ၾကားသိသမွ်

KNU တပ်မဟာ ၁ ထံ လာရောက်ပူးပေါင်းသောအကြမ်းဖက်စစ်ကောင်စီ၏ လေးကေစခန်းမှ တပ်သား ၂ ဦး

အကြမ်းဖက်စစ်ကောင်စီ၏ လေးကေစခန်းမှ တပ်သား ၂ ဦး KNU တပ်မဟာ ၁ ထံ လာရောက်ပူးပေါင်း

ရန်ကုန်၊ စက်တင်ဘာ ၂၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာတွင် စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၂ ဦးသည် ကရင်

အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ထံ လာရောက်ပူးပေါင်းကာ CDM ပြုလုပ်ကြောင်း KNU တပ်မဟာ ၁ ထံမှ သတင်းရရှိသည်။

” လေးကေစခန်းက တပ်သား ၂ ယောက်၊ ရန်နောင်ဝင်း ၂၈ နှစ် နဲ့ ဇင်လင်းရန် ၂၁ နှစ် KNU တပ်မဟာ ၁ ဆီ လာပူးပေါင်းတယ်၊ လက်နက်

တော့ မပါဘူး” ဟု KNU တပ်မဟာ ၁ သတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၀၆ တပ်ရင်းမှ တပ်ရင်းမှူး ကျော်ကျော်လတ်ဦးဆောင်သော

အင်အား ၂၅ ဦး နှင့် လက်အောက်ခံ BGF ၁၀၁၄ တပ်ရင်းမှ တပ်ခွဲမှူးကျော်လဲ ဦးဆောင်သော အင်အား ၇၀၊ ပေါင်း ၉၅ ဦး တပ်စွဲထား

ကြောင်း KNU တပ်မဟာ ၁ မှ သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KNU တပ်မဟာ ၁ ထံ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီ တပ်သား ၂ ဦး

Zawgyi

အၾကမ္းဖက္စစ္ေကာင္စီ၏ ေလးေကစခန္းမွ တပ္သား ၂ ဦး KNU တပ္မဟာ ၁ ထံ လာေရာက္ပူးေပါင္း
ရန္ကုန္၊ စက္တင္ဘာ ၂၀

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ ေလးေကေက်းရြာတြင္ စခန္းခ်တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ တပ္သား ၂ ဦးသည္

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၁ ထံ လာေရာက္ပူးေပါင္းကာ CDM ျပဳလုပ္ေၾကာင္း KNU တပ္မဟာ ၁ ထံမွ သတ

င္းရရွိသည္။” ေလးေကစခန္းက တပ္သား ၂ ေယာက္၊ ရန္ေနာင္ဝင္း ၂၈ ႏွစ္ နဲ႔ ဇင္လင္းရန္ ၂၁ ႏွစ္ KNU တပ္မဟာ ၁ ဆီ လာ

ပူးေပါင္းတယ္၊ လက္နက္ေတာ့ မပါဘူး” ဟု KNU တပ္မဟာ ၁ သတင္းရင္းျမစ္မွ ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာသည္။

ဘီးလင္းၿမိဳ႕နယ္၊ ေလးေကေက်းရြာတြင္ အၾကမ္းဖက္စစ္ေကာင္စီ ခမရ ၄၀၆ တပ္ရင္းမွ တပ္ရင္းမႉး ေက်ာ္ေက်ာ္လတ္ဦးေ

ဆာင္ေသာ အင္အား ၂၅ ဦး ႏွင့္ လက္ေအာက္ခံ BGF ၁၀၁၄ တပ္ရင္းမွ တပ္ခြဲမႉးေက်ာ္လဲ ဦးေဆာင္ေသာ အင္အား ၇၀၊ ေပါင္း ၉၅

ဦး တပ္စြဲထားေၾကာင္း KNU တပ္မဟာ ၁ မွ သတင္းထုတ္ျပန္ထားသည္။