ၾကားသိသမွ်

စကားသံဖြင့် အမိန့်ပေး စေခိုင်းနိုင်အောင် စီမံပေးထားတဲ့ တစ်မူထူးခြားတဲ့ အများသုံး အိမ်သာ (၁)

အနာဂတ်စိတ်ကူးများဖြင့် အများသုံးအိမ်သာတစ်လုံးကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ရှီဘူယမှာ တည်ဆောက်ခဲ့ပါတယ်။ စကားသံဖြင့် အမိန့်ပေး

စေခိုင်းနိုင်အောင် စီမံပေးထားတယ်။

ဒီဇိုင်းသမားက Kazoo Sato ဖြစ်ပြီး အင်္ဂလိပ်စကားနဲ့ ဂျပန်စကား နှစ်မျိုး သုံးနိုင်တယ်။ ဂီတသံဖြင့် ဖျော်ဖြေရေးလည်း စီစဉ်ပေးထား

တယ်။ပုံပန်းသဏ္ဍန်က အာကာသယာဉ် ထိပ်ဖူးနဲ့ ဆင်ဆင်တူနေတဲ့ အိမ်သာက Tokyo Toilet စီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါ

တယ်။ ဂျပန်နိုင်ငံရဲ့ အတော်ဆုံး အထူးချွန်ဆုံး ဗိသုကာပညာရှင်တွေ၊ ဆန်းစစ်တီထွင်မှုမှာ တော်တဲ့သူတွေရဲ့ စိတ်ကူးတွေကို လက်တွေ

အကောင်အထည်ဖော်ပါတယ်။ ယခုအိမ်သာရဲ့ စိတ်ကူးရှင် Kazoo Sato က TBWA/Hakuhodo ကြော်ငြာအေဂျင်စီရဲ့ chief creative

officer ဖြစ်ပါတယ်။

Sato က ကိုဗစ်ကာလမှ လက်ဖြင့် ထိတွေ့ရတာတွေကို လူတွေ တတ်နိုင်သမျှ ရှောင်ကြဉ်လိုကြတဲ့အချက်ကို ဖြည့်ဆည်းပေးတဲ့အနေဖြင့်

အိမ်သာကို အသံဖြင့် စေခိုင်းလို့ ရအောင် ဒီဇိုင်းထုတ်ခဲ့ပါတယ်။

အိမ်သာထဲ ဝင်လိုက်ပြီးရင် ‘hi, toilet’ လို့ ပီပီသသ ပြောဆိုပြီး နှုတ်ခွန်းဆက်လိုက်ပါ။ ခေါင်းလောင်းသံတစ်ချက်ပေးပြီး စေခိုင်းတာကို

လုပ်ဖို့ အသင့်ဖြစ်ကြောင်း အကြောင်းပြန်ပါတယ်။

တံခါးအဖွင့်အပိတ် ခိုင်းဖို့အတွက် ‘open the door’ ‘close the door’ လို့ ပီပီသသ ပြောလိုက်ရုံပါပဲ။ တံခါးကို လက်နဲ့ ထိကိုင်စရာ မလို

ဘူး။ ဖွင့်ခိုင်းရင် ဖွင့်ပေးမယ်။ ပိတ်ခိုင်းရင် ပိတ်ပေးပါလိမ့်မယ်။ ရေဆွဲချစေချင်ရင် ‘flush toilet’ လို့ ပီပီသသ ပြောပြီး စေခိုင်းလိုက်ရုံပါပဲ။

ဝမ်းဗိုက်ကြွက်သားတွေ အလုပ်လုပ်ဖို့အတွက် ဂီတသံကိုလည်း ဖွင့်ပေးမှာ ဖြစ်ပါတယ်။

မျက်နှာကြက်အမြင့်က လေးမီတာ ရှိပြီး လေဝင်လေထွက် စီစဉ်ပေးထားလို့ အနံ့အသက်တွေ ပိတ်လှောင်နေမှာကို ပူစရာမလိုဘူး။

Shibuya ရဲ့ Nanago Dori Park ထဲမှာ တည်ဆောက်ပေးထားတာ ဖြစ်ပြီး ဘီးတပ်ကုလားထိုင်ဖြင့် သွားလာရတဲ့သူတွေအတွက်ပါ

အဆင်ပြေအောင် ထည့်စဉ်းစားပေးထားပါတယ်။

Zawgyi

အနာဂတ္စိတ္ကူးမ်ားျဖင့္ အမ်ားသုံးအိမ္သာတစ္လုံးကို ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕ရွိ ရွီဘူယမွာ တည္ေဆာက္ခဲ့ပါတယ္။ စကားသံျဖင့္ အမိန႔္ေပး ေစခိုင္းနိုင္ေအာင္ စီမံေပးထားတယ္။

ဒီဇိုင္းသမားက Kazoo Sato ျဖစ္ၿပီး အဂၤလိပ္စကားနဲ႔ ဂ်ပန္စကား ႏွစ္မ်ိဳး သုံးနိုင္တယ္။ ဂီတသံျဖင့္ ေဖ်ာ္ေျဖေရးလည္း စီစဥ္ေပးထားတယ္။

ပုံပန္းသ႑န္က အာကာသယာဥ္ ထိပ္ဖူးနဲ႔ ဆင္ဆင္တူေနတဲ့ အိမ္သာက Tokyo Toilet စီမံကိန္းရဲ့ အစိတ္အပိုင္း တစ္ခု ျဖစ္ပါတယ္။ ဂ်ပန္နိုင္ငံရဲ့

အေတာ္ဆုံး အထူးခၽြန္ဆုံး ဗိသုကာပညာရွင္ေတြ၊ ဆန္းစစ္တီထြင္မႈမွာ ေတာ္တဲ့သူေတြရဲ့ စိတ္ကူးေတြကို လက္ေတြအေကာင္အထ

ည္ေဖာ္ပါတယ္။ ယခုအိမ္သာရဲ့ စိတ္ကူးရွင္ Kazoo Sato က TBWA/Hakuhodo ေၾကာ္ျငာေအဂ်င္စီရဲ့ chief creative officer ျဖစ္ပါတယ္။

Sato က ကိုဗစ္ကာလမွ လက္ျဖင့္ ထိေတြ႕ရတာေတြကို လူေတြ တတ္နိုင္သမၽွ ေရွာင္ၾကဥ္လိုၾကတဲ့အခ်က္ကို ျဖည့္ဆည္းေပးတဲ့အေနျဖင့္ အိမ္သာကို အသံျဖင့္ ေစခိုင္းလို႔ ရေအာင္ ဒီဇိုင္းထုတ္ခဲ့ပါတယ္။

အိမ္သာထဲ ဝင္လိုက္ၿပီးရင္ ‘hi, toilet’ လို႔ ပီပီသသ ေျပာဆိုၿပီး ႏႈတ္ခြန္းဆက္လိုက္ပါ။ ေခါင္းေလာင္းသံတစ္ခ်က္ေပးၿပီး ေစခိုင္းတာကို လုပ္ဖို႔ အသင့္ျဖစ္ေၾကာင္း အေၾကာင္းျပန္ပါတယ္။

တံခါးအဖြင့္အပိတ္ ခိုင္းဖို႔အတြက္ ‘open the door’ ‘close the door’ လို႔ ပီပီသသ ေျပာလိုက္႐ုံပါပဲ။ တံခါးကို လက္နဲ႔ ထိကိုင္စရာ မ

လိုဘူး။ ဖြင့္ခိုင္းရင္ ဖြင့္ေပးမယ္။ ပိတ္ခိုင္းရင္ ပိတ္ေပးပါလိမ့္မယ္။ ေရဆြဲခ်ေစခ်င္ရင္ ‘flush toilet’ လို႔ ပီပီသသ ေျပာၿပီး ေစခိုင္းလိုက္႐ုံပါပဲ။ ဝမ္းဗိုက္ႂကြက္သားေတြ အလုပ္လုပ္ဖို႔အတြက္ ဂီတသံကိုလည္း ဖြင့္ေပးမွာ ျဖစ္ပါတယ္။

မ်က္ႏွာၾကက္အျမင့္က ေလးမီတာ ရွိၿပီး ေလဝင္ေလထြက္ စီစဥ္ေပးထားလို႔ အနံ့အသက္ေတြ ပိတ္ေလွာင္ေနမွာကို ပူစရာမလိုဘူး။

Shibuya ရဲ့ Nanago Dori Park ထဲမွာ တည္ေဆာက္ေပးထားတာ ျဖစ္ၿပီး ဘီးတပ္ကုလားထိုင္ျဖင့္ သြားလာရတဲ့သူေတြအတြက္ပါ အဆင္ေျပေအာင္ ထည့္စဥ္းစားေပးထားပါတယ္။