ညီလာခံတက်တဲ့ ဦးကျော်မိုးထွန်းနှင့် တရုတ်တကယ် ပြောင်းလဲပြီလား
စစ်ကောင်စီဟာ ဖေဖော်ဝါရီ အာဏာသိမ်းမှု့စတင်ချိန်ကတည်းက နိုင်ငံ တကာရဲ့ထောက်ခံမှု့ကို အစွမ်းကုန်ကြိူးစားခဲ့တယ် ။ ဒီလိုကြိူး
စားရာမှာ ငွေ ၊ သံယံဇာတနဲ့ လုပ်ပိုင်ခွင့်တွေကို ပုံအောပြီး အသုံးပြုခဲ့တယ်။
အထူးသဖြင့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှာ ပြည်သူ့ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖြုတ်ချပြီး ၊ စစ်ကောင်စီလက် အောက်ခံ
နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ ကိုယ် စားလှယ်အဖွဲ့ကို ပွဲထုတ်ဖို့ ကြိူးစားခဲ့တယ်။
ကုလအဖွဲ့က အတည်ပြုပေးမယ့် တရားဝင်အစိုးရအဖြစ်နဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု့ကို ရယူချင်တာပါ ။ ဒါ့ကြောင့်လည်း ဦးကျော်မိုး
ထွန်းကို အနာတရဖြစ်အောင် ( သို့မဟုတ် ) သေစေနိုင်တဲ့အထိ လုပ်ကြံဖို့ ကြိူးစားခဲ့ကြတယ် ။
သို့ပေမယ့် အာဏာသိမ်းစဉ်ကတည်း က စစ်ကောင်စီကို ကျားကန်ပေးနေတဲ့ ရုရှားနဲ့တရုတ်ဟာ ညီလာခံမတိုင်မီ ရက်ပိုင်းမှာတော့ လေသံ
ပြောင်းသွားပါတယ် ။ လေသံပြောင်းရခြင်းဟာ ဘယ်လို စီစဉ်မှု့တွေနဲ့ အလျှော့ ပေးလာသလဲဆိုတာတော့ မသိရသေးပါဘူး ။
တရုတ်ရဲ့ လေသံပြောင်းရခြင်းက တော့ အမေရိကန်နဲ့ အလွတ်တန်းဆွေးနွေးမှု့အပြီးမှာ ပြောင်းခဲ့တာပါ ။ အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့
သံတ မန်နည်းလမ်း ကြွယ်ဝ ပြည့်စုံမှု့လို့ ပြောလို့ရပါတယ် ။
မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်းဟာ ကုလညီလာခံမတိုင်ခင်မှာ ညီလာခံတက်ရောက်ဖို့ မသေချာသလိုလို ရှိနေခဲ့ပေ
မယ့် ၊ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ ညီလာခံခန်းမအတွင်းမှာ တရားဝင် တက်ရောက်ခွင့်ရခဲ့ပါတယ် ။ စက် တင်ဘာလ ၂၇ ရက်နေ့မှာ
မြန်မာ နိုင်ငံကို ကိုယ်စားပြုပြီး စကားပြော ခွင့်ရဖို့လည်း သေချာသလောက်ပါ ။
၇၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ အဖွင့်နေ့မှာ အတွင်းရေးမှုးချုပ် ANTONIO GUTERRES က ညီလာခံကျင်းပကြောင်း ကြေငြာပါ
တယ် ။ အထွေထွေညီလာခံရဲ့ သဘာပတိဖြစ်သူ VOLKAN BOZKIR က နုတ်ဆက်စကား ပြောပါတယ် ။
ညီလာခံ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသူ အဗ္ဗဒူလာရှာဟစ်က ကျမ်းသစ္စာကျိန်ဆိုပါတယ် ။ အဲ့ဒီနောက်မှာတော့ အထောက်အထားစီစစ်ရေး
ကော်မတီဝင် ၉ နိုင်ငံကို ရွေး ချယ်ပါတယ် ။ ဒီနိုင်ငံတွေကတော့ အမေရိကန် ၊ ဆွီဒင် ၊ ရုရှား ၊ တရုတ် ၊ ချီလီ ၊ ဘူတန် ၊ တောင်အာဖရိက ၊
ဘဟားမားနဲ့ ဆီယာရာလီကွန် နိုင်ငံတွေပါ ။
၇၆ ကြိမ်မြောက် ကုလညီလာခံရဲ့ အဓိကဆွေးနွေးရမယ့် အကြောင်း အရာက ၅ ခု ရှိပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံအတွက် တရားဝင်
ကိုယ် စားပြုမှု့ ပြဿနာ ၊ အာဖဂန်နစ္စတန် ၊ ဂီနီနိုင်ငံအရေးနဲ့ ကိုဗစ်ကပ်ရောဂါ ပြဿနာတွေ ပါဝင်ပါတယ် ။
၇၆ ကြိမ်မြောက် ကုလညီလာခံမှာ ရှားရှားပါးပါး ဖြစ်စဉ်တစ်ခုလို့ နိုင်ငံ တကာက အသိအမှတ်ပြုထားတဲ့ အကြောင်းအရာတစ်ခုလည်း ရှိပါ
တယ် ။ အဲ့ဒါကတော့ မြန်မာဆိုတဲ့ ဇာတ်ရုံကြီးမှာ ” ကြားခံကိုယ်စား လှယ်စစ်မြေပြင် ” ( PROXY WAR ) အဖြစ် ကပြအသုံးတော်မခံကြ
ဖို့အတွက် အမေရိကန်နဲ့တရုတ်တို့ သဘောတူညီခဲ့ကြတဲ့ အကြောင်းပါ ။
” စစ်အာဏာသိမ်းစဉ်ကတည်းက စစ်ကောင်စီနဲ့ ဖက်လှဲတကင်းဖြစ်နေတဲ့ တရုတ်ဟာ ဘာ့ကြောင့်များ သံသယဖြစ်ဖွယ် ရုတ်တရက်
ပြောင်းလဲရတာလဲ ” ဆိုတဲ့ မေးခွန်းကိုလည်း နိုင်ငံ တကာက သံတမန်အချင်းချင်း မေး ခွန်းထုတ်နေကြပါတယ် ။
ဒီအဖြေကတော့ တရုတ်ဟာ နိုင်ငံ တကာရဲ့ ဝေဖန်မှု့တွေကို ကရုပြုမိလာပြီး မြန်မာ့အရေးမှာ သဘောထားပျော့ပျောင်းသူအဖြစ် ပြသချင်
လာတာပါ ။ အတိတ်မှာတုန်းကတော့ တရုတ်ဟာ စစ်ကောင်စီကိုသာ အသိအမှတ်ပြုပြီး BRI ခါးပတ်ကွင်းရထားလမ်းအ တွက် အသုံးချဖို့
ပါ ။ လယ်ထွန်နေတဲ့ ပြည်သူတွေကိုတော့ အလေးမထားခဲ့ပါဘူး ။ သို့ပေမယ့် ဖေဖော်ဝါရီ အာဏာသိမ်းမှု့ နောက်ပိုင်းမှာတော့ မြန်မာပြည်
သူတွေရဲ့ တရုတ်အပေါ် မကျေနပ်ချက်တွေကို တရုတ်တို့ တွေ့ခဲ့ပါတယ် ။
နိုင်ငံအတော်များများက တရုတ်သံရုံးတွေအရှေ့မှာ တရုတ်ဆန့်ကျင်ရေး ကြွေးကြော်မှု့တွေ သောသောညံခဲ့ပါတယ် ။ တရုတ်ပြည်က
နိုင်ငံရေးလှုပ်ရှားသူတွေဟာ သူများနိုင်ငံရဲ့ နိုင်ငံရေး နဲ့ ပါတီတွေအပေါ်ဆက်ဆံရေးမှာ တရုတ်နိုင်ငံခြားရေးမူဝါဒရဲ့ မဏ္ဌိူင်ကြီး ၃ ရပ်နဲ့
လွဲချော်နေတယ်လို့ ထောက်ပြကြပါတယ်။စူပါပါဝါနိုင်ငံတစ်ခုဖြစ်လာဖို့အတွက် နိုင်ငံငယ်တွေရဲ့ ပြည်တွင်းရေးကို အလေးထားပြီး
ပျော့ပျောင်းတဲ့ မဟာဗျူဟာချဉ်းကပ်မှု့ကိုသာ အလေးထားဖို့ စိတ်ပြောင်းလာတယ်လို့ နိုင်ငံတကာသံတမန်အချို့က ဝေဖန်ထားပါတယ် ။
သုံးသပ်ရမယ်ဆိုရင် ………၊
တရုတ်ဟာ မြန်မာ့အရေးအပေါ်မှာ တကယ်ပဲပြောင်းလဲပြီလား ၊ အခြေအနေတစ်ခုအရ ပြောင်းလဲဟန်ပြနေတာလား ဆိုတာတော့ အချိန်
က သက်သေပြမှာပါ ။ လတ်တလော ညီလာခံမတိုင်မီမှာ ဦးကျော်မိုးထွန်း တက်ရောက်ခွင့်နဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ စကားပြောခွင့်
အတွက် တရားဝင် ကန့်ကွက်မှု့မရှိတဲ့အတွက် တရုတ်ဟာ မြန်မာ့အရေးအတွက် ပြောင်းလဲဖို့ ခြေလှမ်းစနေပြီလို့တော့ ခန့်မှန်းရပါတယ် ။
တရုတ်ရဲ့အပြောင်းအလဲဟာ အမေရိကန်သမ္မတရဲ့ ပါးနပ်မှု့ ၊ ဥရောပသမဂ္ဂ ၊ လူ့အခွင့်အရေးကောင်စီ ၊ မြန်မာနိုင်ငံအတွက် စုံစမ်းစစ်ဆေး
မှု့ ယန္တရားအဖွဲ့ ၊ မြန်မာ့အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး ၊ GCR2P ဒါရိုက်တာ ဆိုင်မွန်အေဒမ် ၊ အာဆီယံ ကုန်သွယ်ရေး
ကော်မတီအဖွဲ့ ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ၊ ဂျပန် ၊ ကိုရီးယား နဲ့ ဒီနေ့အထိ ဒုက္ခခံတော်လှန်နေတဲ့ တော်လှန်ရေးသမား ပြည်သူတွေရဲ့ ကြိူစားအားထုတ်မှု့လို့ ဆိုချင်ပါတယ် ။
နောက်ထပ် သတင်းတစ်ခုကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စား လှယ် BURGENER ဟာ ကုလအထွေထွေအတွင်းရေးမှုးထံမှာ
မြန်မာပြည်ရဲ့ အခြေအနေတွေကို အစီရင်ခံလိုက်ပါတယ် ။ သူမက မြန်မာပြည်ဟာ ” သံတမန်သင်္ချိူင်း ” လို့ တင်စားထားပါတယ် ။ ဆိုလို
တာက စစ်ကောင်စီဟာ ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဖြစ် ညှိနှိုင်းလို့ မရနိုင်ပါဘူးတဲ့ ။ ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ အကြိမ် ကြိမ် ညှိနှိုင်းခဲ့ပေမယ့်
ဘယ်လိုသ ဘောတူညီမှု့ကိုမှ မရခဲ့တဲ့အကြောင်းကို အထွေထွေအတွင်းရေးမှုးထံမှာ ဖွင့်ဟထားပါတယ် ။
ဆိုရရင် …….၊မြန်မာ့အရေး ဘယ်လိုလာမလဲဆိုတာက ကော်မတီဝင် ၉ ဦးထဲက တရုတ်နဲ့ရုရှား ဘယ်လို က လာမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ် ။
တရုတ် သို့မဟုတ် ရုရှားကသာ ပြည်သူတွေဘက်မှာ ရှိနေခဲ့မယ်ဆိုရင် အမှတ်ပြည့်နဲ့ နိုင်ပါလိမ့်မယ်။
အကယ်၍ တရုတ်နဲ့ရုရှားက ကြားနေမယ်ဆိုရင်လည်း အနိုင်ရပါမယ် ။ တရုတ်နဲ့ရုရှားက ဝင်နှောင့်ရင်တော့ အချိန်ကြာနိုင်ပါတယ် ။ အချိန်
ကြာနိုင်တယ်ဆိုတာက သံတမန်အရေးပါ ။စစ်ကောင်စီကို တရားဝင်အသိအ မှတ်ပြုဖို့ကတော့ 0 % ပါ ။
ဘကြီးအောင် LA
Myanmar Demo