ၾကားသိသမွ်

ကိုဝင်းကိုဦး (စက်ခေါင်းမောင်း-၃ မန္တလေး) ရဲ့ ရုပ်သံ မှတ်တမ်းလေးပါ အကို ကောင်းရာသုဂတိလားပါစေ😭.မြန်မာ့မီးရထားမှာ လူတော်တစ်ယောက် ဆုံးရှုံးလိုက်ရပြန်ပြီ….တချို့အရာတွေကအစားထိုးလို့မရနိုင်ပါဘူး

မြန်မာ့မီးရထားမှာ လူတော်တစ်ယောက် ဆုံးရှုံးလိုက်ရပြန်ပြီ….တချို့အရာတွေကအစားထိုးလို့မရနိုင်ပါဘူး

အကို ကောင်းရာသုဂတိလားပါစေ😭….အမေပြန်လာမှ ရထားမောင်းမယ်ဆိုတဲ့ အကို….

ကျနော်နဲ့နောက်ဆုံး ဖုန်းပြောခဲ့တုန်းက

“အကိုက ငါ့ညီမို့ပြောတာ အကို က အမေပြန်မလွတ်မချင်း နခမ်းမွှေး မုန့်ဆိတ်တောင် မရိတ်ဘူးဆိုပြီး”ပြောတဲ့တိုင်း နေခဲ့တဲ့ အကို….

မြန်မာ့မီးရထားမှာ လူတော်တစ်ယောက် ဆုံးရှုံးလိုက်ရပြန်ပြီ….တချို့အရာတွေကအစားထိုးလို့မရနိုင်ပါဘူးသေနတ်ကိုင်မှ

တိုက်ပွဲဝင်တယ် ခေါ်ကြတာလားကိုယ့်ဘဝတွေ ရာထူးတွေ အလုပ်တွေစွန့်ခဲ့တဲ့သူတွေကျတော့ရော တိုက်ပွဲမှာမပါဘူးလား…

ဘာတဲ့ မင်းတို့ ဝင်တိုက်ပါတဲ့လား….နောက်ဆုံးနှုတ်ဆတ်ချိန်မှန်း မသိခဲ့ဘူးအကိုရာ..

မှတ်မိတဲ့ နောက်ဆုံး လက်ဖက်ရည်ဆိုင်တူတူထိုင်ကြတုန်းက ဆုံးမနေတာတွေ မှာနေတာတွေက…

အခုလိုထွက်သွားမှာ မို့လားဗျာ….တိုင်းပြည်အတွက် ဘဝတွေရင်းပြီးစွန့်ပြိးတော့ရိုးသားစွာရှာဖွေစားနေတဲ့ CDMသူရဲကောင်းကြီးရဲ့

အသက်ဟာ ဆိုင်ကယ်တစ်စီးနဲ့ဖုန်းတစ်လုံးရဖို့ရိုက်နှက်လုယက် ကြတာတဲ့လားဗျာ😭…

ကျနော်တို့မှာ အရင်းအနှီးတွေအရမ်းများနေရသလို…ဒီကာလမှာ သေဆုံးသွားတဲ့ CDMညီကိုတွေများလွန်းလို့

RIPဆိုတဲ့အသံတောင် မကြားချင်တော့ပါဘူး😭နောက်ဆုံးတွေ့ဆုံပြီးနောက်ဆုံးဖုန်းပြောခဲ့တာတွေက

အမှတ်တရတွေချန်ခဲ့တာလားအကိုရာ……အမေပြန်လာတဲ့ တနေ့ကျ အကိုရထားပြန်မောင်းမယ်ဆိုဗျာ ….အခုတော့ဗျာ…..

မြန်မာ့မီးရထားမှာ လူတော်ဆုံးရှုံးလိုက်ရပြီ….ပြန်မရနိုင်တော့တ‌ဲ့ ဆုံးရှုံးနစ်နာမှုတွေဗျာ…ကောင်းရာရောက္ပါစေ အကို….

ကျနော်လည်း ဂတိပေးတယ်အကို….

#ကျနော်ပါတဲ့ရထားလည်းဘယ်တော့မှမထွက်စေရဘူး

၁၉/၉/၂၀၂၁
ခရက်ဒစ်-

Zawgyi

















၁၉/၉/၂၀၂၁
ခရက်ဒစ်-