ၾကားသိသမွ်

ရန်ကုန်-မန္တလေး စာပို့ရထား စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအနီး မိုင်းခွဲခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသော စာပို့ရထားသည် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာ အနီးတွင် ယနေ့ စက်တင်ဘာလ

၁၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် မိုင်းခွဲခံရပြီး ရထားတွဲ ၂ တွဲ ပျက်စီးသွားကြောင်း သတင်းရရှိသည်။

“စာပို့ရထား အဆန်ပေါ့၊ မနက် ၇ နာရီခွဲလောက်မှာ မိုင်းခွဲခံရတာ၊ စက်ခေါင်းအောက်က မီးခိုးတွေ အများကြီး ထွက်လာပြီး ချက်ချင်း ထိုး

ရပ်သွားတာ၊ အဝေးကနေ လှမ်းတွေ့ရတာတော့ နှစ်တွဲလောက် ပျက်စီးသွားတယ်၊ ခရီးသည် ပါ၊ မပါတော့ မပြောတတ်ဘူး” ဟု မျက်မြင်

ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Zawgyi

ရန်ကုန်၊ စက်တင်ဘာ ၁၉


