ၾကားသိသမွ်

ရဲဘော်တွေကို အသက်နဲ့ရင်းပြီးကာကွယ်သွားတဲ့သူရဲကောင်းကို အသက်ရှင်လျှက် ပြန်မခေါ်လာနိုင်လို့ ယူကျုံးမရဖြစ်နေကြတဲ့ KPDF လူငယ်များ

ရဲဘော်တွေကို အသက်နဲ့ရင်းပြီးကာကွယ်သွားတဲ့သူရဲကောင်းကို အသက်ရှင်လျှက် ပြန်မခေါ်လာနိုင်လို့ ယူကျုံးမရဖြစ်နေကြတဲ့ KPDF

လူငယ်များ

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့က ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကုန်းသာရွာ၊ (၅)မိုင် (၆)မိုင်နား တိုက်ပွဲမှာတော့

အာဏာသိမ်းလက်နက်ကိုင်အဖွဲ့နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။

ဒီတိုက်ပွဲမှာ KPDF ဘက်က လူငယ်တစ်ဦး ကျဆုံးသွားပြီး (၄)ဦးဒဏ်ရာရရှိသွားတာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ သူရဲ ကောင်းအတွက်

ရဲဘော်တွေအားလုံးက စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေကြတာ ဖြစ်ပါတယ် ။

ဒီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ KPDF လူငယ်လေးက ခြေထော က်ကျည်ထိထားကို ရဲဘော်တွေအရှေ့ လက်နက်ကြီးကျလို့ ဝင်ခံပေးရင်း

ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ် ။

ဒါကြောင့် သူနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ KPDF ရဲဘော်တွေက ဒီလူငယ်လေးရဲ့ကျဆုံးမှုကို ယူကျုံးမရဖြစ်နေကြတာ ဖြစ်ပါတ ယ်။ ဒါ့အပြင်

ရဲဘော်တွေကသူတို့ကိုအသက်နဲ့ရင်းပြီး ကာကွ ယ်ပေးသွားတဲ့ သူရဲကောင်းကို အသက်ရှင်လျှက် ပြန်မခေါ်လာနိုင်တဲ့အပေါ် ဝမ်းနည်းနေ

ကြတာလည်း ဖြစ်ပါတယ် ။KPDF အဖွဲ့ဝင်တစ်ဦးကတော့ “ရဲဘော် မင်းရဲ့ Dead Body ကို ငါတို့မရရအောင် ပြန်ကောက်နိုင်ခဲ့တယ်

အသက်မရှိတော့တဲ့ မင်းရဲ့body ကိုပဲပြန်ယူလာပေးနိုင်လို့ ငါတို့တစ်ဖွဲ့လုံးတောင်းပန်ပါတယ်ကွာ ငြိမ်းချမ်းကောင်းမွန်စွာ အနားယူပါတော့

ရဲဘော်”ဆိုပြီး ဝမ်းနည်းကြောင်းစကားဆိုထားတာ ဖြစ်ပါတယ်။ ကျန် ရစ်ခဲ့တဲ့ရဲဘော်တွေက တိုက်ပွဲမှာအသက်ပေးသွားတဲ့ သူရဲကေ ာင်း

အတွက် သူတို့ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟခဲ့ကြတာလည်း ဖြစ်ပါတယ် ။

အဲ့ဒီနောက်မှာတော့ ကျဆုံးသူရဲကောင်းလေးရဲ့ရုပ်အလောင်းကို မြေမြုပ်ပြီး သင်္ဂြိုဟ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ မနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲ

မှာ ဒီသူရဲကောင်းလေးအပြင် နောက်ထပ်ရဲဘော်တစ်ဦးလည်း ကျဆုံးသွားကြောင်းသိရပြီး အလောင်းကိုတော့ အခုထိပြန်သယ်လို့မရသေ

ကြောင်း သတင်းထပ်မံသိရှိရတာ ဖြစ်ပါတယ်။

Zawgyi

ရဲေဘာ္ေတြကို အသက္နဲ႔ရင္းၿပီးကာကြယ္သြားတဲ့သူရဲေကာင္းကို အသက္ရွင္လၽွက္ ျပန္မေခၚလာနိုင္လို႔ ယူက်ဳံးမရျဖစ္ေနၾကတဲ့ KPDF လူငယ္မ်ား

ၿပီးခဲ့တဲ့ စက္တင္ဘာလ (၂၀) ရက္ေန႔က ကယားျပည္နယ္၊ ဒီေမာ့ဆိုၿမိဳ႕နယ္၊ ကုန္းသာရြာ၊ (၅)မိုင္ (၆)မိုင္နား တိုက္ပြဲမွာေတာ့ အာဏာသိမ္းလက္နက္ကိုင္အဖြဲ႕နဲ႔ ကရင္နီပူးေပါင္းတပ္ဖြဲ႕ေတြအၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္ ။

ဒီတိုက္ပြဲမွာ KPDF ဘက္က လူငယ္တစ္ဦး က်ဆုံးသြားၿပီး (၄)ဦးဒဏ္ရာရရွိသြားတာ ျဖစ္ပါတယ္ ။ က်ဆုံးသြားတဲ့ သူရဲ ေကာင္းအတြက္ ရဲေဘာ္ေတြအားလုံးက စိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းေနၾကတာ ျဖစ္ပါတယ္ ။

ဒီတိုက္ပြဲမွာ က်ဆုံးသြားတဲ့ KPDF လူငယ္ေလးက ေျခေထာ က္က်ည္ထိထားကို ရဲေဘာ္ေတြအေရွ႕ လက္နက္ႀကီးက်လို႔ ဝင္ခံေပးရင္း ကြယ္လြန္သြားခဲ့ရတာ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ သူနဲ႔အတူတိုက္ပြဲဝင္ခဲ့တဲ့ KPDF ရဲေဘာ္ေတြက ဒီလူငယ္ေလးရဲ့က်ဆုံးမႈကို ယူက်ဳံးမရျဖစ္ေနၾကတာ ျဖစ္ပါတ ယ္။ ဒါ့အျပင္ ရဲေဘာ္ေတြက

သူတို႔ကိုအသက္နဲ႔ရင္းၿပီး ကာကြ ယ္ေပးသြားတဲ့ သူရဲေကာင္းကို အသက္ရွင္လၽွက္ ျပန္မေခၚလာနိုင္တဲ့အေပၚ ဝမ္းနည္းေနၾကတာလည္း ျဖစ္ပါတယ္ ။

KPDF အဖြဲ႕ဝင္တစ္ဦးကေတာ့ “ရဲေဘာ္ မင္းရဲ့ Dead Body ကို ငါတို႔မရရေအာင္ ျပန္ေကာက္နိုင္ခဲ့တယ္ အသက္မရွိေတာ့တဲ့ မင္း

ရဲ့body ကိုပဲျပန္ယူလာေပးနိုင္လို႔ ငါတို႔တစ္ဖြဲ႕လုံးေတာင္းပန္ပါတယ္ကြာ ၿငိမ္းခ်မ္းေကာင္းမြန္စြာ အနားယူပါေတာ့ရဲေဘာ္”

ဆိုၿပီး ဝမ္းနည္းေၾကာင္းစကားဆိုထားတာ ျဖစ္ပါတယ္။ က်န္ ရစ္ခဲ့တဲ့ရဲေဘာ္ေတြက တိုက္ပြဲမွာအသက္ေပးသြားတဲ့ သူရဲေက ာင္းအတြက္ သူတို႔ရင္ထဲက ခံစားခ်က္ေတြကို ဖြင့္ဟခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။

အဲ့ဒီေနာက္မွာေတာ့ က်ဆုံးသူရဲေကာင္းေလးရဲ့႐ုပ္အေလာင္းကို ေျမျမဳပ္ၿပီး သၿဂႋဳဟ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္ ။ မေန႔ကျဖစ္ပြားခဲ့တဲ့တိုက္ပြဲမွာ ဒီ

သူရဲေကာင္းေလးအျပင္ ေနာက္ထပ္ရဲေဘာ္တစ္ဦးလည္း က်ဆုံးသြားေၾကာင္းသိရၿပီး အေလာင္းကိုေတာ့ အခုထိျပန္သယ္လို႔မရေသးေၾကာင္း သတင္းထပ္မံသိရွိရတာ ျဖစ္ပါတယ္။