ကသာမြို့နယ်တွင် KIA ၊ ကသာ PDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ၄၀ ဦးသေဆုံးဟု NUG ထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးဒါတိုက်နယ်တွင် ယနေ့ နေလည် PDF-Katha ၊KIA ပူပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ
ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူ ၄၀ ဦးခန့် ရှိကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရက မြေပြင်သတင်းပေးပို့
ချက်များကို ကိုးကား၍ ယနေ့ သတင်း ထုတ်ပြန်ထားသည်။
လတ်တလော မကွေးလေတပ်စခန်းမှ တိုက်လေယာဉ် ၅ စင်းထက်မနည်း ယခုည ၉ နာရီကျော်တွင် ပျံသန်း ထွက်ခွာကြောင်း ဒေသခံ
များ၏ သတင်းပေးပို့ချက်များရရှိထားရာ အဆိုပါ စစ်လေယာဉ်များသည် အကျအဆုံးများနေသည့် ကသာဘက်သို့ ဦးတည် ထွက်ခွာ
တိုက်ခိုက်နိုင်သည်ဟု ဒေသခံတချို့ သုံးသပ်ပြောဆိုကြသည်။
Zawgyi
ကသာၿမိဳ႕နယ္တြင္ KIA ၊ ကသာ PDF ႏွင့္ စစ္ေကာင္စီတပ္မ်ားအၾကား တိုက္ပြဲျဖစ္၊ စစ္ေကာင္စီဘက္မွ ၄၀ ဦးေသဆုံးဟု NUG ထုတ္ျပန္
ရန္ကုန္၊ စက္တင္ဘာ ၂၀
စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္ မိုးဒါတိုက္နယ္တြင္ ယေန႔ ေနလည္ PDF-Katha ၊KIA ပူေပါင္းတပ္တို႔ႏွင့္ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲ
ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္မွ ထိခိုက္ေသဆုံးသူ ၄၀ ဦးခန္႔ ရွိေၾကာင္း NUG အမ်ိဳးသားညီညြတ္ေရးအစိုးရက ေျမျပင္သတ
င္းေပးပို႔ခ်က္မ်ားကို ကိုးကား၍ ယေန႔ သတင္း ထုတ္ျပန္ထားသည္။
လတ္တေလာ မေကြးေလတပ္စခန္းမွ တိုက္ေလယာဥ္ ၅ စင္းထက္မနည္း ယခုည ၉ နာရီေက်ာ္တြင္ ပ်ံသန္း ထြက္ခြာေၾကာင္း ေ
ဒသခံမ်ား၏ သတင္းေပးပို႔ခ်က္မ်ားရရွိထားရာ အဆိုပါ စစ္ေလယာဥ္မ်ားသည္ အက်အဆုံးမ်ားေနသည့္ ကသာဘက္သို႔ ဦးတည္ ထြက္
ခြာ တိုက္ခိုက္နိုင္သည္ဟု ေဒသခံတခ်ိဳ႕ သုံးသပ္ေျပာဆိုၾကသည္။