ၾကားသိသမွ်
ရွှေဝါရောင်တော်လှန်ရေးမှာသွေးမြေကျခဲ့ရတဲ့သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို CDM ရဲတပ်ဖွဲ့တောင်းပန်
ရွှေဝါရောင်တော်လှန်ရေးမှာသွေးမြေကျခဲ့ရတဲ့သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို CDM ရဲတပ်ဖွဲ့တောင်းပန်
၂ဝဝရခုနှစ်၊ စက်တင်ဘာ (၁၈)ရက်ကနေ (၂၆)ရက်အထိ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်တပ်နဲ့ ရဲတွေရဲ့ လုပ်ရပ်ကြောင့် နှိပ်စက်ခံခဲ့ရတဲ့
သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေအပြင် အခုကာလအတွင်း နှိပ်စက်၊ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေကိုတောင်းပန်တယ်လို့ CDM ရဲတပ်ဖွဲ့က
ဒီကနေ့စက်တင်ဘာ (၁၉)ရက်မှာ ထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့အခုလိုကျူးလွန်ခဲ့မှုတွေဟာ သွယ်ဝိုက်သက်ဆိုင်တယ်လို့ ထင်မိတာကြောင့် အခုလိုတောင်းပန်ရ တာဖြစ်တယ်လို့ ထုတ်ပြန်
ချက်မှာပါရှိပါတယ်။ ဒါအပြင် စစ်ကောင်စီကိုဆန့်ကျင်တော်လှန်ရေးအတွက်လည်း တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးတယ်လို့ဆိုပါတယ်။
ရွှေဝါရောင်တော်လှန်ရေးဟာ လောင်စာဆီစျေးနှုန်းမြင့်တက်တာနဲ့ လူထုရဲ့ ကျပ်တည်းမှုတွေကြောင့် သံဃာတော်တွေ မေတ္တာပို့ချီတက်ခဲ့
ကြတာကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။
၂ဝဝရခုနှစ်၊စက်တင်ဘာ (၁၈)ရက်ကို ရွှေဝါရောင်နေ့အဖြစ် သတ်မှတ်ထားပြီး (၁၄)နှစ်ကြာရှိသွားပြီ ဖြစ်ပါတယ်။
Zawgyi
ရွှေဝါရောင်တော်လှန်ရေးဟာ လောင်စာဆီဈေးနှုန်းမြင့်တက်တာနဲ့ လူထုရဲ့ ကျပ်တည်းမှုတွေကြောင့် သံဃာတော်တွေ