ၾကားသိသမွ်

တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် ဖုန်းဆိုင်များတွင် Keypad ဖုန်း ဝယ်ယူသူများ၏ အမည်နှင့်လိပ်စာများကို စာရင်းလုပ်ထားရန် လိုက်လံအသိပေး

Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် ဖုန်းဆိုင်များတွင် Keypad ဖုန်း ဝယ်ယူသူများ၏ အမည်နှင့်လိပ်စာများကို စာရင်းလုပ်ထားရန်

လိုက်လံအသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့တွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ ညနေပိုင်းက Mytel တာဝါတိုင်(၂)တိုင်၏

စက်ခန်းများ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် မြို့တွင်း ဖုန်းအရောင်းဆိုင်များတွင် ခလုတ်ပါသည့်ဖုန်း ( Keypad Phone )ဝယ်ယူသူများ၏

စာရင်းများကို စုံစမ်းနေပြီး ထပ်တိုး ဝယ်ယူသူများ၏ စာရင်းများကို ပြုစုထားပေးရန် အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံများက လိုက်လံ

အသိပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဖုန်းခွဲမှုများကို ခလုတ်ပါသည့်ဖုန်းကို အသုံးပြုပြီး လုပ်ဆောင်သည်ဟုဆိုကာ ကျောက်မဲမြို့ရှိ ဖုန်းဆိုင်များတွင် ခလုတ်ပါသည့် ဖုန်း (

Keypad Phone ) ဝယ်ယူသူများရှိပါက အမည်၊ နေရပ်လိပ်စာ နှင့် ဆက်သွယ်ရန်ဖုန်း နံပါတ်များ တောင်းယူထားရန် နှင့် ယခင်က ခလုတ်

ပါသည့်ဖုန်း ( Keypad Phone )ရောင်းချထားခဲ့မှု အခြေအနေများကိုလည်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိ

ရသည်။

ကျောက်မဲမြို့တွင် စက်တင်ဘာ ( ၂၀ )ရက် ညနေပိုင်းက Mytel တာဝါတိုင် (၂)တိုင်၏ ဆက်သွယ်ရေးပုံးများ ဖေါက်ခွဲဖျက်ဆီးခံရ

ပြီးနောက် ညပိုင်းများတွင် တက်ကြွလူငယ်များ နှင့် ၅၀၅ -က ဖြင့် အမှုဖွင့်ခံထားရသူများ၏ နေအိမ်များတွင် ပစ္စည်းများ ရှာဖွေခြင်းများ

လုပ်ဆောင်သလို စက်တင်ဘာလ(၂၁)ရက်နေ့တွင်လည်း ဖုန်းဆိုင်များသို့ လိုက်လံအသိပေးမှုများ လုပ်ဆောင်သည်ဟု ဒေသခံများထံ က

သိရသည်။

Zawgyi

Mytel တာဝါတိုင္ ေဖာက္ခြဲခံရၿပီးေနာက္ ဖုန္းဆိုင္မ်ားတြင္ Keypad ဖုန္း ဝယ္ယူသူမ်ား၏ အမည္ႏွင့္လိပ္စာမ်ားကို စာရင္းလုပ္ထားရန္ လိုက္လံအသိေပး

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ ေက်ာက္မဲၿမိဳ႕တြင္ ၂၀၂၁ခုႏွစ္ စက္တင္ဘာလ(၂၀)ရက္ေန႔ ညေနပိုင္းက Mytel တာဝါတိုင္(၂)တို

င္၏ စက္ခန္းမ်ား ေဖာက္ခြဲဖ်က္ဆီးခံရၿပီးေနာက္ ၿမိဳ႕တြင္း ဖုန္းအေရာင္းဆိုင္မ်ားတြင္ ခလုတ္ပါသည့္ဖုန္း ( Keypad Phone )ဝယ္ယူ

သူမ်ား၏ စာရင္းမ်ားကို စုံစမ္းေနၿပီး ထပ္တိုး ဝယ္ယူသူမ်ား၏ စာရင္းမ်ားကို ျပဳစုထားေပးရန္ အာဏာသိမ္းအဖြဲ႕၏ လက္ေအာက္ခံမ်ားက လိုက္လံ အသိေပးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဖုန္းခြဲမႈမ်ားကို ခလုတ္ပါသည့္ဖုန္းကို အသုံးျပဳၿပီး လုပ္ေဆာင္သည္ဟုဆိုကာ ေက်ာက္မဲၿမိဳ႕ရွိ ဖုန္းဆိုင္မ်ားတြင္ ခလုတ္ပါသည့္ ဖုန္း (

Keypad Phone ) ဝယ္ယူသူမ်ားရွိပါက အမည္၊ ေနရပ္လိပ္စာ ႏွင့္ ဆက္သြယ္ရန္ဖုန္း နံပါတ္မ်ား ေတာင္းယူထားရန္ ႏွင့္ ယခင္က ခလုတ္ပါ

သည့္ဖုန္း ( Keypad Phone )ေရာင္းခ်ထားခဲ့မႈ အေျခအေနမ်ားကိုလည္း စစ္ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္ေနၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕တြင္ စက္တင္ဘာ ( ၂၀ )ရက္ ညေနပိုင္းက Mytel တာဝါတိုင္ (၂)တိုင္၏ ဆက္သြယ္ေရးပုံးမ်ား ေဖါက္ခြဲဖ်က္ဆီးခံရၿပီးေနာက္

ညပိုင္းမ်ားတြင္ တက္ႂကြလူငယ္မ်ား ႏွင့္ ၅၀၅ -က ျဖင့္ အမႈဖြင့္ခံထားရသူမ်ား၏ ေနအိမ္မ်ားတြင္ ပစၥည္းမ်ား ရွာေဖြျခင္း

မ်ား လုပ္ေဆာင္သလို စက္တင္ဘာလ(၂၁)ရက္ေန႔တြင္လည္း ဖုန္းဆိုင္မ်ားသို႔ လိုက္လံအသိေပးမႈမ်ား လုပ္ေဆာင္သည္ဟု ေဒသခံမ်ားထံ က သိရသည္။