ၾကားသိသမွ်

ကိုယ်တိုင်မခံစားရလို့ သွေးအေးသွားကြသူတွေနဲ့ပတ်သက်ပြီး ထိထိမိမိ ဖွင့်ဟပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

ကိုယ်တိုင်မခံစားရလို့ သွေးအေးသွားကြသူတွေနဲ့ပတ်သက်ပြီး ထိထိမိမိ ဖွင့်ဟပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရု ပ်ဆောင်မင်းသမီးချော နန်းစန္ဒာလှထွန်းကတော့

တော်လှန်ရေး တိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့ အတူ ပါဝင်နေသူပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်း ကတော့ ဖေဖော်ဝါရီလ အစပိုင်း

ကတည်းက အရေးတော်ပုံ အောင်မြင်ဖို့အတွက် လမ်းပေါ်ထွ က်လှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေရာ ကနေ

ပါဝင်အား ဖြည့်နေသူလည်း ဖြစ်ပါတယ်။ ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီတတ်

တဲ့ နန်းစန္ဒာလှထွန်း ကတော့ လတ်တလောအ ခြေအနေတွေမှာ သွေးအေးသွားကြသူတွေနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။ တချို့

မိသားစုတွေအတွက် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေများစွာ ရှိပေမယ့် ကိုယ်တိုင်မခံစားရလို့ သွေးအေးသွားကြတဲ့ လူတချို့နဲ့ ပတ်သက်ပြီး

ထိထိမိမိ ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်..။“မင်းက တော်သေးတယ်” တော်သေးတာပေါ့ မျက်လုံးကို ကျည်ထိသွားတဲ့ ကလေး‌လေးဟာ

မင်း သမီးလေးမဟုတ်လို့ တော်သေးတာပေါ့ တော်သေးတာပေါ့ သေဆုံးသွားတဲ့ အယောက်(၇၀၀)ကျော်ထဲ အဖမ်းခံနေရတဲ့ လူထောင်

ကျော်ထဲ မင်းမိသားစု မပါတာ တော်သေးတာပေါ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားလို့ အလုပ်မရှိတဲ့ ကြားထဲ ခုန်တက်သွားတဲ့ ကုန်ဈေးနှုန်းနဲ့ ညှိ

ပြီး ထိန်းစားနေရတဲ့

ညနေစာထမင်းဝိုင်းထဲ မင်းမိသားစု မပါတာတော်သေးတာပေါ့ ယုံကြည်မှုတွေရ ပ်တန့်လို့ စုထားတဲ့ ချွေးနည်းစာအတွက် ကိုယ့်ငွေကို ငွေနဲ့

ပြန်ဝယ်ရတဲ့ထဲ မင်းမပါတာ တော်သေးတာပေါ့ လက်နက်ကြီးကျမှစိုးလို့ ရွာလုံးကျွတ် ထွက်ပြေးရတဲ့ထဲ မင်းတို့ မပါတာ တော်သေးတာပေါ့

ဒီရက်အတွင်းမှာ ထိခိုက်သွားတဲ့ ဘဝတွေထဲ မင်းမပါဘဲ ရယ်ကျဲကျဲနေနိုင်သေးတာ တော်သေးတာပေါ့ မင်းနေရာ နေရိပ်သေးတာ ဝမ်းသာ

ပါတယ် ဒါပေမယ့်အပြင်မှာရော ရင်မှာရောနေပူရှိန်ပြင်းတယ် သူငယ်ချင်းမင်းအိမ်က မဟုတ်လို့ မင်း မကြားသေးတာပါငိုသံတွေက လမ်းမ

မှာ…” ဆိုပြီး ပြောပြထားတာပါ။ နန်းစန္ဒာလှထွန်းရဲ့ အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း သူမရဲ့ခိုင်မာပြတ်သားတဲ့ စိတ်ထား

တွေကို ချီးကျူးကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။

Zawgyi

ကိုယ္တိုင္မခံစားရလို႔ ေသြးေအးသြားၾကသူေတြနဲ႔ပတ္သက္ၿပီး ထိထိမိမိ ဖြင့္ဟေျပာျပလာတဲ့ နန္းစႏၵာလွထြန္း

ဇာတ္လမ္းတြဲေတြမ်ားစြာ ရိုက္ကူးထားၿပီး ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္ေနတဲ့ သ႐ု ပ္ေဆာင္မင္းသမီးေခ်ာ နန္းစႏၵာလွထြန္း

ကေတာ့ ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာလည္း ျပည္သူေတြနဲ႔ အတူ ပါဝင္ေနသူပဲ ျဖစ္ပါတယ္။ နန္းစႏၵာလွထြန္း ကေတာ့ ေ

ဖေဖာ္ဝါရီလ အစပိုင္းကတည္းက အေရးေတာ္ပုံ ေအာင္ျမင္ဖို႔အတြက္ လမ္းေပၚထြ က္လႈပ္ရွားမႈေတြမွာ တစ္ေထာင့္တစ္ေ

နရာ ကေနပါဝင္အား ျဖည့္ေနသူလည္း ျဖစ္ပါတယ္။ က်ဆုံးသြားၾကတဲ့ သူရဲေကာင္းျပည္သူေတြအတြက္လည္း တတ္နိုင္သေလာက္

ေဖးမကူညီတတ္တဲ့ နန္းစႏၵာလွထြန္း ကေတာ့ လတ္တေလာအ ေျခအေနေတြမွာ ေသြးေအးသြားၾကသူေတြနဲ႔ ပတ္သက္ၿပီး

ေျပာျပလာပါတယ္။ တခ်ိဳ႕ မိသားစုေတြအတြက္ ျပန္မရနိုင္ေတာ့တဲ့ ဆုံးရႈံးမႈေတြမ်ားစြာ ရွိေပမယ့္ ကိုယ္တိုင္မခံစားရလို႔ ေ

သြးေအးသြားၾကတဲ့ လူတခ်ိဳ႕နဲ႔ ပတ္သက္ၿပီးထိထိမိမိ ဖြင့္ဟေျပာျပလာတာ ျဖစ္ပါတယ္..။“မင္းက ေတာ္ေသးတယ္” ေ

တာ္ေသးတာေပါ့ မ်က္လုံးကို က်ည္ထိသြားတဲ့ ကေလး‌ေလးဟာ မင္း သမီးေလးမဟုတ္လို႔ ေတာ္ေသးတာေပါ့ ေတာ္ေသး

တာေပါ့ ေသဆုံးသြားတဲ့ အေယာက္(၇၀၀)ေက်ာ္ထဲ အဖမ္းခံေနရတဲ့ လူေထာင္ေက်ာ္ထဲ မင္းမိသားစု မပါတာ ေတာ္ေသး

တာေပါ့ လုပ္ငန္းေတြ ရပ္ဆိုင္းသြားလို႔ အလုပ္မရွိတဲ့ ၾကားထဲ ခုန္တက္သြားတဲ့ ကုန္ေဈးႏႈန္းနဲ႔ ညႇိၿပီး ထိန္းစားေနရတဲ့

ညေနစာထမင္းဝိုင္းထဲ မင္းမိသားစု မပါတာေတာ္ေသးတာေပါ့ ယုံၾကည္မႈေတြရ ပ္တန႔္လို႔ စုထားတဲ့ ေခၽြးနည္းစာအတြ

က္ ကိုယ့္ေငြကို ေငြနဲ႔ ျပန္ဝယ္ရတဲ့ထဲ မင္းမပါတာ ေတာ္ေသးတာေပါ့ လက္နက္ႀကီးက်မွစိုးလို႔ ရြာလုံးကၽြတ္ ထြ

က္ေျပးရတဲ့ထဲ မင္းတို႔ မပါတာ ေတာ္ေသးတာေပါ့ ဒီရက္အတြင္းမွာ ထိခိုက္သြားတဲ့ ဘဝေတြထဲ မင္းမပါဘဲ ရယ္က်ဲက်ဲေနနိုင္ေ

သးတာ ေတာ္ေသးတာေပါ့ မင္းေနရာ ေနရိပ္ေသးတာ ဝမ္းသာပါတယ္ ဒါေပမယ့္အျပင္မွာေရာ ရင္မွာေရာ

ေနပူရွိန္ျပင္းတယ္ သူငယ္ခ်င္းမင္းအိမ္က မဟုတ္လို႔ မင္း မၾကားေသးတာပါငိုသံေတြက လမ္းမမွာ…” ဆိုၿပီး ေျပာျပထား

တာပါ။ နန္းစႏၵာလွထြန္းရဲ့ အဲ့ဒီပို႔စ္ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း သူမရဲ့ခိုင္မာျပတ္သားတဲ့ စိတ္ထားေတြကို ခ်ီးက်ဴးကာ

အားေပးစကားေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္။