ဖေ့ဘုတ် အား ပိတ်ပင်ထားသည့် အကောင့်များ နှင့် ပို့စ်များ လွှဲအပ်ရန် အမေရိကန် တရားရုံး အမိန့်ချ
ဝါရှင်တန် ရှိ ဗဟိုတရားရုံး တရားသူကြီးမှ ၂၀၁၇ ခုနှစ် အတွင်း ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့သည့်။အ ကြမ်းဖက်မှု များ နှင့် ဆက်စပ်
နေသည့် အတွက် ပိတ်ပစ်ခဲ့သော ပို့စ်များနှင့် အကောင့်များကို နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုရန် ကြိုးစားနေသည့် နိုင်ငံများ
အား တရားဝင် လွှဲအပ်ပေးရန် ယနေ့ အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။…
ဖေ့စ်ဘုတ်သည် ကာလကြာမြင့်စွာကပင် ထိုသို့ လွှဲ ပြောင်းပေးရန်ကို အမေရိကန်၏ privacy law အား ချိုးဖောက်ရာ ရောက်သည်ဟု
အကြောင်းပြချက်ဖြင့် ငြင်းဆန်နေခဲ့သည်။…
သို့သော် တရားသူကြီးက ဖြုတ်ချခံရသော ပို့စ်များ သည် ထို ဥပဒေ ရပ်များ နှင့် အကျုံးဝင်ခြင်းမရှိ ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။…
ထိုသို့ တောင်းဆိုထားသည့် ပို့စ်များကို သော့ခတ် သိ မ်းဆည်းထားခြင်းသည် လုပ်ကြံသတင်းများ ဖြန့် ဖြူးခြင်း ဖြင့် ဂျီနိုဆိုက် ဖြစ်ပေါ်လာ
အောင် မည်သို့မ ည်ပုံ အထောက်အကူ ပေးလာပုံအား နားလည် သိရှိ နိုင်မည့် အခွင့်အလန်းများကို လက်လွှတ် လိုက်ရာ ရောက်သည်ဟု
ဆိုသည်။…
ဖေ့ဘုတ်စ်ထံမှ ထိုသို့ သတင်းအချက်အလက်များ သိရှိနိုင်ရန် ဂမ်ဘီယာ နှင့် ကုလ စုံစမ်းစစ်ဆေးသူများက တရားရုံးမှ တဆင့် တောင်းဆို
လာခဲ့ခြင်း ဖြစ်သည်။…
၂၀၁၈ ခုနှစ်တွင် ဖေ့ဘုတ်စ်သည် လက်ရှိ အာဏာသိမ်းခေါင်းဆောင်၏ အကောင့် အပါအဝင် နိုင်ငံတွင်းရှိ အဖွဲ့အစည်းပေါင်း ၂၀ ကျော်၏
စာမျက်နှာများကို ဖျက်သိမ်းပစ်ခဲ့သည်။ယခုအခါ မြန်မာ စစ်ဗိုလ်ချုပ်များ၏ ယခင် ပို့စ်အဟောင်းများကို သက်သေခံ အဖြစ် ရရှိတော့မည်
ဖြစ်သည်။…
Hla Soewai(ကိုးကား – The Wall Street journal)
Zawgyi
တာ့မည် ဖြစ်သည်။…