ၾကားသိသမွ်

ပြည်သူများက ဟာသလုပ် လှောင်ပြောင်နေကြတဲ့ဧရာတီဘဏ်ငွေသယ်ယာဉ် ဓားပြတိုက်ခံရမှုစစ်ကောင်စီ၏လုပ် ကြံ ဇာတ်လမ်း

စစ်တပ်နယ်မြေတွင် ဧရာတီဘဏ်ငွေသယ်ယာဉ် ဓားပြတိုက်ခံရမှု ပဲခူးPDF နှင့် မသက်ဆိုင်၊ PDF အပေါ် သိက္ခာချသော စစ်

ကောင်စီ၏လုပ် ကြံ ဇတ်လမ်းအဖြစ် ပြည်သူများက ဟာသလုပ် လှောင်ပြောင်ကြ

ရန်ကုန်၊ စက်တင်ဘာ ၁၅

ပဲခူးတိုင်း၊ စစ်တပ်ပိုင်နယ်မြေ ဖြစ်သော အင်းတကော်တွင် ဧရာ၀တီဘဏ် ငွေသယ်ယာဉ်ဓားပြတိုက်ခံရမှု စက်တင်ဘာ ၁၃ ရက်နေ့က

ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ပဲခူး PDF လက်ချက်ဟုဆိုကာ လူ ၁၂ ဦးနှင့် လက်နက်များကို ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ခဲ့မှုသည် ပဲခူး

PDF ကို အထင်အမြင် လွဲမှားစေရန် လုပ်ဆောင်ချက်အဖြစ် သတင်းထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ငွေကျပ် သိန်း ၄ သောင်းကျော်သယ်ဆောင်လာသော ဧရာ၀တီဘဏ် ဓားပြတိုက်ခံရပြီး စက်တင်ဘာလ

၁၄ ရက်နေ့ လူ ၁၂ ဦးကို ငွေသားများ လက်နက်များနှင့်အတူ ဖမ်းမိကြောင်း၊ PDF လက်ချက်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက

သတင်းထုတ်ပြန်ခဲ့သည်။

ပဲခူးPDF ကမူအကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုကို ပဲခူး PDF အပေါ် အထင်အမြင် လွဲမှားစေရန် လုပ်ဆောင်ချက်ဖြစ်ပြီး ပြည်

သူ့အကျိုးစီးပွားပျက်စီးစေရန် ပဲခူး PDF က မလုပ်ဆောင် ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက ငွေကျပ် သိန်း ၄ သောင်းကို ဓားပြတိုက်ခံရမှုကို နာရီပိုင်းအတွင်း ဖမ်းမိသည်ဟု သတင်းထုတ်ပြန်မှုအပေါ် ပြည်သူများ

ဟာသ တစ်ခုအဖြစ်လည်းကောင်း၊ လုပ်ကြံဇတ်လမ်းအဖြစ်လည်းကောင်း လှောင်ပြောင်မှုများ၊ ဟာသလုပ်မှုများ စွာ လုပ်ဆောင်ကြသည်။

ဓားပြတိုက်မှုတွင် ငွေကျပ် ၄ သောင်းကို Hijet ကားဖြင့်သယ်ယူပြီး လူအများအပြား လိုက်ပါသည်ဆိုသော စစ်ကောင်စီ၏ သတင်းထုတ်

ပြန်မှုအပေါ် ယင်းကဲ့သို့ Hijet ကားများ အလျှင် အမြန်ဝယ်ယူလိုကြောင်း၊ ကားစျေးကွက်တွင် သိန်း ၄ သောင်း သယ်နိုင်သည့် Hijet ကား

များ စျေးတက်နေပြီဟုလည်း ကောင်း စသည်ဖြင့် ပြည်သူများက လူမှုကွန်ရက်များတွင် ဟာသ လုပ်ကြသည်။

ထို့ပြင် ဘဏ်ဓားပြတိုက်မှုတွင် သီလရှင် ၂ ဦးပါဝင်သည်ဆိုသော စစ်ကောင် စီ၏ ထုတ်ပြန်ချက်အပေါ်တွင်လည်း ဒါရိုက်ယုန်လေး စီစဉ်

သော ဇတ်ညွှန်းအဖြစ်လည်းကောင်း၊ စစ်ကောင်စီလက်ထက် သီလရှင်ပါ ဘဏ်ဓားပြ ဖြစ်ရသည်ဟူ၍ လည်းကောင်း ပြည်သူများက

ဟာသ လုပ် လှောင်ပြောင်ကြမှုများ များစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။