးအႏၲရယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက လူမႈကြန္ရက္စာမ်က္ႏွာကတဆင့္ အသိေပးပါတယ္။…
လက္ရွိကာလ ျပည္သူ႔ခုခံေတာ္လွန္ပြဲေတြမွာ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားက လက္နက္မရွိတဲ့ အရပ္သားျပည္သူေတြ ထိခိုက္မႈ တတ္နိုင္သမၽွနည္းေအာင္ အထူးႀကိဳးပမ္းေဆာင္ရြက္ၾကေပမဲ့ အၾကမ္းဖက္စစ္တပ္ဟာ နည္းလမ္းမ်ိဳးစုံနဲ႔ လက္နက္မဲ့ ျပည္သူမ်ားကို အၾကမ္း ဖက္ လုယက္သတ္ျဖတ္ျခင္း၊ အိမ္မ်ားကို မီးရွို႔ျခင္း၊ လက္နက္ႀကီးမ်ားနဲ႔ လူေနအိမ္ရပ္ကြက္ကို ပစ္ခတ္ဖ်က္ဆီးျခင္းမ်ားစတဲ့ လုပ္ရပ္မ်ိဳးစုံကို က်ဴးလြန္ေနတာကိုလည္း သူက ေထာက္ျပပါတယ္။…
အဲလိုအျဖစ္အပ်က္ေတြအတြက္ လူသားခ်င္းစာနာကူညီေရးလုပ္ငန္းေတြကို ဝန္နဲ႔အား မမၽွတဲ့ၾကားက ျပည္တြင္းျပည္ပရွိ ျပည္သူေတြရဲ့ အကူအညီနဲ႔ ကိုယ္စြမ္းရွိသေလာက္ ႀကိဳတင္ျပင္ဆင္ေဆာင္ရြက္ခဲ့ၿပီး ဆ က္လက္ပံ့ပိုးေပးေနတယ္လို႔ ဝန္ႀကီးက ဆိုပါတယ္။…ဒီလို ပဋိပကၡေဘးေတြဟာ အၾကမ္းဖက္ စစ္ေကာင္စီ ျပဳတ္က်မွသာ ရပ္တန႔္သြားမွာ ျဖစ္လို႔ ေတာ္လွန္ေရးကို ျမန္ျမန္ၿပီးဆုံးနိုင္ေအာင္လည္း ျပည္သူေတြနဲ႔အတူတူ အဘက္ဘက္က ႀကိဳးပမ္းေဆာင္ရြက္ေနၾကတယ္လို႔ သူက ေျပာပါတယ္။…
၂၀၂၀ ေရြးေကာက္ပြဲအနိုင္ရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္ဖြဲ႕စည္းတဲ့ အမ်ိဳးသားညီညြ တ္ေရးအစိုးရက စက္တင္ဘာလ ရ ရက္ေန႔ကၿပီး နိုင္ငံတဝန္းအေရးေပၚအေျခအေနေၾကညာၿပီး အာဏာသိမ္းစစ္ေကာင္စီကို ခုခံစစ္ဆင္ႏႊဲၾကဖို႔ ျပည္သူလူထုနဲ႔ လက္နက္ကိုင္အင္အားစုအားလုံးကို တိုက္တြန္းထားပါတယ္။…