ၾကားသိသမွ်

မြန်မာ့သံတမန်ရေးသင်္ချိုင်းမှာ ကျဆုံးတော့မယ့် နောက်ထပ်အထူးသံတမန်တဦး

လူသားချင်းစာနာမှုအကူအညီမှသည် စစ်အုပ်စုမှ အဖိုး ကြီးများနှင့် ၎င်းတို့၏ ဒီမိုကရက်တစ်အတိုက်အခံများ အထူးသဖြင့် ယခုဖြုတ်ချဖမ်းဆီးခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြား ပြန်လည်သင့်မြတ်ရေးအထိ ကုလသမဂ္ဂ၏ ကျဆုံးမှုများအတွက် ယခင်စစ်အုပ်စုများခေတ်က မြန်မာနိုင်ငံသည် သံတမန်ရေး သ င်္ချိုင်းအဖြစ်ကျော်ကြားသည်။

ထိုသို့ အမည်ဆိုးကျော် ကြားမှုသည် နိုင်ငံတွင် ဆက်လက်ရှိနေပြီး ဖေဖေါ်ဝါရီလမှ စတင်သည့် စစ်အုပ်ချုပ်ရေး အောက်တွင် တခေတ်ဆန်းလာသည်။ မစ္စ ခရစ္စတင်းရှရနာဘာဂနာကိုမေးကြည့်လျှင် ပိုမိုရှင်းလင်းစွာ သိရမည် ဖြစ်သည်။

၂၀၁၈ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်ဖြစ် လာသော အသက် ၅၈ နှစ်အရွယ် ခရစ္စတင်းရှရနာဘာဂနာသည် ထိုသံတမန်ရေးသင်္ချိုင်းသို့စေလွှတ်ခံရသည့် နောက်ဆုံးအထူးသံတမန် ဖြစ်ကြောင်း ပြီးခဲ့သည့်အပ တ် အင်္ဂါနေ့တွင် ဝန်ခံလိုက်ပြီး

မြန်မာပြည်သူများအကျိုးအတွက် အားလုံးပါဝင်သော တွေ့ဆုံ ဆွေးနွေးရေးပေါ်ပေါက်စေရန် သူမ၏ အားထုတ်မှုများကို စစ်အုပ်စုက မကြိုဆိုကြောင်း တွစ်တာတွင် ရေးသားလိုက်သည်။

အာဏာသိမ်းနောက် ပေါ်ပေါက်လာသော နိုင်ငံ ရေး လူမှုရေး ဖရိုဖရဲအခြေအနေများကို ဖြေရှင်းရေး တွေ့ဆုံဆွေးနွေးရန် နေပြည်တော်မှ အာဏာသိမ်းခေါ င်းဆောင်များကို ဖျောင်းဖျမှု အာဏာသိမ်းပြီး လပေါင်းများစွာ ကြိုးစားအားထုတ်ရာ မအောင်မြင်ကြောင်း သူဝန်ခံသည်။ သူ၏ ရာထူးသက်တမ်းသည် မကြာမီကုန်ဆုံးတော့မည်ဖြစ်သည်။

“အကြမ်းဖက်နည်းလမ်းက လွဲလို့ အခြားရွေးစရာ မရှိတော့ဘူးလို့ အခြားပါဝင်ပတ်သက်သူတွေ မခံစားရအောင် လုပ်နိုင်တဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေး အထင် အရှား ဆန္ဒကင်းမဲ့နေတာကို ကျမစိတ်မကောင်းဖြစ်ရတယ်” ဟုလည်း အဆိုပါ ဆွစ်သံတမန်က ဆက်လက်ရေးသားသည်။

သူ ထိုသို့ စိတ်မကောင်းဖြစ်သည်မှာ မှန်သည်။ အထူးသဖြင့် နေပြည်တော်မှ စစ်ကောင်စီ ဒုအကြီးအကဲနှင့် ဖုန်းဖြင့်အကြိမ်ကြိမ် ရှည်ရှည်လျှားလျှားဆွေးနွေးသော်လည်း မည်သည့်ရလဒ်မျှ ထွက်မလာသောကြောင့် ထိုသို့ ဝမ်းနည်းရခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲများအတွင်း ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီ ဒုခေါင်းဆောင်ကို သူ တိုက်တွန်းခဲ့သည်။

သူ၏ အားထုတ်မှုများအတွက် နောက်ထပ်ထိုးနှက် ချက်တခုမှာ စင်ပြိုင်အစိုးရဖြစ်သော အမျိုးသား ညီ ညွတ်ရေး အစိုးရ NUG က စစ်ကောင်စီကို ပုန်ကန်ကြောင်း မကြာမီက ကြေညာလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဖြုတ်ချခံ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ တိုင်းရင်း သားမဟာမိတ်များဖြင့် အဓိကဖွဲ့စည်းထားသည့် NUG က အခြားရက်စက် ကြမ်းကြုတ်မှုများအပြင် အငြင်းပွားဖွယ် သတ်ဖြတ်ဖမ်းဆီးမှုများ ရပ်တန့်ရန်နှင့် အာဏာသိမ်းရယူထားသည့် နိုင်ငံရေးအာဏာကို NLD သို့ပြန်ပေးရန်

သံတမန်ရေး အားထုတ်မှုများ မအောင်မြ င်သောကြောင့် လက်နက်ကိုင်ခုခံရန်မှအပ အခြားနည်းလမ်းမရှိတော့ကြောင်း ပြောသည်။

NUG ၏ လက်နက်ကိုင်ပုန်ကန်ရန် တောင်းဆိုခြင်းကို မြန်မာပြည်သူအများစုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်ကို သိလိုက်ရသောအခါ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ အဖြေရှာရေးကို ထောက်ခံအားပေးသော သူတဦးအတွက် ထိုထက် ပိုမိုစိတ်ထိခိုက်စရာ မည်သည့်အရာမျှ မရှိတော့ပေ။

အကြမ်းဖက်နည်းလမ်းက လွဲလို့ အခြားရွေးစရာ မရှိတော့ဘူးလို့ အခြားပါဝင်ပတ်သက်သူတွေ မခံစားရအောင် လုပ်နိုင်တဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေး အထင် အရှား ဆန္ဒကင်းမဲ့နေတာကို ကျမစိတ်မကောင်းဖြစ်ရတယ် မြန်မာပြည်သူများတွင် NUG ၏ကြေညာချက်ကို ထောက်ခံရန် ခိုင်လုံသောအကြောင်းရင်း ရှိသည်။

သူမ၏ မအောင်မြင်သော မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းတာဝန်များအကြောင်း တွစ်တာတွင် အင်္ဂါနေ့က သူတောင်းပန်ရေးသား နေချိန်တွင် လူပေါင်း ၁၀၈၉ ဦးကို စစ်ကောင်စီက ဖေဖေါ်ဝါရီလနောက်ပိုင်းတွင် သတ်ဖြတ်ထားပြီးဖြစ်သည်။

အခြားလူပေါင်း ၆၄၇၇ ဦးကိုလည်း ဖမ်းဆီးထားသည်။ ၁၉၆၂၊ ၁၉၈၈ နှင့် ယခု ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုများနောက်ပိုင်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ကိုယ်တိုင်တွေ့ကြုံသော မြန်မာပြည်သူအများအပြားသည် နိုင်ငံတကာ အသိုက်အဝန်းက လိုလားသည့် အကြမ်းမဖက်သည့် သို့မဟုတ် ငြိမ်းချမ်းသော နည်းလမ်းများကို သံသယရှိကြသည်။

ထိုနည်းလမ်း များသည် မြန်မာနိုင်ငံတွင် အာဏာလုယူထားသည့် ကြမ်းတမ်းရိုင်းစိုင်းသော စစ်သားများကို လိမ္မာယဉ်ပါးအောင် လုပ်ရာတွင် ထိရောက်မှု မရှိကြောင်း သမိုင်းက သက်သေပြပြီးဖြစ်သောကြောင့် ထိုသို့သံသယရှိကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အနေ ဖြင့် ရှရနာ ဘာဂနာသည် စစ်ကောငးစီ နံပါတ် ၂ ခေါင်းဆောင်နှင့် အာဏာသိမ်းပြီး ၃ ရက်အကြာတွင် ဆွေးနွေးသည်။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုသို့ ဆွေးနွေးစဉ် သူမက ကမ္ဘာ့နိုင်ငံများနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စစ်ကောင်စီကို အကြီးအကျ ယ် အရေးယူမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံဖြစ်သွားမည်ဖြစ်ကြောင်း သတိပေးသည်။

စစ်ကောင်စီ ဒုခေါင်းဆောင်ကမူ “ အရေးယူပိတ်ဆို့တာတွေကို ကျနော်တို့က ကျင့်သားရနေပြီ။ အရင်က အဲဒီလို အရေးယူပိတ်ဆို့တာတွေကို ကျနော်တို့ကျော်လွှားနိုင်တယ်။ မိတ်ဆွေအနည်းအကျဉ်းနဲ့ဆက်လျှောက်ဖို့ လေ့လာရမှာပေါ့”ဟု ပြောကြောင်း မတ်လက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် အထူးသံတမန် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေး ငြိမ်းချမ်းစွာ အဖြေရှာရန် သူမ၏ အားထုတ်မှုများတွင် ရှရနာ ဘာဂနာသည် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုက ထိုစိတ်ကူးကို လွန်စွာ အပြုသ ဘောမြင်သော်လည်း NUG အဖွဲ့ဝင်များက ဆွေးနွေးပွဲ မစတင်မီ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ လိုသည်ဟု မြင်ကြောင်း သူပြောသည်။

သူမက သူမ၏ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ စိတ်ကူးကို စစ်ကောင်စီ ဒုခေါင်းဆောင်နှင် ဇူလိုင်လ ဆွေးနွေးပွဲတွင်ပြောကြားသောအခါ “ကျမ ဘာအဖြေမှ မရတော့ဘူး၊ လက်ခံ မခံ ပြန်မပြောတော့ဘူး” ဟု သြဂုတ်လက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထော က်များကို သူပြောသည်။

စစ်ကောင်စီ၏ ပြင်းထန်သောဝေဖန်မှုများ ရှိသော် လည်း ဆန္ဒပြသူများကို ဖြိုခွဲခြင်းအား ရှုတ်ချသည့် ကိစ္စမှလွဲ၍ စစ်ကောင်စီအား ပြင်းထန်စွာဝေဖန်ခြင်းမှ သူ ရှောင်ရှားသည်။

သူ မြန်မာနိုင်ငံသို့ လာရောက်ရေးတောင်းဆိုမှုကို စစ်ကောင်စီက ပယ်ချသောအခါ စစ်ကောင်စီသည် သူမကို စကားပြောလိုခြင်း မရှိဟု သူ မယူဆပေ။“မြန်မာနိုင်ငံထဲမှာ ကျမရှိနေရင် မြေပြင်က လူတွေ အားတက်ကုန်မှာ စိုးလို့၊ ဒါကို စစ်တပ်က မတွေ့ချင်လို့ လို့ပဲ ယူဆပါတယ်” ဟု စစ်ကောင်စီ၏ တွေး ခေါ်ပုံကို သိနေသကဲ့သို့ သူပြောသည်။

ထိုလများအတွ င်း စစ်ကောင်စီ ဒုခေါင်းဆောင်နှင့် ဆွေးနွေးပွဲများကြောင့် ထိုသို့ စဉ်းစားလာခြင်းဖြစ်နိုင်သည်။ ဆွေးနွေးပွဲများက စစ်ကောင်စီတွင် ဒုတိယ သြဇာအကြီးမားဆုံး လူနှင့်ပတ်သက်ပြီး တစုံတရာသော သဘောထား ချန်ထားခဲ့မည် ဖြစ်သောကြောင့် သူသည် အလယ်အလတ်သဘောထား ရှိသူလား၊ တင်းမာသူလား ဆိုသည်ကို သိရလျှင် စိတ်ဝင်စားစရာ ကောင်းမည်ဖြစ်သည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ကိုယ်တိုင်တွေ့ကြုံသော မြန်မာပြည်သူအများအပြားသည် နိုင်ငံ တကာက လိုလားသည့် အကြမ်းမဖက်သည့် သို့မဟုတ် ငြိမ်းချမ်းသော နည်းလမ်းများကို သံသယရှိကြသည်။

အင်္ဂါနေ့က တွစ်တာပေါ် ရေးသားချက်တွင်မူ ရှရနာဘာဂနာက စစ်ကောင်စီသည် နိုင်ငံအကျပ်အတည်းကို တွေ့ ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရေး ဆန္ဒ အထ င်အရှားကင်းမဲ့သည် ဆိုသည့်အမြင်ကို လူသိ ရှင်ကြား ဖေါ်ပြခဲ့သည်။

သို့သော် ထိုမတိုင်မီကပင် မကော င်းသော အတိတ်နိမိတ်များကို သူတွေ့မြင်ခဲ့ပြီးဖြစ်ရမည်။ သြဂုတ်လတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်လိုက်သောအခါ သူသ ည် သူ၏အာဏာကို ပိုမိုခိုင်မာအောင် ကြိုးစားနေခြင်းဖြစ်ကြောင်း ရှရနာ ဘာဂနာပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရသည့် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်သောကြောင့် ရှရနာဘာဂနာက NLD ကို မကြာမီ ဖျက်သိမ်းမည်ကို စိုးရိမ်ကြောင်းလည်း ပြောသည်။

စစ်အုပ်စုသည် တွေ့ဆုံဆွေးနွေးရေး သို့မဟုတ် ရန်သူနှင့် အပေးအယူလုပ်ရေးကို စိတ်မဝင်စားဘဲ အာဏာချုပ်ကိုင်ရေးကိုသာ စိတ်ဝင်စားသောကြောင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုများသည် ကနဦးကပင် ကျဆုံးနေကြောင်း မြန်မာနိုင်ငံအကြောင်း ဆယ်စုနှစ်များစွာရေးသားခဲ့သော ဆွီဒင်သတင်းစာဆရာကြီး ဘာတေး လစ်တနာပြောသည်။“ဒါကြောင့် မြန်မာပြည်သူတွေက စစ်ကောင်စီကို လက်နက်ကိုင်ပုန်ကန်တာ လုံးဝ အံ့သြစရာ မဟုတ်ဘူး” ဟု သူပြောသည်။

ASEAN က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦး ခန့်အပ်လိုက်သောအခါ စစ်ကောင်စီက သဘောတူသောကြောင့် အားလုံးပါဝင်သော ဆွေးနွေးပွဲဖြစ်လာမည်ဟု လွန်ခဲ့သောလအထိပင် ရှရနာဘာဂနာ မျှော် လင့်နေခဲ့သည်။ ASEAN အထူးသံတမန်က မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည်။

သို့သော် NUG က စစ်ကြေညာခြင်းနှင့် စစ်ကောင်စီက အရပ် သားများကို ဆက်လက်တိုက်ခိုက်နေခြင်းကြောင့် အာရီဝန်ယူဆွတ်၏ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုသည် အရာမရောက်ပေ။ရှရနာဘာဂနာက စစ်ကောင်စီသည် နိုင်ငံအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်း ချမ်းစွာဖြေရှင်းရေး ဆန္ဒ အထင်အရှားကင်းမဲ့သည် ဆိုသည့်အမြင်ကို လူသိရှင်ကြား ဖေါ်ပြခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်များ၏ စစ်မှန်သော သဘောသဘာဝကို သိရှိနားလည်ရန် ရှရနာဘာဂနာအတွက် အချိန် ၇ လနီးပါး လိုခဲ့သည်။ ထိုသို့ နားလည်လာချိန်တွင် ရှာရနာဘာဂနာသည် သူမကိုယ်သူမ သံတမန်ရေး သင်္ချိုင်းအတွင်း ရောက်နေကြောင်း သိလိုက်ရသည်။

“နေပြည် တော်က ဗိုလ်ချုပ်တွေအတွက် သင့်အချိန်ကို မည်သည့်အခါမျှ မဖြုန်းနှင့်” ဟူသောစာတန်းသည် သံတမန်ရေးသင်္ချိုင်းမှ သူမ၏ အုတ်ဂူတွင် ရေးထိုးရမည့် အကောင်းဆုံး စာတန်းဖြစ်မည်။ ယူဆွတ်သည်လည်း မကြာမီ သူမ၏ အိမ်နီးချင်း ဖြစ်လာတော့မည်ဖြစ်သည်။