ၾကားသိသမွ်

ဟားဗတ်တက္ကသိုလ်မှ ပါရဂူဘွဲ့ရဟု လိမ်လည်၍ သင်တန်းကျောင်းဖွင့်သူကို AA က ဖမ်းဆီးစစ်ဆေ

ဟားဗတ်တက္ကသိုလ်မှ ပါရဂူဘွဲ့ရဟု လိမ်လည်၍ သင်တန်းကျောင်းဖွင့်သူကို AA က ဖမ်းဆီးစစ်ဆေးနေဟုဆို

ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှ အင်္ဂလိပ်စာပေအထူးပြုဘာသာရပ်ဖြင့် ပါရဂူ (Ph.D) ဘွဲ့ရဟု လိမ်လည်၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့

တွင် Vertex International Myanmarနှင့် Rakhine Education Development Program (REDP) တို့ကို ဖွင့်လှစ်တည်ထောင်ခဲ့သူ

စည်သူအောင်ကို AA အဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ယင်းအဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က စက်တင်ဘာ ၁၅

ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် အသိပေးပြောကြားခဲ့သည်။

ဒေါက်တာအတုကိစ္စနှင့်ပတ်သက်သူအား ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောကြား

ခဲ့သည်။ဟားဗတ်မှ Ph.D ရသူ တည်ထောင်သည့် သင်တန်းကျောင်းဟုဆိုကာ ယင်းသင်တန်းကျောင်းများအပေါ် ရခိုင်လူငယ်များအကြား

စိတ်ဝင်စားမှုများ မြင့်တက်ခဲ့သည်။ ဒီလိုမာဟုခေါင်းစဉ်တပ်ကာ ဖွင့်လှစ်ခဲ့သည့် ၄ လကြာ အင်္ဂလိပ်စာသင်တန်းအတွက် တဦးလျှင်

သင်တန်းကြေး ၅ သိန်းအထိ ကောက်ခံခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် သင်တန်းတက်ရောက်ရန် သင်တန်းကြေးပေးသွင်းထားပြီး ပြန်လည်တောင်းယူ၍ မရခြင်းအပါအဝင် သင်တန်းတက်ရောက်ခဲ့

သူများတွင် နစ်နာမှုများ ရှိနေကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ AA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခိုင်သုခက “ဒေါက်တာအတုကိစ္စနဲ့ ပတ်သတ်ပြီးတော့ သက်ဆိုင်တဲ့သူကို

ကျွန်တော်တို့ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့မှခေါ်ယူ ထိန်းသိမ်းပြီးတော့မှ စစ်ဆေးနေတာရှိတယ်။

အဓိကကတော့ နစ်နာတဲ့ပြည်သူတွေရဲ့ တရားမျှတမှု ရရှိဖို့အတွက် ကျွန်တော်တို့ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်”ဟု ပြော

ကြားခဲ့ကြောင်း Western News သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်း Ph.D ဘွဲ့ကိစ္စနှင့် ပတ်သက်၍ သတင်းထောက်မိုးမြင့်က စုံစမ်းဖော်ထုတ်ရေးသားထားသည့် ဆောင်ပါးတပုဒ်မှာ စက်တင်ဘာ ၁၃

ရက်နေ့တွင် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့ခဲ့သည်။ယင်းနေ့ ညနေပိုင်းတွင် စည်သူအောင်ကိုယ်တိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်

live လွှင့်၍ ဟားဗတ်တက္ကသိုလ်မှ Ph.D ဘွဲ့ရရှိထားသည်ဆိုခြင်းမှာ လိမ်လည်ထားခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး တောင်းပန်ခဲ့သည်ဟု သိရ

သည်။Source; WN

Zawgyi

ဟားဗတ္တကၠသိုလ္မွ ပါရဂူဘြဲ႕ရဟု လိမ္လည္၍ သင္တန္းေက်ာင္းဖြင့္သူကို AA က ဖမ္းဆီးစစ္ေဆးေနဟုဆို

ကမၻာေက်ာ္ ဟားဗတ္တကၠသိုလ္မွ အဂၤလိပ္စာေပအထူးျပဳဘာသာရပ္ျဖင့္ ပါရဂူ (Ph.D) ဘြဲ႕ရဟု လိမ္လည္၍ ရခိုင္ျပည္နယ္၊ စစ္ေ

တြၿမိဳ႕တြင္ Vertex International Myanmarႏွင့္ Rakhine Education Development Program (REDP) တို႔ကို ဖြင့္လွစ္တ

ည္ေထာင္ခဲ့သူ စည္သူေအာင္ကို AA အဖြဲ႕က ဖမ္းဆီးစစ္ေဆးေနေၾကာင္း ယင္းအဖြဲ႕ ဒုတိယစစ္ဦးစီးခ်ဳပ္ ေဒါက္တာညိဳထြန္းေ

အာင္က စက္တင္ဘာ ၁၅ ရက္ေန႔တြင္ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွတဆင့္ အသိေပးေျပာၾကားခဲ့သည္။

ေဒါက္တာအတုကိစၥႏွင့္ပတ္သက္သူအား ရကၡိဳင္ျပည္သူ႔အာဏာပိုင္အဖြဲ႕မွ ေခၚယူထိန္းသိမ္းၿပီး စစ္ေဆးလ်က္ရွိေၾကာင္း ၎က ေျပာၾကားခဲ့သည္။

ဟားဗတ္မွ Ph.D ရသူ တည္ေထာင္သည့္ သင္တန္းေက်ာင္းဟုဆိုကာ ယင္းသင္တန္းေက်ာင္းမ်ားအေပၚ ရခိုင္လူငယ္မ်ားအၾကား စိတ္ဝ

င္စားမႈမ်ား ျမင့္တက္ခဲ့သည္။ ဒီလိုမာဟုေခါင္းစဥ္တပ္ကာ ဖြင့္လွစ္ခဲ့သည့္ ၄ လၾကာ အဂၤလိပ္စာသင္တန္းအတြက္ တဦးလၽွင္ သင္တန္းေၾကး ၅ သိန္းအထိ ေကာက္ခံခဲ့သည္ဟု ဆိုသည္။

လက္ရွိတြင္ သင္တန္းတက္ေရာက္ရန္ သင္တန္းေၾကးေပးသြင္းထားၿပီး ျပန္လည္ေတာင္းယူ၍ မရျခင္းအပါအဝင္ သင္တန္းတက္ေရာက္ခဲ့သူမ်ားတြင္ နစ္နာမႈမ်ား ရွိေနေၾကာင္း သိရသည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ AA ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ခိုင္သုခက “ေဒါက္တာအတုကိစၥနဲ႔ ပတ္သတ္ၿပီးေတာ့ သက္ဆိုင္တဲ့သူကို ကၽြန္ေတာ္တို႔ရကၡိဳင့္ျပည္သူ႔အာဏာပိုင္အဖြဲ႕မွေခၚယူ ထိန္းသိမ္းၿပီးေတာ့မွ စစ္ေဆးေနတာရွိတယ္။

အဓိကကေတာ့ နစ္နာတဲ့ျပည္သူေတြရဲ့ တရားမၽွတမႈ ရရွိဖို႔အတြက္ ကၽြန္ေတာ္တို႔ လိုအပ္တဲ့စုံစမ္းစစ္ေဆးမႈေတြလုပ္ေနတယ္”ဟု ေျပာၾကားခဲ့ေၾကာင္း Western News သတင္းဌာနက ေဖာ္ျပခဲ့သည္။

ယင္း Ph.D ဘြဲ႕ကိစၥႏွင့္ ပတ္သက္၍ သတင္းေထာက္မိုးျမင့္က စုံစမ္းေဖာ္ထုတ္ေရးသားထားသည့္ ေဆာင္ပါးတပုဒ္မွာ စက္တင္ဘာ ၁၃ ရက္ေန႔တြင္ လူမႈကြန္ရက္ေပၚ၌ ပ်ံ႕ႏွံ့ခဲ့သည္။

ယင္းေန႔ ညေနပိုင္းတြင္ စည္သူေအာင္ကိုယ္တိုင္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ live လႊင့္၍ ဟားဗတ္တကၠသိုလ္မွ Ph.D ဘြဲ႕ရရွိထားသည္ဆိုျခင္းမွာ လိမ္လည္ထားျခင္းျဖစ္ေၾကာင္း ဝန္ခံခဲ့ၿပီး ေတာင္းပန္ခဲ့သည္ဟု သိရသည္။Source; WN