အခုတစ်လော KIA တွေဘာလုပ်နေတာလဲ? ငြိမ်ချက်သားကောင်းနေပါလား? D day ကြေငြာပြီးမှ ပိုပြီးငြိမ်နေတာဘာသဘောလဲ?မေး
နေတဲ့သူတွေအတွက်. ရှေ့တစ်လှမ်းတိုးမဲ့ဆင်ဟာ နောက်တစ်လှမ်းဆုတ်ပြီးအရှိန်ယူနေတာပါ။ကျွန်တော်တို့ KIA စစ်ဦးစီးချုပ်၏စစ်
ဗျူဟာ ဟာဘယ်လောက်အထိ အဝေးကို လှမ်းထားတယ်ဆိုတာကိုမကြာမှီတွေ့မြင်ကြရ တော့မှာပါ။နှစ်ပေါင်း ၇၀ အတွင်းတစ်ကြိမ်
တစ်ခါသာရရှိသည့် ကြုံတောင့် ကြုံခဲ မဟာအခွင့်အရေးကြီးအားမည်သည့် အကြောင်းပြချက်ကြောင့် မျှ KIA မှ လက်လွတ်ဆုံးရုံးခံမည်မဟုတ်ပါ။
🔥သွေးပူလေ့ကျင့်ခန်းများအပြီး ဒီတစ်ခါဆက်တိုက်သွားမည့် တိုက်ပွဲဟာ ထပ်မံ သိမ်းပိုက် ရရှိလာမည့် တပ်စခန်းများအား အလောတောင်
ကဲ့သို့ ခြေကုပ်ယူအပြီးနေရာယူနိုင်ဖို့ရန် ပြင်ဆင်မှုတွေများနေကြကြောင်းပါ။ဒီလောက်ဘဲပြောတော့မယ်။မိုးတွင်းမှာ မိုးအဝရွာပါစေအုံး
လေ….ကျွန်တော်တို့ KIA ,PDF ရဲဘော်များတိုက်ချင်လွန်းအားကြီးလို့စောင့်ဆိုင်းနေတာဟာ လက်ပါမက ခြေပါယားနေကြပါပြီ။
ကျွန်တော်တို့ခေါင်းဆောင်များဟာ ပြည်သူများအတွက်အများကြီးထည့်စဥ်းစားတော့စစ်ဆင်မှုဟာ စကစ နဲ့တော့ လုံးလုံးကွာခြားမှာပါ။
တိုက်ပွဲတိုင်းဟာပြည်သူ့ အကျိုးမျှော်ကိုးကာတိုက်သည့်တိုက်ပွဲဖြစ်သည်မို့ အချိန်ယူမှု ပြင်ဆင်မှုတွေကိုသီးခံစွာစောင့်နေရခြင်းဟာပြည်
သူများထက်ပိုပါတယ်။
🔥လောလောဆယ်ရှေ့တမ်းရောက်ကျွန်တော့သူငယ်ချင်းရဲဘော်များကိုဘာတွေစားနေကြလဲ? လို့မေးကြည့်တော့ တော ဝက်သား၊ ကျီ
သား၊ တောင်ဆိတ်သား၊ မျှစ်ကြော် ၊မျှစ်ပြုပ်၊ မျှစ်ချဥ်၊ မျှစ်သုတ် အပြင် ရန်သူများအား ငှက်ပျောဖူးအဝကျွေးနိုင်ဖို့ ငှက်ပျောဖူး ပြုတ် သုတ်
စားကာ အင်အားဖြည့်နေကြကြောင်းသတင်းရရှိပါသည်။
🔥ကျွန်တော်တို့ KIA ရဲဘော်များဟာ …မိမိတို့ကိုင်ဆောင်ထားသည့်သေနတ်များအား မိမိတို့၏ ဇနီး မယား ချစ်သူ ထက်ပင် သာ၍ချစ်
မြတ်နိုးရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည့်အတိုင်း အထက်မှ ပစ်မိန့်ကိုစောင့်စားရင်းမိမိတို့ သေနတ်ကိုဆီသုတ်လိုက် ၊ ဖြုတ်လိုက် ၊
ဆေးလိုက် ၊ထောင်လိုက်၊လှဲလိုက်၊ ဖက်အိပ်လိုက်🙂 နှင့် စကစ၏ သားကောင်များအားအမှည့်ချွေဖို့အသင့် အနေအထားပြင်ဆင်နေကြ
ကြောင်း ပါတဲ့။Soure& Photo credit;Gidawn Brang