ငါးထောင်တန်နဲ့ တစ်သောင်းတန်ငွေစက္ကူတွေ ဖျက်တယ်ဆိုတဲ့ အမိန့်စာအတုဖြန့်မှုနဲ့ မန္တလေးက လင်မယား၂ယောက် အဖမ်းခံရတယ်လို့ သတင်းထွက်
ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်နဲ့ ကျပ်ငါးထောင်နဲ့တစ်သောင်းတန် ငွေစက္ကူတွေ စက်တင် ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂
နာရီကစပြီး တရားဝင်ငွေစက္ကူအဖြစ်က ရပ်စဲလိုက်တယ်ဆိုတဲ့ လူမှုကွန်ရက်မှာ ပျံ့နေတဲ့ စာ ဖြန့်ဝေမှုနဲ့ မန္တလေးက မစန္ဒာအေးတို့
လင်မယားနှစ်ယောက်ကို ဖမ်းလိုက်ပြီလို့ စစ်အုပ်စုကိုထောက်ခံတဲ့ သူတွေရဲ့ လူမူကွန်ယက် အကောင့်တွေမှာတင်ထားကို တွေ့ရပါတယ်။
ငါးထောင်တန်နဲ့ တစ်သောင်းတန်ငွေစက္ကူတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီကစပြီး တရားဝင်ငွေစက္ကူအဖြစ်က ရပ်စဲ
လိုက်တယ်ဆိုတဲ့စာဟာ အတုဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အတည်ပြ
ပါတယ်။အဲ့ဒီ့ အမိန့်စာ မှာ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးထားပြီး ငွေကြေးတန်ဖိုး ကျဆင်းခြင်းနဲ့
ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဒီအမိန့်ကို ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးတော့ ဒီစာဟာ စစ်အုပ်စုကို ဆန့်ကျင်နေတဲ့ မသမာတဲ့သူတွေက ထုတ်ပြန်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောထား
ပြီး ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ ငွေစက္ကူတွေကို ယုံယုံကြည်ကြည် သုံးကြဖို့ကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်းပါတယ်။
စစ်အုပ်စုကလိုက်နာနေတယ်ဆိုတဲ့ စစ်ကောင်စီ ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ငွေစက္ကူတွေကို ဖျက်သိမ်းတာကို တားမြစ်
ထားပါတယ်။
Zawgyi
ငါးေထာင္တန္နဲ႔ တစ္ေသာင္းတန္ေငြစကၠဴေတြ ဖ်က္တယ္ဆိုတဲ့ အမိန႔္စာအတုျဖန႔္မႈနဲ႔ မႏၲေလးက လင္မယား၂ေယာက္ အဖမ္းခံရတယ္လို႔ သတင္းထြက္
ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးလက္မွတ္နဲ႔ က်ပ္ငါးေထာင္နဲ႔တစ္ေသာင္းတန္ ေငြစကၠဴေတြ စက္တင္ ဘာလ ၁၆ ရက္ေန႔ မြ
န္းလြဲ ၂ နာရီကစၿပီး တရားဝင္ေငြစကၠဴအျဖစ္က ရပ္စဲလိုက္တယ္ဆိုတဲ့ လူမႈကြန္ရက္မွာ ပ်ံ႕ေနတဲ့ စာ ျဖန႔္ေဝမႈနဲ႔ မႏၲေလးက မစႏၵာေ
အးတို႔ လင္မယားႏွစ္ေယာက္ကို ဖမ္းလိုက္ၿပီလို႔ စစ္အုပ္စုကိုေထာက္ခံတဲ့ သူေတြရဲ့ လူမူကြန္ယက္ အေကာင့္ေတြမွာတင္ထားကို ေတြ႕ရပါတယ္။
ငါးေထာင္တန္နဲ႔ တစ္ေသာင္းတန္ေငြစကၠဴေတြကို စက္တင္ဘာလ ၁၆ ရက္ေန႔ မြန္းလြဲ ၂ နာရီကစၿပီး တရားဝင္ေငြစကၠဴအျဖစ္က ရပ္စဲ
လိုက္တယ္ဆိုတဲ့စာဟာ အတုျဖစ္တယ္လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း အတည္ျပပါတယ္။
အဲ့ဒီ့ အမိန႔္စာ မွာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက လက္မွတ္ေရးထိုးထားၿပီး ေငြေၾကးတန္ဖိုး က်ဆင္းျခင္းနဲ႔ ေငြေၾကးေဖာင္းပြမႈကို ထိန္းခ်ဳပ္ဖို႔ စစ္ေကာင္စီက ဒီအမိန႔္ကို ထုတ္ျပန္တယ္လို႔ ေဖာ္ျပထားပါတယ္။
ၿပီးေတာ့ ဒီစာဟာ စစ္အုပ္စုကို ဆန႔္က်င္ေနတဲ့ မသမာတဲ့သူေတြက ထုတ္ျပန္တယ္လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က
ေျပာထားၿပီး ဗဟိုဘဏ္က ထုတ္ေဝထားတဲ့ ေငြစကၠဴေတြကို ယုံယုံၾကည္ၾကည္ သုံးၾကဖို႔ကိုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တိုက္တြန္းပါတယ္။
စစ္အုပ္စုကလိုက္နာေနတယ္ဆိုတဲ့ စစ္ေကာင္စီ ရဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာလည္း ေငြစကၠဴေတြကို ဖ်က္သိမ္းတာကို တားျမစ္ထားပါတယ္။