မကွေးတွင် စစ်ကောင်စီ ထောက်ခံသူရာခိုင်နှုန်း ကောက်ယူရန် ညွှန်ကြားထား
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF) နှင့် စစ်ကောင်စီ
တပ်တို့အနက် မည်သည့်အဖွဲ့အစည်းကို ထောက်ခံကြောင်း ရပ်ကွက်၊ ကျေးရွာများအလိုက် လူထုထောက်ခံမှုရာခိုင်နှုန်းကို ကောက်ယူရန်
စစ်ကောင်စီက ညွှန်ကြားထားကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် နီးစပ်သူ ခိုင်မာသောသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မကွေးမြို့နယ် ထွေအုပ်ကနေ ရပ်/ကျေး အုပ်ချုပ်ရေးအဆင့်တွေကို ထောက်ခံမှု နှုန်းထားကောက်ယူဖို့ ညွှန်ကြားထားတဲ့စာပါ” ဟု
ပြောသည်။အဆိုပါ ကောက်ခံရရှိသည့် ထောက်ခံမှု ရာခိုင်နှုန်းကို ယနေ့ စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် အရောက်
ပြန်လည်တင်ပြရမည်ဟု မြို့နယ်ထွေအုပ်က ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။
မကွေးမြို့ သရက်ဒေသခံတစ်ဦးက ထိုထောက်ခံမှု ရာခိုင်နှုန်းနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးများက လာရောက်ကောက်ယူခြင်း မရှိသေး
ကြောင်း ပြောသည်။
“ရပ်ကွက်မှာတော့ လာကောက်တာ မရှိသေးဘူး။ ဒီလိုအချိန်မှာ အခုလိုညွန်ကြားတော့ သူတို့လည်း ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေတာနဲ့
တူတယ်။ သူတို့ကလည်း ကိုယ်တိုင်ဖြည့်ပေးလိုက်ရင် စစ်တပ်က ဒါကြီးကိုင်ပြီး စကားပြောမှာဆိုတော့” ဟု သရက်မြို့ခံတစ်ဦးက
ဆိုသည်။အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ကြိုးစားလုပ်ဆောင်နေ သော်လည်း
အာဏာသိမ်းပြီး ခုနှစ်လကျော် ကြာမြင့်လာချိန်အထိ အုပ်ချုပ်ရေးယန္တရားတစ်စုံတစ်ခုကိုမျှ ထိရောက်အောင် မလည်ပတ်နိုင်သေးဘဲ စစ်
အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများလည်း ဆက်ရှိနေဆဲဖြစ်သည်။Source; mizzma
Zawgyi
မေကြးတြင္ စစ္ေကာင္စီ ေထာက္ခံသူရာခိုင္ႏႈန္း ေကာက္ယူရန္ ညႊန္ၾကားထား
မေကြးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္( PDF) ႏွ
င့္ စစ္ေကာင္စီတပ္တို႔အနက္ မည္သည့္အဖြဲ႕အစည္းကို ေထာက္ခံေၾကာင္း ရပ္ကြက္၊ ေက်းရြာမ်ားအလိုက္ လူထုေထာက္ခံမႈရာခိုင္ႏႈ
န္းကို ေကာက္ယူရန္ စစ္ေကာင္စီက ညႊန္ၾကားထားေၾကာင္း အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနႏွင့္ နီးစပ္သူ ခိုင္မာေသာသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
“မေကြးၿမိဳ႕နယ္ ေထြအုပ္ကေန ရပ္/ေက်း အုပ္ခ်ဳပ္ေရးအဆင့္ေတြကို ေထာက္ခံမႈ ႏႈန္းထားေကာက္ယူဖို႔ ညႊန္ၾကားထားတဲ့စာပါ” ဟု ေျပာသည္။
အဆိုပါ ေကာက္ခံရရွိသည့္ ေထာက္ခံမႈ ရာခိုင္ႏႈန္းကို ယေန႔ စက္တင္ဘာ ၁၈ ရက္ မြန္းတည့္ ၁၂ နာရီအခ်ိန္တြင္ အေရာက္ျပန္လည္တင္ျပ
ရမည္ဟု ၿမိဳ႕နယ္ေထြအုပ္က ရပ္ေက်းအဆင့္ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ညႊန္ၾကားထားေၾကာင္း သတင္းရင္းျမစ္က ဆိုသည္။
မေကြးၿမိဳ႕ သရက္ေဒသခံတစ္ဦးက ထိုေထာက္ခံမႈ ရာခိုင္ႏႈန္းႏွင့္ ပတ္သက္ၿပီး အုပ္ခ်ဳပ္ေရးမႉးမ်ားက လာေရာက္ေကာက္ယူျခင္း မရွိေသးေၾကာင္း ေျပာသည္။
“ရပ္ကြက္မွာေတာ့ လာေကာက္တာ မရွိေသးဘူး။ ဒီလိုအခ်ိန္မွာ အခုလိုညြန္ၾကားေတာ့ သူတို႔လည္း ဘာလုပ္ရမယ္မွန္းမသိ ျဖစ္ေနတာနဲ႔တူတယ္။
သူတို႔ကလည္း ကိုယ္တိုင္ျဖည့္ေပးလိုက္ရင္ စစ္တပ္က ဒါႀကီးကိုင္ၿပီး စကားေျပာမွာဆိုေတာ့” ဟု သရက္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
အာဏာသိမ္း စစ္ေကာင္စီသည္ ၎တို႔၏ အုပ္ခ်ဳပ္ေရးယႏၲရား လည္ပတ္နိုင္ရန္ ႀကိဳးစားလုပ္ေဆာင္ေန ေသာ္လည္း အာဏာသိမ္းၿ
ပီး ခုႏွစ္လေက်ာ္ ၾကာျမင့္လာခ်ိန္အထိ အုပ္ခ်ဳပ္ေရးယႏၲရားတစ္စုံတစ္ခုကိုမၽွ ထိေရာက္ေအာင္ မလည္ပတ္နိုင္ေသးဘဲ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပမႈမ်ားလည္း ဆက္ရွိေနဆဲျဖစ္သည္။Source; mizzma