ၾကားသိသမွ်

အကြမ်းဖက်စစ်ခေါင်းဆောင်အား ဦးခက်ထိန်နန်က ကချင်အမျိုးသား ခေါင်းပေါင်းပေးအပ်

အကြမ်းဖက်စစ်ခေါင်းဆောင်အား ဦးခက်ထိန်နန်က ကချင်အမျိုးသား ခေါင်းပေါင်းပေးအပ်

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဦးခက်ထိန်နန်က ကချင်အမျိုးသားဝတ်စုံနဲ့

ခေါင်းပေါင်း ပေးအပ်လိုက်တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ကချင်ပြည်နယ်ခရီးစဉ် လာရောက်စဉ် စစ်ကောင်စီခန့် ကချင်ပြည်နယ်၀န်ကြီးချုပ်

ဦးခက်ထိန်နန်က ကချင်အမျိုးသား ရိုးရာဝတ်စုံ၊ ခေါင်းပေါင်း၊ ဓားနဲ့ လွယ်အိတ် လက်ဆောင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကချင်တစ်မျိုးသားလုံးက တန်ဖိုးထားတဲ့ ကချင်အမျိုးသား ခေါင်းပေါင်းအား အကြမ်းဖက်ခေါင်းဆောင်တစ်ဦးကို ပေးအပ်လိုက်တဲ့အပေါ်

ကချင်လူငယ်တစ်ဦးက “ကချင်လူမျိုးတစ်ယောက်အနေနဲ့ အမည်ကင်ပွန်းမတပ်ရသေးဘဲ တခြားသူစိမ်းတစ်ယောက်ကို ခုလို ကချင်

အမျိုးသားခေါင်းပေါင်းပေးအပ်လိုက်တာက ကချင်တစ်မျိုးသားလုံးကို စော်ကားလိုက်တာပါဘဲ။ ကချင်ရိုးရာယဉ်ကျေးမှုကို မထီမဲ့မြင် ပြု

လိုက်တာပါ”လို့ ပြောပါတယ်။ဦးခက်ထိန်နန်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီဘက်က ကချင်ပြည်နယ်

၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ဟာ မနေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ခရိုင်၊ မြို့နယ်

စစ်ကောင်စီအဖွဲ့တွေ၊ မြို့မိမြို့ဖ တွေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ဒေသခံ စီးပွားရေးသမားတွေက စက်မှုဇုန်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊ ခရီးသွား လုပ်ငန်းတွေ ခွင့်ပြုပေးဖို့နဲ့ အဆင့်

မြှင့်တင်ပေးဖို့ တင်ပြခဲ့ကြတယ်လို့ စစ်ကောင်စီပြန် ကြားရေးက သတင်းထုတ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က “ သယံဇာတကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရေရှည်တည်တံ့နိုင် သည့် လုပ်ငန်း

များမဟုတ်ဘဲ ရေတိုအတွက်သာ အဆင်ပြေနိုင်မည်ဖြစ်သဖြင့် မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူခြင်းလုပ်ငန်းများကို အားမ

ပေးလို ကြောင်း၊ မိမိတို့နိုင်ငံသည် သယံဇာတများကို ထုတ်ယူပြီး အကြမ်းထည်များကို တင်ပို့သောကြောင့် ဈေးနှုန်းရသင့်သည်ထက်

နည်းပါးစွာ ရရှိသဖြင့် အချောထည် များကို ထုတ်လုပ်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့သော သယံဇာတ

များသည် ပြည့်ဖြိုးမြဲသယံဇာတမဟုတ်သည့်အတွက် ကုန်ခမ်းသွားနိုင် ကြောင်း၊ ပြည်ဖြိုးမြဲသယံဇာတများကိုမူ ပြန်လည် ဖြည့်တင်းရေး

နှင့် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း။” ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ကချင်ပြည်နယ်မာ ဆန်၊ ပဲ ဖူလုံမှုရှိပေမဲ့ ဆီဖူလုံမှုလိုအပ်နေလို့ ဆီထွက်သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ကြဖို့၊ ကချင်ပြည်နယ်ဟာ နေစပ်ဒေသ

တစ်ခုဖြစ်လို့ နာရီပိုင်းအတွင်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေ ဈေးကွက်သို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ဒေသထုတ်ကုန်တွေကို အဆင့်

မြှင့်တင်ပြီး တင်ပို့ရောင်းချနိုင်ရန်လိုတယ်လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ပူတာအိုဘက်ကို ခရီးဆက်မှာဖြစ်တယ်လို့သိရပါတယ်။

Zawgyi

အၾကမ္းဖက္စစ္ေခါင္းေဆာင္အား ဦးခက္ထိန္နန္က ကခ်င္အမ်ိဳးသား ေခါင္းေပါင္းေပးအပ္

အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ကို ဦးခက္ထိန္နန္က ကခ်င္အမ်ိဳးသားဝတ္စုံနဲ႔ ေခါင္းေပါင္း ေပးအပ္လိုက္တယ္လို႔ အမည္မေဖာ္လိုသူ တစ္ဦးက ေျပာပါတယ္။

စက္တင္ဘာ ၁၈ ရက္က အာဏာသိမ္းစစ္ေခါင္းေဆာင္ ကခ်င္ျပည္နယ္ခရီးစဥ္ လာေရာက္စဥ္ စစ္ေကာင္စီခန႔္ ကခ်င္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္က ကခ်င္အမ်ိဳးသား ရိုးရာဝတ္စုံ၊ ေခါင္းေပါင္း၊ ဓားနဲ႔ လြယ္အိတ္ လက္ေဆာင္ေပးအပ္ခဲ့တာျဖစ္ပါတယ္။

ကခ်င္တစ္မ်ိဳးသားလုံးက တန္ဖိုးထားတဲ့ ကခ်င္အမ်ိဳးသား ေခါင္းေပါင္းအား အၾကမ္းဖက္ေခါင္းေဆာင္တစ္ဦးကို ေပးအပ္လိုက္တဲ့အေပၚ က

ခ်င္လူငယ္တစ္ဦးက “ကခ်င္လူမ်ိဳးတစ္ေယာက္အေနနဲ႔ အမည္ကင္ပြန္းမတပ္ရေသးဘဲ တျခားသူစိမ္းတစ္ေယာက္ကို ခုလို ကခ်င္အမ်ိဳးသားေခါင္းေ

ပါင္းေပးအပ္လိုက္တာက ကခ်င္တစ္မ်ိဳးသားလုံးကို ေစာ္ကားလိုက္တာပါဘဲ။ ကခ်င္ရိုးရာယဥ္ေက်းမႈကို မထီမဲ့ျမင္ ျပဳလိုက္တာပါ”လို႔ ေျပာပါတယ္။

ဦးခက္ထိန္နန္ဟာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းဖက္စစ္ေကာင္စီဘက္က ကခ်င္ျပည္နယ္ ၀န္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ခံထားရသူျဖစ္ပါတယ္။

အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ဟာ မေန႔မြန္းလြဲပိုင္းက ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ ဌာနဆိုင္ရာဝန္ထမ္းေတြ၊ ခရိုင္၊ ၿမိဳ႕နယ္စစ္ေကာင္စီအဖြဲ႕ေတြ၊ ၿမိဳ႕မိၿမိဳ႕ဖ ေတြနဲ႔ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕႐ုံး မလိခခန္းမမွာ ေတြ႕ဆုံခဲ့ပါတယ္။

ဒီလိုေတြ႕ဆုံရာမွာ ေဒသခံ စီးပြားေရးသမားေတြက စက္မႈဇုန္လုပ္ငန္း၊ ေက်ာက္စိမ္းလုပ္ငန္း၊ ခရီးသြား လုပ္ငန္းေတြ ခြင့္ျပဳေပးဖို႔နဲ႔ အဆင့္ျမႇင့္တင္ေပးဖို႔ တင္ျပခဲ့ၾကတယ္လို႔ စစ္ေကာင္စီျပန္ ၾကားေရးက သတင္းထုတ္ပါတယ္။

ဒါနဲ႔ ပတ္သက္ၿပီး စစ္ေခါင္းေဆာင္က “ သယံဇာတကို အေျခခံသည့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားသည္ ေရရွည္တည္တံ့နိုင္ သည့္ လုပ္ငန္း

မ်ားမဟုတ္ဘဲ ေရတိုအတြက္သာ အဆင္ေျပနိုင္မည္ျဖစ္သျဖင့္ ေျမေပၚေျမေအာက္သယံဇာတမ်ားကို ထုတ္ယူျခင္းလုပ္ငန္းမ်ားကို အား

မေပးလို ေၾကာင္း၊ မိမိတို႔နိုင္ငံသည္ သယံဇာတမ်ားကို ထုတ္ယူၿပီး အၾကမ္းထည္မ်ားကို တင္ပို႔ေသာေၾကာင့္ ေဈးႏႈန္းရသ

င့္သည္ထက္ နည္းပါးစြာ ရရွိသျဖင့္ အေခ်ာထည္ မ်ားကို ထုတ္လုပ္တင္ပို႔နိုင္ေရးႀကိဳးပမ္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အခ်ိဳ႕ေသာ

သယံဇာတမ်ားသည္ ျပည့္ၿဖိဳးျမဲသယံဇာတမဟုတ္သည့္အတြက္ ကုန္ခမ္းသြားနိုင္ ေၾကာင္း၊ ျပည္ၿဖိဳးျမဲသယံဇာတမ်ားကိုမူ ျပ

န္လည္ ျဖည့္တင္းေရးႏွင့္ ထိန္းသိမ္းေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း။” ေျပာၾကားခဲ့တယ္လို႔ဆိုပါတယ္။

ကခ်င္ျပည္နယ္မာ ဆန္၊ ပဲ ဖူလုံမႈရွိေပမဲ့ ဆီဖူလုံမႈလိုအပ္ေနလို႔ ဆီထြက္သီးႏွံေတြ စိုက္ပ်ိဳးထုတ္လုပ္ၾကဖို႔၊ ကခ်င္ျပည္နယ္ဟာ ေနစပ္ေ

ဒသတစ္ခုျဖစ္လို႔ နာရီပိုင္းအတြင္း စိုက္ပ်ိဳးေမြးျမဴေရး ထုတ္ကုန္ေတြ ေဈးကြက္သို႔တင္ပို႔ေရာင္းခ်နိုင္မည္ျဖစ္ၿပီး ေဒသထုတ္ကုန္ေတြကို အဆင့္ျမႇင့္တင္ၿပီး တင္ပို႔ေရာင္းခ်နိုင္ရန္လိုတယ္လို႔ ေျပာပါတယ္။

အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ပူတာအိုဘက္ကို ခရီးဆက္မွာျဖစ္တယ္လို႔သိရပါတယ္။