စစ်ကိုင်းတိုင်းထဲမှာ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေ အသတ်ခံရတဲ့ အရေအတွက် မြင့်တက်လာ
စက်တင်ဘာ ၊ ၁၈ -၂၀၂၁
စစ်ကိုင်းတိုင်း ရွှေသတ္ထုထွက်ရှိတဲ့ မြို့နယ်တွေမှာ ရွှေတူးဖော်ရေးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အသတ်ခံရတဲ့ အရေအတွက်
မြင့်တက်လာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
” ဟိုးအရင်က ရွှေလုပ်ငန်းရှင်တူးဖော်ရေးအဖွဲ့တွေ သတ်ခံရတယ်ဆိုတာ မရှိဘူး ၊ ဘယ်သူလာပြီး အကူအညီတောင်းတောင်း ကူညီပေးနေ
တာဆိုတော့ ချစ်ခင်ရင်းနှီးသူတွေပေါတယ် ၊ အခု ၁ လ ၂ လအတွင်းမှာ ရွှေလုပ်ငန်းရှင်တွေကို အကြောင်းမဲ့ သတ်ဖြတ်ခံရတဲ့
အရေအတွက်က သိသိသာသာ တိုးလာနေတာ”လို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်က ရွှေတူးဖော်ရေးလုပ်ငန်းရှင် လင်မယား ၂ ယောက်ဟာ တ
န့်ဆည်မြို့ကနေ ရွှေလုပ်ကွက်ရှိတဲဲ့နေရာကို ကားနဲ့အသွား သစ်စေးကိုင်းရွာနဲ့ ငှက်ပျောတောရွာအကြားမှာ ပစ်ခတ်ခံရတဲ့အတွက်
အမျိုးသားဖြစ်သူဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အမျိုးသမီးကတော့ ကျည်ဆံမှန် ဒဏ်ရာ ၂ ချက်နဲ့
ထွက်ပြေးလွတ်မြောက်လာတယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လထဲကလည်း အဲ့ဒီ ရွှေတူးဖော်ရေးလုပ်ကွက်တွေရှိတဲ့နေရာက ရွှေတူးဖော်ရေး လုပ်ငန်းရှင်၂ ဦးဟာ ကံထူးမစျေး
တန်းကနေ စက်ပစ္စည်းတွေဝယ်ပြီး အပြန်လမ်းမှာ အသတ်ခံခဲ့ရပါသေးတယ်။
အခုလို ရွှေလုပ်ငန်းရှင်တွေကို အသတ်ခံနေရတာဟာ တန့်ဆည်မြို့နယ် ၁ ခုထဲမှာဖြစ်နေတာမဟုတ်ဘဲ စစ်ကိုင်းတိုင်းထဲက ရွှေသတ္ထုထွက်
ရှိရာ ဟုမ္မလင်းမြို့နယ် ၊ ဗန်းမောက်မြို့နယ် ၊ ပင်လည်ဘူးမြို့နယ်နဲ့ ကောလင်းမြို့နယ်တွေဘက်မှာလည်း အလားတူဖြစ်စဥ်တွေ ရှိခဲ့တယ်
လို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လကစလို့ စက်တင်ဘာ ၁၇ ရက်အထိ စစ်ကိုင်းတိုင်းထဲက ရွှေသတ္ထု ထွက်ရှိတဲ့မြို့နယ်တွေက ရွှေလုပ်ငန်းရှင် ၅
ဦးထက်မနည်း မသတ်ခံရတာရှိတယ်လို့ သိရပါတယ်။ Source; VOM
Zawgyi
စစ္ကိုင္းတိုင္းထဲမွာ ေရႊတူးေဖာ္ေရးလုပ္ငန္းရွင္ေတြ အသတ္ခံရတဲ့ အေရအတြက္ ျမင့္တက္လာ
စက္တင္ဘာ ၊ ၁၈ -၂၀၂၁
စစ္ကိုင္းတိုင္း ေရႊသတၳဳထြက္ရွိတဲ့ ၿမိဳ႕နယ္ေတြမွာ ေရႊတူးေဖာ္ေရးလုပ္ကိုင္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြ အသတ္ခံရတဲ့ အေရအတြက္ ျမင့္တက္လာေနတယ္လို႔ ေရႊလုပ္ငန္းရွင္ေတြရဲ့ ေျပာျပခ်က္အရ သိရပါတယ္။
” ဟိုးအရင္က ေရႊလုပ္ငန္းရွင္တူးေဖာ္ေရးအဖြဲ႕ေတြ သတ္ခံရတယ္ဆိုတာ မရွိဘူး ၊ ဘယ္သူလာၿပီး အကူအညီေတာင္းေတာင္း ကူ
ညီေပးေနတာဆိုေတာ့ ခ်စ္ခင္ရင္းႏွီးသူေတြေပါတယ္ ၊ အခု ၁ လ ၂ လအတြင္းမွာ ေရႊလုပ္ငန္းရွင္ေတြကို အေၾကာင္းမဲ့ သ
တ္ျဖတ္ခံရတဲ့ အေရအတြက္က သိသိသာသာ တိုးလာေနတာ”လို႔ ေရႊလုပ္ငန္းရွင္မ်ားအသင္းရဲ့ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
မေန႔ စက္တင္ဘာ ၁၇ ရက္ ေန႔လယ္ပိုင္းက တန္႔ဆည္ၿမိဳ႕၊ မဟာၿမိဳင္ရပ္ကြက္က ေရႊတူးေဖာ္ေရးလုပ္ငန္းရွင္ လင္မယား ၂ ေယာက္ဟာ
တန္႔ဆည္ၿမိဳ႕ကေန ေရႊလုပ္ကြက္ရွိတဲဲ့ေနရာကို ကားနဲ႔အသြား သစ္ေစးကိုင္းရြာနဲ႔ ငွက္ေပ်ာေတာရြာအၾကားမွာ ပစ္ခတ္ခံရတဲ့
အတြက္ အမ်ိဳးသားျဖစ္သူဟာ က်ည္ဆံေဖာက္ဝင္ ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့ၿပီး ဇနီးျဖစ္သူ အမ်ိဳးသမီးကေတာ့ က်ည္ဆံမွန္ ဒဏ္ရာ ၂ ခ်က္နဲ႔ ထြက္ေျပးလြတ္ေျမာက္လာတယ္လို႔ တန္႔ဆည္နယ္ခံေတြရဲ့ ေျပာျပခ်က္အရ သိရပါတယ္။
ဒါ့အျပင္ ၿပီးခဲ့တဲ့ ၾသဂုတ္လထဲကလည္း အဲ့ဒီ ေရႊတူးေဖာ္ေရးလုပ္ကြက္ေတြရွိတဲ့ေနရာက ေရႊတူးေဖာ္ေရး လုပ္ငန္းရွင္၂ ဦးဟာ ကံထူးမေစ်းတန္းကေန စက္ပစၥည္းေတြဝယ္ၿပီး အျပန္လမ္းမွာ အသတ္ခံခဲ့ရပါေသးတယ္။
အခုလို ေရႊလုပ္ငန္းရွင္ေတြကို အသတ္ခံေနရတာဟာ တန္႔ဆည္ၿမိဳ႕နယ္ ၁ ခုထဲမွာျဖစ္ေနတာမဟုတ္ဘဲ စစ္ကိုင္းတိုင္းထဲက ေ
ရႊသတၳဳထြက္ရွိရာ ဟုမၼလင္းၿမိဳ႕နယ္ ၊ ဗန္းေမာက္ၿမိဳ႕နယ္ ၊ ပင္လည္ဘူးၿမိဳ႕နယ္နဲ႔ ေကာလင္းၿမိဳ႕နယ္ေတြဘက္မွာလည္း အလားတူျဖစ္စဥ္ေတြ ရွိခဲ့တယ္လို႔ ေရႊလုပ္ငန္းရွင္မ်ားအသင္းရဲ့ တာဝန္ရွိသူေတြရဲ့ ေျပာျပခ်က္အရ သိရပါတယ္။
အဲ့ဒါေၾကာင့္ ၿပီးခဲ့တဲ့ ဇြန္လကစလို႔ စက္တင္ဘာ ၁၇ ရက္အထိ စစ္ကိုင္းတိုင္းထဲက ေရႊသတၳဳ ထြက္ရွိတဲ့ၿမိဳ႕နယ္ေတြက ေရႊလုပ္ငန္းရွင္ ၅ ဦးထက္မနည္း မသတ္ခံရတာရွိတယ္လို႔ သိရပါတယ္။ Source; VOM