ၾကားသိသမွ်

ညအချိန်မတော် နိုက်ကလပ်မှ ပြန်လာတဲ့ ဒု-ဗိုလ်မှူးကြီးသမီးအားအကြမ်းဖက်စစ်ကောင်စီတပ်မှ သေနတ်ဖြင့် မှားယွင်းပစ်ခတ်

ညအချိန်မတော် နိုက်ကလပ်မှ ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဒု-ဗိုလ်မှူးကြီး ကိုကို၏ သမီးဖြစ်သူ လမင်းစန္ဒာအား အကြမ်းဖက်

စစ်ကောင်စီတပ်မှ သေနတ်ဖြင့် မှားယွင်းပစ်ခတ်မိ၍ သေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ် ဒု-ဗိုလ်မှူးကြီး၏ သမီး (၁) ဦးအား ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက် ညအချိန်တွင် အကြမ်းဖက်စစ်

ကောင်စီတပ်မှ သေနတ်ဖြင့် အသေပစ်သတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၁၈) ရက် ညအချိန်၌ အကြမ်းဖက်စစ်ကောင်စီတပ် ဒု-ဗိုလ်မှူးကြီး ကိုကို၏ သမီးဖြစ်သူ လမင်းစန္ဒာ နိုက်

ကလပ်မှ ပြန်လာချိန် အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့မှ ကားတားရာ ရပ်မပေးသဖြင့် သေနတ်နှင့် ပစ်သတ်လိုက်ခြင်း

ဖြစ်ကြောင်း နီးစပ်သူများမှ ၎င်းတို့လူမှုကွန်ယက်ပေါ်တွင် ရေးသားဖေါ်ပြထားသည်။

ယင်းသေဆုံးသူ အကြမ်းဖက်စစ်ကောင်စီသမီး လမင်းစန္ဒာမှာ ရန်ကုန်မြို့ရှိ ရန်ကင်းကိုဗစ်စင်တာတွင် တာဝန်ထမ်းဆောင်နေတဲ့

စေတနာ့ဝန်ထမ်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်အား အမာခံထောက်ခံနေသူဖြစ်ကြောင်းလည်း သိရသည်။

Zawgyi








