ၾကားသိသမွ်

ချင်းပြည်နယ်ရဲ့ ၆၀ % ကို CDF က ထိန်းချုပ်ထားပြီဖြစ်ကြောင်း CDF ပြောခွင့်ရသူကပြောကြား

ချင်းပြည်မှာ ကျေးလက်ဒေသ အားလုံးဖြစ်တဲ့ ၆၀ % က ဒေသ အလိုက် CDF (Chinland Defense Force) လက်ထဲမှာ ရောက်သွားပြီ

ဖြစ်ကြောင်း CDF ပြောခွင့်ရသူက စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ချင်းပြည် ၆၀ % ကို CDF က ထိန်းချုပ်ထားနိုင်

မြို့ပေါ် ဒေသ ၄၀ % ဖြစ်တဲ့ ၉ မြို့နယ် ကိုပဲ စစ်ကောင်စီက ထိန်းထားနိုင် တာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

‘’ကျွန်တော်တို့ ၉ မြို့နယ်ထဲမှာ… ၃ မြို့နယ် ကတော့… ချက်ခြင်း ဝင်သိမ်း လို့ရတဲ့ အနေ အထား ရှိတယ်…’’ လို့ သူကဆိုပါတယ်။

စစ်ကောင်စီ အနေနဲ့ ချင်းပြည်မှာ အုပ်ချုပ်ရေး ယန္တရား အားလုံး ပျက်ပြား နေပြီး ဘာမှ ဆောင်ရွက်နိုင်တာ မဟုတ်ဘူးလို့လည်း ပြောပါ

တယ်။ထန်တလန်မြို့နယ် လုံလဲရ် ကျေးရွာက စစ်ကောင်စီ တပ်စခန်းကို CNA နဲ့ ထန်တလန် CDF တို့ စက်တင်ဘာ ၁၁ ရက်နေ့ ညက ဝင်

ရောက်တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့တဲ့အပေါ် မေးမြန်းရာမှာ CDF ပြောခွင့်ရသူက အခုလို ပြောကြား သွားတာ ဖြစ်ပါတယ်။

အဲဒီ လုံလဲရ် ကျေးရွာ စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ပြီး၊ လက်နက်ငယ် ၂၂ လက်၊ လက်နက်ကြီး ၂ လက် နဲ့ ပစ္စတို ၃ လက်

သိမ်းဆည်းရမိကာ စခန်းကို မီးရှို့ ဖျက်ဆီး လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီ တပ်စခန်းမှာက စစ်သား ၇ ဦး နဲ့ ရဲ ၅ ဦး စုစုပေါင်း ၁၂ ဦးပဲ ရှိပြီး တိုက်ပွဲအတွင်း ၁၂ ဦး စလုံး သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာရောက် ပစ်ခတ်မှု တချို့ရှိခဲ့တဲ့ အတွက် PDF ဘက်က စခန်းကို မီးရှို့ကာ ဒီအတိုင်း ထားခဲ့ပြီး

ဆုတ်ခွာ ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း စစ်ကောင်စီဘက်က ဒီစခန်းကို ပြန်လည် ဝင်ရောက် နေရာယူ တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါ

တယ်။လုံလဲရ် တပ်စခန်းလို၊ ရှေ့တန်း စခန်းတွေဟာ ရိက္ခာလည်း မရ စစ် အင်အား လည်း ထပ်မရဘဲ စစ်ကောင်စီက ပစ်ထားတာ

ဖြစ်ကြောင်း၊ အဲဒီအတွက် ပြည်သူဘက်ကို ဝင်လာချင်တဲ့ စစ်သားတွေ ရဲတွေကို အလကား အသက် မဆုံးရှုံးစေချင်ဘဲ ပြည်သူနဲ့ အမြန်ဆုံး

ပူးပေါင်းဖို့ တိုက်တွန်း ကြောင်းကိုလည်း CDF ပြောခွင့်ရသူက ပြောကြားသွား ပါတယ်။ဖေဖေါ်ဝါရီလ စတင် တိုက်ခိုက် ကတည်းက CDF

အနေနဲ့ စစ်ကောင်စီ တပ်စခန်း ၅ ခုကို သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။

စစ်ရေးဆိုင်ရာ ပူးတွဲကောင်စီ (Joint Military Council)

ချင်းပြည် ၉ မြို့နယ် စလုံးမှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ CDF အားလုံး Joint military council (စစ်ရေးဆိုင်ရာ ပူးတွဲကောင်စီ)

ဖွဲ့စည်း ထားပြီ ဖြစ်ကြောင်းလည်း CDF ပြောခွင့်ရသူက ပြောပါတယ်။ဒီအတွက် လက်နက်ကိုင် အားလုံး အတူ ပူးပေါင်းပြီး ပြင်းထန်တဲ့

စစ်ဆင်‌ရေး တွေ ဆင်နွှဲဖို့ ရှိတယ်လို့ လည်း သူက ပြောပါတယ်။ဒါ့အပြင် NUG ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ တလ ၁ ကြိမ်/ ၂ ကြိမ်လောက်

တိုက်ရိုက် စကားပြော ဆွေးနွေးမှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

NUG ရဲ့ ပြည်သူ့တော်လှန်ရေး စတင်လိုက်တဲ့ အပေါ် သဘောထား

‘’… စစ်အာဏာရှင် စနစ်ကိုတော့ ဒီအချိန် ဒီအခါမှာ မတိုက်ထုတ် နိုင်ရင်တော့ ဘယ်လိုမှ ဦးခေါင်း ပြန်ထောင်နိုင်မယ့် အနေအထားမရှိဘူး’’

လို့ CDF ပြောခွင့်ရသူက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

ကျွန်ဘဝ ကနေ ရုံးကန် လွတ်မြောက်ဖို့ ဆိုတာ ဒီအချိန် ဒီအခါမှာ မလုပ်ဘူး ဆိုရင်တော့ နောင်တ ရဖို့ပဲ ရှိတယ်လို့လည်း ဆိုပါတယ်။

ဘုံရန်သူကို သိပြီး ဒီတိုက်ပွဲမှာ အားလုံးပါဝင်ကြဖို့ တိုက်တွန်းကြောင်းကိုယ်တိုင် မတိုက်နိုင်ရင် တောင်မှ၊ ငွေရေးကြေးရေးနဲ့ အကြံပေးကြဖို့

ကိုလည်း သူက ပြောကြားသွားပါတယ်။အခုအချိန်မှာ ငွေကြေးကူညီမှုတွေဟာလည်း မြင့်တက်လာကြောင်း ဒီအတွက် ကူညီသူတွေကို

ကျေးဇူးတင်ကြောင်း သူက အခုလို ပြောကြားသွား ခဲ့ပါတယ်။

‘’… နိုင်ငံခြားရောက် ချင်းပြည်သူအဖွဲ့ရော၊ မြန်မာပြည်ဘက်က ညီအကိုတွေ ရော၊ ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက်၊ ကျရာနေရာ

ကနေ သူတို့ အားလုံး ပါဝင်ပြီးတော့ ကူညီကြတာ တကယ့်အားဖြစ်တယ်’’

THN freelance journalist