ၾကားသိသမွ်

စစ်သားအသစ်စုဆောင်းနိုင်မှု့ မရှိသဖြင့် စစ်မှု့ထမ်းဟောင်းများထဲမှ ပြန်လည်တာဝန် ထမ်းဆောင်နိုင်သူများကို စိစစ်နေ

စစ်သားအသစ်စုဆောင်းနိုင်မှု့ မရှိသဖြင့် စစ်မှု့ထမ်းဟောင်းများထဲမှ ပြန်လည်တာဝန် ထမ်းဆောင်နိုင်သူများကို စိစစ်နေ

အာဏာသိမ်းစစ်ကောင်စီက တပ်သားသစ် စုဆောင်းရန် အခက်အခဲများ ရှိနေသည့်အတွက် မြန်မာနိုင်ငံ အတွင်းရှိ စစ်မှု့ထမ်းဟောင်းများ

ထဲမှ တာဝန်ထမ်းဆောင်နိုင်သူများကို စိစစ်တင်ပြရန် တိုင်းနှင့်ပြည်နယ်အလိုက် လျှို့ဝှက်ညွှန်ကြားထားကြောင်း စစ်မှု့ထမ်းဟောင်း အဖွဲ့

ဝင်တချို့ထံမှ သိရသည်။

အထူးသဖြင်း ခြေပြတ်၊ လက်ပြတ်ကြောင့် အနားယူရသူများမပါ၊ လူသတ်မှု့လို ပြစ်မှု့ကြီးများ ကျူးလွန်သဖြင့် ထုတ်ပယ်ခံရသူများမပါပဲ

ကျန်သည့်စစ်မှု့ထမ်းဟောင်းများထဲမှ ကျန်းမာကြံခိုင်သူ စစ်မှု့ထမ်းဟောင်းများကို ဒေသအလိုက် စစ်မှု့ထမ်းဟောင်းအဖွဲ့မှ စိစစ်ရန် တိုင်း

စစ်ဒေသက ညွှန်ကြားထားကြောင်း မွန်ပြည် နယ် စစ်မှု့ထမ်းဟောင်း အဖွဲ့ဝင်တဦးက ပြောသည်။

“ကျနော်တို့ဆီမှာ စစ်မှု့ထမ်းဟောင်းတွေ အဖွဲ့ဝင်ထားတဲ့သူထဲက တာဝန်ထမ်းနိုင်မယ့်သူတွေ စာရင်းကောက်နေတယ်။ အထူးသဖြင့်

စစ်တပ်က လိုအပ်ရင် အချိန်မရွေး ပြန်တာဝန်ထမ်းပါ့မယ်ဆိုတဲ့ ၁၃(ဃ) နဲ့ထွက်တဲ့သူ ဘယ်သူတွေရှိလဲ၊ အသက်ဘယ်လောက်လဲဆိုတာ

ကအစ အကုန် စိစစ်ခိုင်းနေတယ်။ ကျန်တဲ့အထဲကလည်း အသက်ကြီးနေရင် တောင် ကျန်းမာနေရင် မြို့တွင်း လုံခြုံရေးမျိုး စောင့်ခိုင်းတာ

မျိုးပေါ့” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုရက်ပိုင်းအတွင်း တပ်နယ်အသီးငီးမှ ၎င်းတို့ တိုင်းနှင့်ပြည်နယ်အတွင်းရှိ စစ်မှု့ထမ်းဟောင်းများကို စည်း ရုံးရေးဆင်းခြင်း၊ ထောက်ပံ့

ပေးမှု့များ ဆက်တိုက်ပြုလုပ်နေသည်။.

ထို့အပြင် ပျူစောထီး အဖွဲ့ဝင်များကို စည်းရုံးရာတွင် စစ်မှု့ထမ်းဟောင်းများ ပါဝင်သလို တိုင်းနှင့်ပြည်နယ်အလိုက် ပျူစောထီး အဖွဲ့ဝင် စစ်

မှု့ထမ်းဟောင်း ၂၀ စီကို စစ်တပ်မှ လက်နက်တပ်ဆင်ပေးထားပြီး ဖြစ် ကြောင်း ပျူစောထီးဗဟိုက ပြီးခဲ့သည့်လက ဧရာဝတီတိုင်းမ်ကို

ပြောကြားထားသည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီဘက်မှ ပျူစောထီးအဖွဲ့ ဖွဲ့စည်းထားခြင်း မရှိသလို လက်နက်တပ်ဆင်ပေးထားခြင်းမရှိကြောင်း ယခုလ

လယ်ပိုင်းက ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများမှ ငြင်းဆိုထားသည်။

Zawgyi

စစ္သားအသစ္စုေဆာင္းနိုင္မႈ႔ မရွိသျဖင့္ စစ္မႈ႔ထမ္းေဟာင္းမ်ားထဲမွ ျပန္လည္တာဝန္ ထမ္းေဆာင္နိုင္သူမ်ားကို စိစစ္ေန

အာဏာသိမ္းစစ္ေကာင္စီက တပ္သားသစ္ စုေဆာင္းရန္ အခက္အခဲမ်ား ရွိေနသည့္အတြက္ ျမန္မာနိုင္ငံ အတြင္းရွိ စစ္မႈ႔ထမ္းေဟာ

င္းမ်ားထဲမွ တာဝန္ထမ္းေဆာင္နိုင္သူမ်ားကို စိစစ္တင္ျပရန္ တိုင္းႏွင့္ျပည္နယ္အလိုက္ လၽွို႔ဝွက္ညႊန္ၾကားထားေၾကာင္း စစ္မႈ႔ထ

မ္းေဟာင္း အဖြဲ႕ဝင္တခ်ိဳ႕ထံမွ သိရသည္။

အထူးသျဖင္း ေျချပတ္၊ လက္ျပတ္ေၾကာင့္ အနားယူရသူမ်ားမပါ၊ လူသတ္မႈ႔လို ျပစ္မႈ႔ႀကီးမ်ား က်ဴးလြန္သျဖင့္ ထုတ္ပယ္ခံရသူ

မ်ားမပါပဲ က်န္သည့္စစ္မႈ႔ထမ္းေဟာင္းမ်ားထဲမွ က်န္းမာႀကံခိုင္သူ စစ္မႈ႔ထမ္းေဟာင္းမ်ားကို ေဒသအလိုက္ စစ္မႈ႔ထမ္းေဟာ

င္းအဖြဲ႕မွ စိစစ္ရန္ တိုင္းစစ္ေဒသက ညႊန္ၾကားထားေၾကာင္း မြန္ျပည္ နယ္ စစ္မႈ႔ထမ္းေဟာင္း အဖြဲ႕ဝင္တဦးက ေျပာ

သည္။“က်ေနာ္တို႔ဆီမွာ စစ္မႈ႔ထမ္းေဟာင္းေတြ အဖြဲ႕ဝင္ထားတဲ့သူထဲက တာဝန္ထမ္းနိုင္မယ့္သူေတြ စာရင္းေကာက္ေနတယ္။

အထူးသျဖင့္ စစ္တပ္က လိုအပ္ရင္ အခ်ိန္မေရြး ျပန္တာဝန္ထမ္းပါ့မယ္ဆိုတဲ့ ၁၃(ဃ) နဲ႔ထြက္တဲ့သူ ဘယ္သူေတြရွိလဲ၊ အသက္ဘယ္ေလာက္လဲဆိုတာက

အစ အကုန္ စိစစ္ခိုင္းေနတယ္။ က်န္တဲ့အထဲကလည္း အသက္ႀကီးေနရင္ ေတာင္ က်န္းမာေနရင္ ၿမိဳ႕တြင္း လုံျခဳံေရးမ်ိဳး ေ

စာင့္ခိုင္းတာမ်ိဳးေပါ့” ဟု ၎က ဧရာဝတီတိုင္းမ္ကို ေျပာသည္။

ယခုရက္ပိုင္းအတြင္း တပ္နယ္အသီးငီးမွ ၎တို႔ တိုင္းႏွင့္ျပည္နယ္အတြင္းရွိ စစ္မႈ႔ထမ္းေဟာင္းမ်ားကို စည္း ႐ုံးေရးဆင္းျခင္း၊ ေထာက္ပံ့ေပးမႈ႔မ်ား ဆက္တိုက္ျပဳလုပ္ေနသည္။

ထို႔အျပင္ ပ်ဴေစာထီး အဖြဲ႕ဝင္မ်ားကို စည္း႐ုံးရာတြင္ စစ္မႈ႔ထမ္းေဟာင္းမ်ား ပါဝင္သလို တိုင္းႏွင့္ျပည္နယ္အလိုက္ ပ်ဴေစာထီး အ

ဖြဲ႕ဝင္ စစ္မႈ႔ထမ္းေဟာင္း ၂၀ စီကို စစ္တပ္မွ လက္နက္တပ္ဆင္ေပးထားၿပီး ျဖစ္ ေၾကာင္း ပ်ဴေစာထီးဗဟိုက ၿပီးခဲ့သည့္လက ဧရာဝတီတိုင္းမ္ကို ေျပာၾကားထားသည္။

သို႔ေသာ္ အာဏာသိမ္းစစ္ေကာင္စီဘက္မွ ပ်ဴေစာထီးအဖြဲ႕ ဖြဲ႕စည္းထားျခင္း မရွိသလို လက္နက္တပ္ဆင္ေပးထားျခင္းမရွိေၾကာင္း ယခုလလယ္ပိုင္းက ၎တို႔၏ ဝါဒျဖန႔္ မီဒီယာမ်ားမွ ျငင္းဆိုထားသည္။…