ၾကားသိသမွ်

CDF ဟာခါး ထံသို့ စစ်သား ၆ ဦး နှင့် ရဲဝန်ထမ်း ၁၅၀ကျော် CDM ဝင်ရောက်လာ

CDF ဟာခါး ထံသို့ စစ်သား ၆ ဦး နှင့် ရဲဝန်ထမ်း ၁၅၀ကျော် CDM ဝင်ရောက်လာ

ပါခွီး

ချင်းပြည်နယ်အတွင်းရှိ CDF ဟာခါး ထံသို့ ဆက်သွယ်ပြီး စစ်‌ကောင်စီတပ်ဖွဲ့မှ ခြောက်ဦး၊ ခရိုင်ရဲ၊ ပြည်နယ်ရဲများအပါအဝင် ရဲဝန်ထမ်း

၁၅၀ကျော် CDM ပြုလုပ်လာကြောင်း CDF ဟာခါး ပြောရေးဆိုခွင့်ရှိသူ ဂျွန်မှ ပြောကြားသည်။

အဆိုပါ အရေအတွက်သည် မတ် ၂ရက်မှစ၍ ယနေ့အချိန်အထိ CDM ဝင်လာကြသည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။

“စစ်တပ်က CDM လုပ်လာတဲ့ ခြောက်ယောက်ထဲက နှစ်ယောက်က လက်နက်နဲ့ပါဝင်လာတာဖြစ်တဲ့အတွက် ဟာခါး CDF ရဲ့

ဆုံးဖြတ်ချက်အတိုင်း ဆုငွေများကိုချီးမြှင့်သွားမှာဖြစ်တယ်။ လက်နက်ပါမလာသူတွေနဲ့ ရဲဝန်ထမ်းတွေကိုလည်း လုံခြုံတဲ့နေရာကို တာဝန်

ယူပို့ဆောင်ပေးမှာဖြစ်တယ်” ၎င်းကဟု ပြောသည်။

ယင်းအပြင် CDF ဟာခါးအနေဖြင့် ဒလန်ကိစ္စနှင့် ပတ်သက်၍ အထူးသတိထားလုပ်ဆောင်နေကြောင်းနှင့် သေချာ စိစစ်ပြီးမှသာလျှင်

အပြစ်ပေးအရေးယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဂျွန်က ဆက်လက်ပြောကြားသည်။

CDF ဟာခါး ပြော‌ရေးဆိုခွင့်ရှိသူ ဂျွန် မှ “ကျွန်တော် တို့ကြေညာချက်ဟာ နွေးထွေးစွာဖိတ်ခေါ်တာဖြစ်သလို သတိပေးတာလည်းဖြစ်ပါ

တယ်။ တကယ်လို့ CDM မဝင်ဘဲ အာဏာရှင်ဘက်မှာ ဆက်လက် ရပ်တည်နေမယ်ဆိုရင် ကျွန်တော်တို့ အရပ်သားပြည်သူများကို အထူး

ရှောင်ကြဥ်ပြီး စစ်ဘက် ရဲဘက်က အုပ်ချုပ်ရေး ယန္တရား များကို တိုက်ခိုက်သွားမှာဖြစ်တယ်။ တွေ့ရာနေရာတိုင်းမှာ ဖမ်းဆီးတာ ၊ချေမှုန်း

တာလုပ်ပါမယ်” ဟု ပြောသည်။

စက်တင်ဘာ ၁၆ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ပြည်သူ့အာဏာကို အကြမ်းဖက်လုယူပြီး ပြည်သူများ၏ အသက်

အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်၊သတ်ဖြတ်၊လုယူနေခြင်းများကို ဆန့်ကျင်ကာ နိုင်ငံသားတာဝန်သိ စိတ်ဓာတ်ဖြင့် ပူးပေါင်းကြရန်ဖိတ်

ခေါ်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် CDM ဝင်ရောက်လာသော ဝန်ထမ်းနှင့် မိသားစုများအတွက် လုံခြုံရေး ၊ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများ

တာဝန်ယူသွားမည်ဖြစ်ပြီး လက်နက်ငယ်နှင့် ကျည်ဆန်ယူဆောင်လာပါက ကျပ်သိန်း ၅၀၊ လက်နက်ကြီးနှင့် ကျည်ဆန်ယူဆောင်လာပါက

ကျပ်သိန်း၁၀၀ နှင့် ဌာနဆိုင်ရာ ကားများ ယူလာပါက ကျပ် သိန်း၅၀ ဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

Zawgyi

CDF ဟာခါး ထံသို႔ စစ္သား ၆ ဦး ႏွင့္ ရဲဝန္ထမ္း ၁၅၀ေက်ာ္ CDM ဝင္ေရာက္လာ

ပါခြီး

ခ်င္းျပည္နယ္အတြင္းရွိ CDF ဟာခါး ထံသို႔ ဆက္သြယ္ၿပီး စစ္‌ေကာင္စီတပ္ဖြဲ႕မွ ေျခာက္ဦး၊ ခရိုင္ရဲ၊ ျပည္နယ္ရဲမ်ားအပါအဝင္ ရဲဝန္ထမ္း

၁၅၀ေက်ာ္ CDM ျပဳလုပ္လာေၾကာင္း CDF ဟာခါး ေျပာေရးဆိုခြင့္ရွိသူ ဂၽြန္မွ ေျပာၾကားသည္။

အဆိုပါ အေရအတြက္သည္ မတ္ ၂ရက္မွစ၍ ယေန႔အခ်ိန္အထိ CDM ဝင္လာၾကသည့္ အေရအတြက္ျဖစ္ေၾကာင္း သိရသည္။

“စစ္တပ္က CDM လုပ္လာတဲ့ ေျခာက္ေယာက္ထဲက ႏွစ္ေယာက္က လက္နက္နဲ႔ပါဝင္လာတာျဖစ္တဲ့အတြက္ ဟာခါး CDF ရဲ့ဆုံးျဖတ္ခ်က္အတိုင္း

ဆုေငြမ်ားကိုခ်ီးျမႇင့္သြားမွာျဖစ္တယ္။ လက္နက္ပါမလာသူေတြနဲ႔ ရဲဝန္ထမ္းေတြကိုလည္း လုံျခဳံတဲ့ေနရာကို တာဝန္ယူပို႔ေဆာင္ေပးမွာျဖစ္တယ္” ၎ကဟု ေျပာသည္။

ယင္းအျပင္ CDF ဟာခါးအေနျဖင့္ ဒလန္ကိစၥႏွင့္ ပတ္သက္၍ အထူးသတိထားလုပ္ေဆာင္ေနေၾကာင္းႏွင့္ ေသခ်ာ စိစစ္ၿပီးမွ

သာလၽွင္ အျပစ္ေပးအေရးယူျခင္းမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ဂၽြန္က ဆက္လက္ေျပာၾကားသည္။

CDF ဟာခါး ေျပာ‌ေရးဆိုခြင့္ရွိသူ ဂၽြန္ မွ “ကၽြန္ေတာ္ တို႔ေၾကညာခ်က္ဟာ ေႏြးေထြးစြာဖိတ္ေခၚတာျဖစ္သလို သတိေ

ပးတာလည္းျဖစ္ပါတယ္။ တကယ္လို႔ CDM မဝင္ဘဲ အာဏာရွင္ဘက္မွာ ဆက္လက္ ရပ္တည္ေနမယ္ဆိုရင္ ကၽြန္ေတာ္တို႔ အရပ္သားျပည္သူမ်ားကို

အထူး ေရွာင္ၾကဥ္ၿပီး စစ္ဘက္ ရဲဘက္က အုပ္ခ်ဳပ္ေရး ယႏၲရား မ်ားကို တိုက္ခိုက္သြားမွာျဖစ္တယ္။ ေတြ႕ရာေနရာတိုင္းမွာ ဖမ္းဆီးတာ ၊ေခ်မႈန္းတာလုပ္ပါမယ္” ဟု ေျပာသည္။

စက္တင္ဘာ ၁၆ရက္ ရက္စြဲျဖင့္ ထုတ္ျပန္သည့္ ေၾကညာခ်က္တြင္လည္း ျပည္သူ႔အာဏာကို အၾကမ္းဖက္လုယူၿပီး ျပည္သူမ်ား၏ အသက္အိုး

အိမ္စည္းစိမ္မ်ားကို ၿခိမ္းေျခာက္၊သတ္ျဖတ္၊လုယူေနျခင္းမ်ားကို ဆန႔္က်င္ကာ နိုင္ငံသားတာဝန္သိ စိတ္ဓာတ္ျဖင့္ ပူးေပါင္းၾကရန္ဖိတ္ေခၚထားသည္။

ယင္းထုတ္ျပန္ခ်က္တြင္ CDM ဝင္ေရာက္လာေသာ ဝန္ထမ္းႏွင့္ မိသားစုမ်ားအတြက္ လုံျခဳံေရး ၊ စားဝတ္ေနေရးႏွင့္ က်န္းမာေ

ရးကိစၥမ်ားတာဝန္ယူသြားမည္ျဖစ္ၿပီး လက္နက္ငယ္ႏွင့္ က်ည္ဆန္ယူေဆာင္လာပါက က်ပ္သိန္း ၅၀၊ လက္နက္ႀကီးႏွင့္ က်ည္ဆန္ယူေဆာင္လာ

ပါက က်ပ္သိန္း၁၀၀ ႏွင့္ ဌာနဆိုင္ရာ ကားမ်ား ယူလာပါက က်ပ္ သိန္း၅၀ ဆုေငြခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ပါရွိသည္။