ၾကားသိသမွ်

နဝတ အာဏာသိမ်း ၃၃ နှစ်ပြည့် နဲ့ စကစ အာဏာသိမ်း ၈ လ

နဝတ အာဏာသိမ်း ၃၃ နှစ်ပြည့် နဲ့ စကစ အာဏာသိမ်း ၈ လ
စက်တင်ဘာ ၁၈

ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၃၃ နှစ် မြန်မာ့ ဒီမိုကရေစီရေး လူထု အုံကြွမှုကြီး ကို ပစ်ခတ်ဖြိုခွဲ သတ်ဖြတ်ပြီး စစ်အာဏာသိမ်း ခဲ့တဲ့ မြန်မာပြည်

သွေးစွန်းတဲ့ နေ့တနေ့ အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

တိုင်းပြည်မှာ ပြည်သူအချင်းချင်း ခေါင်းဖြတ်သတ်ပြီး မင်းမဲ့စရိုက် ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး

စောမောင် ဦးဆောင်တဲ့ စစ်တပ်က အာဏာ သိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက အာဏာရပါတီ ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ မဆလ ကို ထောက်ခံသူ၊ စစ်တပ်ထောက်ခံသူ တွေကို ဒီမိုကရေစီရေး

လူထု အုံကြွမှု အတွင်း သပ်လျှိုမှု ပုံစံ အမျိုးမျိုး လုပ်စေခဲ့ပြီး၊ ‌လူထုကြီးက မခံမရပ်နိုင်ဖြစ်ကာ သပ်လျှိုမှုတွေ လုပ်ခဲ့တဲ့ မဆလ ထောက်ခံသူ

တချို့ကို ခေါင်းဖြတ် သတ်တဲ့ အထိ ဖြစ်ခဲ့ တာလို့ လေ့လာ သုံးသပ် သူတွေက ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဖွဲ့စည်းကာ ရွေးကောက်ပွဲ လုပ်ပေးမယ် လို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ရွေးကောက်ပွဲလမ်းကြောင်း ကနေ ဒီမိုကရေစီ ရရှိရေး မြေပေါ် တိုက်ပွဲ အတွက် NLD အပါအဝင် နိုင်ငံရေး ပါတီတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။

တဘက်မှာလည်း ကျောင်းသား လူငယ် များဟာ တောခိုပြီး စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်ဖို့ လမ်းကြောင်းကို

ရွေးချယ်ခဲ့ပြီး မြန်မာ့ သမိုင်းမှာ ပထမဆုံး ကျောင်းသား တပ်မတော် လည်း ပေါ်ထွန်းလာခဲ့ ပါတယ်။

နဝတ ကတော့ ရွေးကောက်ပွဲ ကတိပေးထား ပေမယ့် လူထု က အားထားတဲ့ NLD ခေါင်းဆောာင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို

၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ မှာ နေအိမ် အကျယ်ချုပ် ချထားလိုက်ပါတယ်။

စကစ အာဏာသိမ်း ၈ လ

လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် ကတော့ ၂၀၂၀ ရွေးကောက်ပွဲ မှာ မဲမသာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆို

တဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့ကာ စစ်ကောင်စီကို ဖွဲ့စည်း ဆောင်ရွက်နေတာ ၈ လထဲ ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တနိုင်ငံလုံးနီးပါး လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့ GZ မျိုးဆက်သစ်လူငယ် တွေ အပါအဝင် ပြည်သူ လူထု

ကို စစ်တပ်က ဒီတကြိမ်မှာလည်း ရက်ရက်စက်စက် ပစ်ခတ် ဖြိုခွဲ ခဲ့တာ ဖြစ်ပါတယ်။

စကစ ဟာ ရွေးကောက်ပွဲနိုင် NLD ခေါင်းဆောင် အများအပြားကို ဖမ်းဆီး ထိန်းသိမ်းထားပြီး အမှုဖွင့် အရေးယူ နိုင်ဖို့ ဆောင်ရွက်နေ ပါ

တယ်။ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူ တွေကိုလည်း အတင်းအကျပ် ဖိနှိပ် နှိပ်ကွပ်နေတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၃ သြဂုတ်လ လောက်မှာ ရွေးကောက်ပွဲ ပြန်လုပ် ပေးမယ် ဆိုတာကို ၂ ကြိမ်ကြိမ် တိုင်တိုင် ကတိပြု ပြောကြားထား ပြီလည်း

ဖြစ်ပါတယ်။ဒီတကြိမ်မှာတော့ ၁၉၈၈ လွန်ခဲ့တဲ့ ၃၃ နှစ် တုန်း ကလို ရွေးကောက်ပွဲ လမ်းကြောင်း ကနေ မြေပေါ် တိုက်ပွဲ ပုံစံ သွားမယ့် ပါတီ

တွေ မရှိ သလောက် အခြေ အနေမျိုးလို့ ပြောရမှာပါ။

စစ်တပ်ကို ထောက်ခံတဲ့ တချို့ ပါတီ အနည်းငယ် လောက်သာ စစ်ကောင်စီ ချပေးမယ့် ဒီ လမ်းကြောင်းကို သွားဖို့ ရှိနေပါတယ်။

ပြည်သူလူထု ရွေးချယ်ထားတဲ့ လမ်းကြောင်း ကတော့ လက်နက်ကိုင် ခုခံ တော်လှန်ရေးပဲ ဖြစ်ပါတော့တယ်။

ဓါတ်ပုံ – wiki
သက်ထွေးနိုင်

Zawgyi

နဝတ အာဏာသိမ္း ၃၃ ႏွစ္ျပည့္ နဲ႔ စကစ အာဏာသိမ္း ၈ လ
စက္တင္ဘာ ၁၈

ဒီကေန႔ဟာ လြန္ခဲ့တဲ့ ၃၃ ႏွစ္ ျမန္မာ့ ဒီမိုကေရစီေရး လူထု အုံႂကြမႈႀကီး ကို ပစ္ခတ္ၿဖိဳခြဲ သတ္ျဖတ္ၿပီး စစ္အာဏာသိမ္း ခဲ့တဲ့ ျမန္မာျပည္ ေသြးစြန္းတဲ့ ေန႔တေန႔ အျဖစ္ သမိုင္းတြင္ခဲ့ပါတယ္။

တိုင္းျပည္မွာ ျပည္သူအခ်င္းခ်င္း ေခါင္းျဖတ္သတ္ၿပီး မင္းမဲ့စရိုက္ ထိန္းမနိုင္ သိမ္းမရ ျဖစ္ေနၿပီ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္ ဦးေဆာင္တဲ့ စစ္တပ္က အာဏာ သိမ္းခဲ့တာ ျဖစ္ပါတယ္။

အဲဒီတုန္းက အာဏာရပါတီ ျဖစ္တဲ့ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ မဆလ ကို ေထာက္ခံသူ၊ စစ္တပ္ေထာက္ခံသူ ေတြကို ဒီမိုကေရစီေရး လူထု အုံႂကြမႈ အတြင္း သပ္လၽွိုမႈ ပုံစံ အမ်ိဳးမ်ိဳး လုပ္ေစခဲ့ၿပီး၊ ‌လူထုႀကီးက မခံမရပ္နိုင္ျဖစ္ကာ သပ္လၽွိုမႈေတြ လုပ္ခဲ့တဲ့ မဆလ ေထာက္ခံသူ တခ်ိဳ႕ကို ေခါင္းျဖတ္ သတ္တဲ့ အထိ ျဖစ္ခဲ့ တာလို႔ ေလ့လာ သုံးသပ္ သူေတြက ဆိုပါတယ္။

အာဏာသိမ္း စစ္တပ္က နိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရး အဖြဲ႕ ဖြဲ႕စည္းကာ ေရြးေကာက္ပြဲ လုပ္ေပးမယ္ လို႔ ကတိေပးခဲ့တာ ျဖစ္ပါတယ္။

ဒီအတြက္ ေရြးေကာက္ပြဲလမ္းေၾကာင္း ကေန ဒီမိုကေရစီ ရရွိေရး ေျမေပၚ တိုက္ပြဲ အတြက္ NLD အပါအဝင္ နိုင္ငံေရး ပါတီေတြ အမ်ားအျပား ေပၚေပါက္လာခဲ့ပါတယ္။

တဘက္မွာလည္း ေက်ာင္းသား လူငယ္ မ်ားဟာ ေတာခိုၿပီး စစ္အာဏာရွင္ကို လက္နက္ကိုင္ ေတာ္လွန္ တိုက္ခိုက္ဖို႔ လမ္းေၾကာင္းကို ေရြးခ်ယ္ခဲ့ၿပီး ျမန္မာ့ သမိုင္းမွာ ပထမဆုံး ေက်ာင္းသား တပ္မေတာ္ လည္း ေပၚထြန္းလာခဲ့ ပါတယ္။

နဝတ ကေတာ့ ေရြးေကာက္ပြဲ ကတိေပးထား ေပမယ့္ လူထု က အားထားတဲ့ NLD ေခါင္းေဆာာင္ တဦးျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ကို ၁၉၈၉ ခုႏွစ္ ဇူလိုင္ ၂၀ မွာ ေနအိမ္ အက်ယ္ခ်ဳပ္ ခ်ထားလိုက္ပါတယ္။

စကစ အာဏာသိမ္း ၈ လ

လက္ရွိ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ဦးေဆာင္တဲ့ စစ္တပ္ ကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲ မွာ မဲမသာမႈေတြ အႀကီးအက်ယ္ ရွိခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အာဏာသိမ္းခဲ့ကာ စစ္ေကာင္စီကို ဖြဲ႕စည္း ေဆာင္ရြက္ေနတာ ၈ လထဲ ေရာက္ရွိ လာၿပီ ျဖစ္ပါတယ္။

အာဏာသိမ္းတာကို ဆန႔္က်င္တဲ့ တနိုင္ငံလုံးနီးပါး လမ္းေပၚထြက္ ဆႏၵျပၾကတဲ့ GZ မ်ိဳးဆက္သစ္လူငယ္ ေတြ အပါအဝင္ ျပည္သူ လူထု ကို စစ္တပ္က ဒီတႀကိမ္မွာလည္း ရက္ရက္စက္စက္ ပစ္ခတ္ ၿဖိဳခြဲ ခဲ့တာ ျဖစ္ပါတယ္။

စကစ ဟာ ေရြးေကာက္ပြဲနိုင္ NLD ေခါင္းေဆာင္ အမ်ားအျပားကို ဖမ္းဆီး ထိန္းသိမ္းထားၿပီး အမႈဖြင့္ အေရးယူ နိုင္ဖို႔ ေဆာင္ရြက္ေန ပါတယ္။ စစ္အာဏာသိမ္း ဆန႔္က်င္တဲ့ တက္ႂကြလႈပ္ရွားသူ ေတြကိုလည္း အတင္းအက်ပ္ ဖိႏွိပ္ ႏွိပ္ကြပ္ေနတာ ျဖစ္ပါတယ္။

လာမယ့္ ၂၀၂၃ ၾသဂုတ္လ ေလာက္မွာ ေရြးေကာက္ပြဲ ျပန္လုပ္ ေပးမယ္ ဆိုတာကို ၂ ႀကိမ္ႀကိမ္ တိုင္တိုင္ ကတိျပဳ ေျပာၾကားထား ၿပီလည္း ျဖစ္ပါတယ္။

ဒီတႀကိမ္မွာေတာ့ ၁၉၈၈ လြန္ခဲ့တဲ့ ၃၃ ႏွစ္ တုန္း ကလို ေရြးေကာက္ပြဲ လမ္းေၾကာင္း ကေန ေျမေပၚ တိုက္ပြဲ ပုံစံ သြားမယ့္ ပါတီေတြ မရွိ သေလာက္ အေၿခ အေနမ်ိဳးလို႔ ေျပာရမွာပါ။

စစ္တပ္ကို ေထာက္ခံတဲ့ တခ်ိဳ႕ ပါတီ အနည္းငယ္ ေလာက္သာ စစ္ေကာင္စီ ခ်ေပးမယ့္ ဒီ လမ္းေၾကာင္းကို သြားဖို႔ ရွိေနပါတယ္။
ျပည္သူလူထု ေရြးခ်ယ္ထားတဲ့ လမ္းေၾကာင္း ကေတာ့ လက္နက္ကိုင္ ခုခံ ေတာ္လွန္ေရးပဲ ျဖစ္ပါေတာ့တယ္။