ၾကားသိသမွ်

လူသားတွေနဲ့အပြိုင် ဂင်းနစ်ကမ္ဘာ့ စံချိန်တင်ထားတဲ့ တိရိစ္ဆာန်လေးများ

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ဆိုတာ လောကမှာတစ်ဦးတစ်ယောက်တည်းကသာ လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေ၊ တစ်ဦး

တစ်ယောက်တည်းကသာ ပိုင်ဆိုင်ထားတဲ့ ထူးခြားအံ့သြဖွယ် အရာတွေကိုပဲ စာရင်းပြုစုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

ဒီစံချိန်မှတ်တမ်းတွေမှာတော့ ကမ္ဘာ့ဒေသအနှံ့အပြားက အံ့ဖွယ်လူသားတွေရဲ့ မယုံနိုင်စရာလုပ်ဆောင်ချက်တွေ စံချိန်တွေမျိုးစုံပါဝင်နေပါ

တယ်။ ဒါပေမယ့် ဒီမှတ်တမ်းတွေမှာ ပါဝင်တာက လူသားတွေချည်းပဲတော့ မဟုတ်ပါဘူး။ လူသားတွေနဲ့အပြိုင် ဂင်းနစ်စံမှတ်တမ်း ရေးထိုး

ထားတဲ့ တိရိစ္ဆာလေးတွေလည်း အများအပြားပါဝင်လို့နေပါတယ်။

ဒီနေ့ ဆောင်းပါးလေးမှာတော့ တိရိစ္ဆာန်လေးတွေတင်ထားခဲ့တဲ့ ဂင်းနစ်စံချိန်တွေထဲက အထင်ရှားအကျော်ကြားဆုံး စံချိန်လေးတစ်ချို့ကို

ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

၁။ အမြန်ဆုံးလိပ်

ကုန်းပေါ်မှာနေတဲ့ တိရိစ္ဆာန်တွေထဲမှာတော့ လိပ် တွေဟာအတော်လေးကို သွားလာနှုန်းနှေးကွေးတယ်ဆိုတာ အားလုံးသိထားပြီးသား

အကြောင်းအရာဖြစ်ပါတယ်။ ဒါဟာသဘာဝတရားကြီးက လိပ်တွေအတွက် တစ်ပြေးညီ ထည့်သွင်းသတ်မှတ်ပေးထားတဲ့ ပရိုဂရမ်တစ်ခုလို့

ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါပေမယ့် သဘာဝတရားကြီးအနေနဲ့ မြောက်ကာရိုလိုင်းနားက ဘာတီလို့အမည်ရတဲ့ လိပ်တစ်ကောင်ကို

တော့ ဒီသတ်မှတ်ချက်ထည့်သွင်းဖို့ မေ့လျော့ခဲ့ပုံ ရပါတယ်။

ဟုတ်ပါတယ် ဘာတီဆိုတဲ့ လိပ်ရဲ့ အမြန်နှုန်းကတော့ သာမန်လိပ်တွေထက် အနည်းဆုံး (၂) ဆ မြန်ပါတယ်။ သူကလိပ်တွေယှဉ်ပြိုင်တဲ့

မီတာ (၁၀၀) အပြေးပြိုင်ပွဲမှာ (၆) မိနစ်နဲ့ပန်းဝင်အောင်စွမ်းဆောင်ထားနိုင်သလို (၁) နာရီကို (ဝ.၆) မိုင်နှုန်းနဲ့ သွားလာနိုင်တဲ့ လိပ်လေး

လည်းဖြစ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း မှာဖော်ပြချင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

၂။ လူသားဥမင်ကြားကနေ အဝေးဆုံး စကိတ်စီးပြနိုင်ခဲ့တဲ့ ခွေး

အော်တို (Otto) လို့ အမည်ရတဲ့ အင်္ဂလိပ်ခွေးဘီလူး (English Bull) အမျိုးအစားခွေးလေးကတော့ လူစကားနားလည်ပြီး သင်ယူနိုင်စွမ်း

မြင့်မားတဲ့ ခွေးလေးဖြစ်ပါတယ်။ ပြီးတော့သူက စကိတ်စီးရတာကို နှစ်သက်ပြီး အတော်လေးကိုလည်း ကျွမ်းကျင်ပုံရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပီရူးနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ဂင်းနစ်မှတ်တမ်းနေ့အခမ်းအနားမှာတော့ အော်တိုက သူ့ရဲ့ စကေးကို ကမ္ဘာကသိအောင်

ပြသခဲ့ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ သူက လူအယောက် (၃၀) လောက် တန်းစီပြီး ပြုလုပ်ထားတဲ့ လူသားဥမင်အောက်ကနေ

အထာကျကျ စကိတ်စီးပြသွားခဲ့တာလည်းဖြစ်ပါတယ်။

၃။ Slam-Dunked နဲ့ ဂိုးသွင်းတဲ့ ကြက်တူရွေး

ဘတ်စ်ကတ်ဘော အားကစားနည်းမှာ Dunk ပေါက်ပြီး သွင်းတယ်ဆိုတာ သာမန်ကစားသမားတွေ မပြုလုပ်နိုင်တဲ့ စကေးတစ်ခုဖြစ်ပါ

တယ်။ ကြက်တူရွေးတစ်ကောင်က ဒီလိုမျိုး Dunk ပေါက်ပြီး ဂိုးသွင်းတက်တယ်ဆိုရင်တော့ အတော်လေးကို အံ့အားသင့်စရာကောင်းတဲ့

ကိစ္စဖြစ်မယ်ထင်ပါတယ်။

ဒါလိုစွမ်းဆောင်ရည်ကိုလုပ်ပြနိုင်ခဲ့တာကတော့ ကယ်လီဖိုးနီးယားက စုံတွဲတစ်တွဲမွေးမြူထားတဲ့ ဇက် (Zac) ဆိုတဲ့ ကြက်တူရွေးကြီးဖြစ်ပါ

တယ်။ ဘက်စ်ကတ်ဘောကစားသမားသေလို့ ဝင်စားသလားလို့ ဆိုရလောက် အောင်ပဲ သူက တိရိစ္ဆာန်စွမ်းရည်ပြပွဲတစ်ခုမှာ (၁) မိနစ်

အတွင်း အကြိမ်ရေတွက်အများဆုံး Dunk ပေါက်ပြီး ဂိုးသွင်းကာ ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဇက်က စက်ဘီးစီးတာ၊ ကျွမ်းထိုးတာ၊ စကိတ်စီးတာ စတာတွေကိုလည်းပြုလုပ်နိုင်တယ်လို့သိရပါတယ်။ မကြာသေးခင်ကလည်း

ဇက်အနေနဲ့ သူ့ရဲ့ ဒုတိယမြောက် ဂင်းနစ်စံချိန်တစ်ခုအဖြစ် ဆိုဒါပုလင်းအဖုံးတွေကို စက္ကန့် (၆၀) အတွင်းအများဆုံးဖွင့်ပြပြီး စံချိန်တင်ထား

ပါသေးတယ် ပရိသတ်ကြီးရေ။

၄။ အရပ်အမြင့်ဆုံးနွားမကြီး

ကမ္ဘာပေါ်မှာရှိတဲ့ နွားအမျိုးအစားအားလုံးဟာ ပျမ်းမျှအနေနဲ့တော့ အရပ်အမြင့် (၄) ပေ (၁၀) လက်မလောက်အထိပဲ ရှိတက်ကြပါတယ်။

ဒါပေမယ့်လည်း အမေရိကန်နိုင်ငံ၊အီလီနွိုက်စ်ပြည်နယ်က နွားမကြီးတစ်ကောင်ကတော့ အရပ်အမြင့် (၆) ပေ (၄) လက်မအထိရှိလို့ ဂင်း

နစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘလိုဆွမ် (Blosom) လို့အမည်ရတဲ့ ဒီနွားမကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဒီစံချိန်ကိုတင်ခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာတော့ သေဆုံး

သွားခဲ့တယ်လို့ သိရပါတယ်။ သူမက နို့ထွက်နှုန်းကောင်းတဲ့ ဟိုလ်စတိန်း (Holstein) နွားမျိုးဖြစ်ပြီး တစ်နှစ်ကို နွားနို့ ပေါင် (၇၂၀၀၀)

လောက်ထွက်ရှိတဲ့ နွားမကြီးလည်းဖြစ်ပါတယ်။ သေဆုံးခဲ့ချိန်မှာတော့ သူမရဲ့ အသက်က (၁၃) နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

၅။ ကြိုးတန်းအမြန်လျှောက်ပြီး စံချိန်တင်ခဲ့တဲ့ခွေး

တိရိစ္ဆာတွေထဲမှာတော့ ခွေးတွေဟာ ဉာဏ်ရည်မြင့်မားပြီး သင်ကြားရလွယ်ကူတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိမ္မာပြီး

သင်ကြားရလွယ်ကူတဲ့ ခွေးတိုင်းမလုပ်နိုင်တဲ့ အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကြိုးတန်းတစ်ခုပေါ်မှာ ဟန်ချက်ငြိမ်အောင်ထိန်းပြီး

တစ်ဖက်ကိုရောက်အောင် လျောက်ကတာမျိုးဖြစ်ပါတယ်။

ယူကေမှာရှိတဲ့ နစ်ခ်ဂျွန်ဆင် (Nick Johnson) ဆိုတဲ့ လက်သမားတစ်ဦးမွေးမြူထားတဲ့ အူဇီ (Ozzy) ဆိုတဲ့ ခွေးလေးကတော့ ကြိုးတန်း

ကိုတည်ငြိမ်စွာ လျောက်နိုင်ရုံတင်မကပဲ လျင်မြန်တဲ့နှုန်းနဲ့ ပါလျောက်နိုင်တဲ့ ခွေးလေးပါ။

နော့ဖို့ခ် (Norfolk) မှာကျင်းပတဲ့ ခွေးအိုလံပစ်ပြိုင်ပွဲတစ်ခုမှာ အူဇီ အနေနဲ့ (၁၂) ပေအရှည်ရှိတဲ့ ကြိုူတန်းကို (၁၈.၂၂) စက္ကန့်နဲ့ အောင်မြင်

စွာလျောက်ပြပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။Source; ရွှေခေတ်အွန်လိုင်းမှကူးယူဖော်ပြသည်