ၾကားသိသမွ်

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့တွင် ညပိုင်းအဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်နေ(ရုပ်သံ)

ကျောက်မဲမြို့တွင် ညပိုင်းအဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ညပိုင်းကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်စမ်းငေါင်း ချောင်းတလျှောက်မှာရှိတဲ့

လူနေရပ်ကွက်များ နဲ့ အနိမ့်ပိုင်းကျတဲ့ ရပ်ကွက်များမှာ ၂၀၂၁ စက်တင်ဘာလ (၂၀)ရက် နံနက်ပိုင်းကစပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေတာ

ကို တွေ့ရပါတယ်။

ညပိုင်းစပြီး ရွာလိုက်တဲ့ မိုးဟာ နံနက်အစောပိုင်းထိ ရွာတာဖြစ်တဲ့အတွက်ကြောင့် ကျောက်မဲမြို့လယ်ခေါင်ကနေ ဖြတ်သန်းသွားတဲ့ နမ့်

စမ်းငေါင်းချောင်းနံဘေးတလျှောက်က အမှတ်( ၆ )ရပ်ကွက်နဲ့ အမှတ်( ၈)ရပ်ကွက် တလျှောက်မှာ ချောင်းရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး အ

ရင်က ရေမဝင်ခဲ့ဘူးတဲ့ လူနေအိမ်များအထဲထိပါ ချောင်းရေ ဝင်ရောက်မှု ဖြစ်ပေါ်နေပါတယ်။

အနိမ့်ပိုင်းမှာရှိတဲ့ အချို့နေအိမ်များမှာတော့ ဒူးဆစ်အထိ ရေဝင်ရောက်နေပြီး အရင်က မိုးရွာသွန်းတိုင်းရေကြီးရေလျှံဖြစ်တတ်တဲ့ ကြံ့ခိုင်

ရေးကားဝန်းတစ်ဝိုက်မှာလည်း အစဉ်အလာမပျက် ရေကြီး ရေလျှံဖြစ်နေပါတယ်။

လက်ရှိမှာတော့ မိုးတိတ်သွားပြီဖြစ်ပေမဲ့လည်း ချောင်းရေမကျသေးတဲ့အတွက် နေအိမ်များအတွင်း ဝင်ရောက် နေတဲ့ ရေများလဲ ပြန်မ

ထွက်သွားသေးတာကြောင့် ချက်ပြုတ်စားသောက်ရန် အဆင်မပြေဖြစ်နေကြဆဲလို့ သိရပါတယ်.Source; တာချီလိတ်NEws

Zawgyi


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ညပိုင်းကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်စမ်းငေါင်းေ

ချာင်းတလျှောက်မှာရှိတဲ့ လူနေရပ်ကွက်များ နဲ့ အနိမ့်ပိုင်းကျတဲ့ ရပ်ကွက်များမှာ ၂၀၂၁ စက်တင်ဘာလ (၂၀)ရက် နံနက်ပိုင်းကစပြီး ရြေ

ကီးရေလျှံမှု ဖြစ်ပွားနေတာကို တွေ့ရပါတယ်။


နမ့်စမ်းငေါင်းချောင်းနံဘေးတလျှောက်က အမှတ်( ၆ )ရပ်ကွက်နဲ့ အမှတ်( ၈)ရပ်ကွက် တလျှောက်မှာ ချောင်းရေလျှံမှုတွေြ

ဖစ်ပေါ်နေပြီး အရင်က ရေမဝင်ခဲ့ဘူးတဲ့ လူနေအိမ်များအထဲထိပါ ချောင်းရေ ဝင်ရောက်မှု ဖြစ်ပေါ်နေပါတယ်။





Source; တာချီလိတ်NEws