ၾကားသိသမွ်

ဂျာမနီရုပ်ရှင်ပွဲတော်က ပေးတဲ့ သရုပ်ဆောင် ထူးချွန်ဆုအတွက် သရုပ်ဆောင်အိန္ဒြာကျော်ဇင် ရွေးချယ်ခံရ

စက်တင်ဘာလ ၁၅ရက်နေ့ကနေ့ ၁၉ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ဂျာမနီနိုင်ငံ Oldenburg International Film Festival (အိုဒင်

ဘက်ဂ် အင်တာနက်ရှင်နယ် ဖင်လ် ဖက်စတေဗယ်) ရုပ်ရှင်ပွဲတော်မှာ မြန်မာသရုပ်ဆောင် အိန္ဒြာကျော်ဇင်က (Seymour Cassel Award

for Outstanding Performance) သရုပ်ဆောင်ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။

မြန်မာသရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ What happened to the wolf ကိုပြသခဲ့တာဖြစ်ပြီး သူတို့

နှစ်ဦးစလုံးဟာ ရုပ်ရှင်ပွဲတော်ရဲ့ (Seymour Cassel Award for Outstanding Performance) သရုပ်ဆောင်ထူးချွန်ဆုတစ်ခုအတွက်

ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တာပါ။

“သရုပ်ဆောင်ဆိုတာ တန်ပြန်သရုပ်ဆောင်ခြင်းပါပဲ။ ဒါကြောင့် ဒီပိတ်ကားပေါ်က နှစ်ယောက်ရဲ့ Performances ကိုခွဲခြားဖို့ မဖြစ်နိုင်

လောက်တဲ့ထိပါပဲ။ ဒီအဓိက သရုပ်ဆာင် နှစ်ယောက်ဟာ ကျွန်မတို့ (ကြည့်ရှုသူ ပရိသတ်) ကို ရှုပ်ထွေးဆန်းပြားလှတဲ့ ဘဝရဲ့ ဖြစ်တည်ခြင်း

ဆီကို ခရီးတစ်ခု အဖြစ် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။

ဏကြီးရဲ့ “what happened to the wolf?” ပါဝင်တဲ့ အဓိက သရုပ်ဆောင်နှစ် ယောက်စလုံးဟာ မြန်မာနိုင်ငံမှ အကယ်ဒမီ ဆုရှင်တွေဖြစ်

ပြီး ကျွန်မတို့(ကြည့်ရှုသူ ပရိတ်) ကို မှင်သက်ငေးမော၊ အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ နှစ်ယောက်၊ ကံကြမ္မာက တစ်ခု

တည်း။တစ်ယောက်က မထီတရီ၊ တစ်ယောက်က ရှေးဆန်းဆန်းနဲ့ ချည်းကပ်ကြရာမှာ ပါးနပ်မှု၊ ရိုးရှင်းမှု၊ အနုပညာစံပြည့်ဝမှုတို့နဲ့

သရုပ်ဆောင်ထားပြီး အခြားလူတွေကိုပါ သူတို့ရဲ့လွတ်လပ်မှုအရသာကို ခံစားစေနိုင်စွမ်းပေးခဲ့ပါတယ်။

ကျမတို့ဟာ ဒီသရုပ်ဆောင်ရဲ့ရိုးရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိူးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့

အနေနဲ့ 2021 Seymour Cassel Award for Outsanding Performance ကို ဏကြီးရဲ့ “what happened to the wolf?” ရုပ်ရှင်မှ အိ

န္ဒြာကျော်ဇင်အား ချီးမြှင့်လိုက်ပါတယ်။”လို့ Advisory Board Jury Member, and Award-winning actress, Deborah Kara Unger

(Crash, The Game) က ကြေညာချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။