ၾကားသိသမွ်

ကွာရန်တင်းဝင်နေသည့် ရဲတပ်သား အချင်းချင်း အရက်သောက်ရာမှ အချင်းချင်းစကားများပြီး ဝင်ရောက်ဖြန်ဖြေသူ စေတနာဝန်ထမ်းကို ဆဲဆို ရိုက်နှက် (ရုပ်/သံ)

တောင်ကြီးမြို့တွင် ကွာရန်တင်းဝင်နေသည့် ရဲတပ်သား အချင်းချင်း အရက်သောက်ရာမှ အချင်းချင်းစကားများပြီး ဝင်ရောက်ဖြန်ဖြေသူ

စေတနာဝန်ထမ်းကို ဆဲဆို ရိုက်နှက် (ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်၊ မိုးကုတ်ဝိပဿနာကျောင်းတွင် ကွာရန်တင်းဝင်နေသော စစ်ကောင်စီ ရဲတပ်သားများ စက်တင်ဘာလ

၁၅ ရက် ည ၈ နာရီ ၄၀ ခန့်တွင် အရက်သောက်ကြရာမှ အချင်းချင်း စကားများပြီး ဝင်ရောက်ဖြန်ဖြေသည့် အဆိုပါ Q စင်တာမှ

စေတနာ့ဝန်ထမ်းတစ်ဦးကို ဆဲဆိုထိုးကြိတ်သည့် ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့လာသည်။

“သူတို့ ရဲတွေ အရက်စုသောက်နေကြရင်း အချင်းချင်း စကားထများကြတာ၊ အဲဒီမှာ ကြားက ဝင်တားပေးတဲ့ Q စင်တာက ဗော်လန်တီယာ

ကို ထိုးကြိတ်တာဗျာ၊ ပြီးတော့ ဓါးနဲ့ထောက်ပြီး ကြိမ်းလားမောင်းလားနဲ့၊ ဗော်လန်တီယာ အစ်ကိုရဲ့ ဖုန်းကိုလည်း ခွဲပစ်လိုက်တာ” ဟု

အဆိုပါ Q စင်တာမှ မျက်မြင်ပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ မိုးကုတ်ဝိပဿနာကျောင်းတွင် ကွာရန်တင်းဝင်နေရသည့် ရဲတပ်သားပေါင်း ၂၀ ခန့်ရှိပြီး အရက်သေစာများသောက်စားကြ

ကြောင်း၊ ကွာရန်တင်းဝင်နေသော အခြားလူနာများကို ဆဲဆိုကြိမ်းမောင်းကြောင်းနှင့် Q စင်တာမှ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း

မရှိကြောင်း သိရသည်။ယင်းဖြစ်စဉ်အား ဓါတ်ပုံ၊ ဗီဒီယိုသက်သေများနှင့်တကွ စေတနာ့ဝန်ထမ်းများက ရဲစခန်းသွားရောက်တိုင်ကြားရာ

အမှုမဖွင့်ပေးကြောင်း သိရှိရသည်။

Zawgyi

ေတာင္ႀကီးၿမိဳ႕တြင္ ကြာရန္တင္းဝင္ေနသည့္ ရဲတပ္သား အခ်င္းခ်င္း အရက္ေသာက္ရာမွ အခ်င္းခ်င္းစကားမ်ားၿပီး ဝင္ေရာက္ျဖန္ေျဖသူ ေစတနာဝန္ထမ္းကို ဆဲဆို ရိုက္ႏွက္ (႐ုပ္/သံ)

ရန္ကုန္၊ စက္တင္ဘာ ၁၆

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕တြင္၊ မိုးကုတ္ဝိပႆနာေက်ာင္းတြင္ ကြာရန္တင္းဝင္ေနေသာ စစ္ေကာင္စီ ရဲတပ္သားမ်ား စက္တင္ဘာလ

၁၅ ရက္ ည ၈ နာရီ ၄၀ ခန႔္တြင္ အရက္ေသာက္ၾကရာမွ အခ်င္းခ်င္း စကားမ်ားၿပီး ဝင္ေရာက္ျဖန္ေျဖသည့္ အဆိုပါ Q စင္တာ

မွ ေစတနာ့ဝန္ထမ္းတစ္ဦးကို ဆဲဆိုထိုးႀကိတ္သည့္ ဗီဒီယိုတစ္ခု လူမႈကြန္ရက္ေပၚတြင္ ျပန႔္ႏွံ့လာသည္။

“သူတို႔ ရဲေတြ အရက္စုေသာက္ေနၾကရင္း အခ်င္းခ်င္း စကားထမ်ားၾကတာ၊ အဲဒီမွာ ၾကားက ဝင္တားေပးတဲ့ Q စင္တာက ေ

ဗာ္လန္တီယာကို ထိုးႀကိတ္တာဗ်ာ၊ ၿပီးေတာ့ ဓါးနဲ႔ေထာက္ၿပီး ႀကိမ္းလားေမာင္းလားနဲ႔၊ ေဗာ္လန္တီယာ အစ္ကိုရဲ့ ဖုန္းကိုလည္း ခြဲပ

စ္လိုက္တာ” ဟု အဆိုပါ Q စင္တာမွ မ်က္ျမင္ျပည္သူတစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

အဆိုပါ မိုးကုတ္ဝိပႆနာေက်ာင္းတြင္ ကြာရန္တင္းဝင္ေနရသည့္ ရဲတပ္သားေပါင္း ၂၀ ခန႔္ရွိၿပီး အရက္ေသစာမ်ားေသာက္စားၾ

ကေၾကာင္း၊ ကြာရန္တင္းဝင္ေနေသာ အျခားလူနာမ်ားကို ဆဲဆိုႀကိမ္းေမာင္းေၾကာင္းႏွင့္ Q စင္တာမွ စည္းမ်ဥ္းစည္းက

မ္းမ်ားကို လိုက္နာျခင္းမရွိေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္အား ဓါတ္ပုံ၊ ဗီဒီယိုသက္ေသမ်ားႏွင့္တကြ ေစတနာ့ဝန္ထမ္းမ်ားက ရဲစခန္းသြားေရာက္တိုင္ၾကားရာ အမႈမဖြင့္ေပးေၾကာင္း သိရွိရသည္။