ၾကားသိသမွ်

ချီးနားနဲ့အပေါင်းပါတို့စိုးရိမ်နေရတဲ့NUG အစိုးရ ရဲ့ အားသာချက်

NUG အစိုးရမှာ အားသာချက်တခုရှိတယ် အဲဒီအားသာချက်ကို NUG အစိုးရကကိုင်ပြီးတော့ နိုင်ငံရေးကစားတော့မယ်

လိုအပ်ရင် စစ်ရေးအတွက်ပါ ကစားမယ်လို့ဆုံးဖြတ်လိုက်ပုံရရတယ်လို့ မြင်နေမိတယ်အဲဒီအားသာချက်တခုကတော့ NUG အစိုးရမှာ

တရုတ်အစိုးရနဲ့ပတ်သက်တဲ့ ကိုယ်ကျိုးစီးပွားမရှိဘူးတရုတ်အစိုးရရဲ့ ကိုယ်ကျိုးစီးပွားတွေဟာ NUGအစိုးရက ကာကွယ်ပေးမှသာ ဖြစ်လိမ့်

မယ်ဆိုတာကိုNUG ကလဲ ဒီအချက်ကို ရဲရဲကစားတော့မယ့်ပုံပဲတရုတ်အစိုးရကလဲ ဒါကို စိုးရိမ်နေပုံရတာ မြင်သာလာတယ်

မြန်မာပြည်သူတွေဟာ တရုတ်အစိုးရနဲ့ပတ်သက်ပြီးယခင်ကတည်းက မကြေလည်ဖြစ်နေခဲ့ကြတာလွန်ခဲ့တဲ့နှစ်တွေ NLD အစိုးရ

လက်ထက်မှာတော့NLD အစိုးရရဲ့ပုံရိပ်ကို အားယူပြီးတော့ စီးပွားရေးလုပ်ရတာတရုတ်အစိုးရအတွက်ပိုပြီး လုပ်ကိုင်ရ အဆင်ပြေတာ

တရုတ်အစိုးရက ကောင်းကောင်းသိထားပါတယ်NLD အစိုးရလက်ထက်မှာ လုပ်တဲ့ တရုတ်အစိုးရစီမံကန်းတွေဟာ တိုင်းပြည်ဖွံ့ဖြိုး

တိုးတက်ရေးအတွက်လိုအပ်လို့ လုပ်ရတယ်လို့ ခေါင်းစဉ်အောက်ကနေအကာအကွယ်ရခဲ့ပြီးတော့ စစ်ခေါင်းဆောင်တွေနဲ့

စီးပွားရေးလုပ်ရတာဟာ အကျင့်ပျက်ခြစားမူတွေနဲ့နိုင်ငံပေါ် အမြတ်ထုတ်မူတွေ လုပ်နေတယ်လို့ အထင်ခံရပြီးအဲဒီကနေမှတဆင့် တရုတ်

အစိုးရပေါ် မကြေလည်မူအမု-န်းတရားတွေ ဖြစ်နေတယ်ဆိုတာ တရုတ်အစိုးရသိပါတယ်အာဏာသိမ်းပြီးနောက်မှာ အကြမ်းဖက်စစ်

ကောင်စီကိုတရုတ်အစိုးရကနေ ကာကွယ်ပေးနေတာတွေကြောင့်ပြည်တွင်းမှာ တရုတ်အစိုးရပေါ် အမု-န်းတရားတွေ ပိုပြီးတော့

ဖြစ်နေတာရယ် ပြည်တွင်းစစ်ကြီးနဲ့အတူ ပြည်တွင်းထဲကရှိနေပီးသားဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားများစွာဟာ

မလုံမခြုံမူတွေဖြစ်လာနေတာ အကာအကွယ်မဲ့လာနေပြီးနောက်ထပ် ထပ်လုပ်ရန်ရှိတဲ့ စီမံကိန်းတွေ အားလုံးဟာလဲ

ဘယ်လိုမှ မသေချာတော့ဘူးဆိုတာကို တရုတ်အစိုးရကရှု့မြင်သုံးသပ်လာနေ စိုးရိမ်လာနေတယ်လို့ ခန့်မှန်းမိတယ်

ရှေ့ရက်က ဆားလင်းကြီးမှာ တရုတ်ဝမ်ပေါင်ရုံးကိုသွားတဲ့ရေပိုက်လိုင်းတွေ ဖောက်ခွဲခံရတာ လှိုင်သာယာမှာ

တရုတ်နိုင်ငံသားပိုင်စက်ရုံတွေ တိုက်ခိုက်ခံရတာတွေမှော်ဘီက တရုတ်စက်ရုံတချ့ိုမှာ စစ်သားတွေ အငှားချတာတွေ

ဒါတွေအားလုံး တရုတ်အစိုးရကို သက်ရောက်မူ ရှိပါလိမ့်မယ်တဆက်တည်းမှာပဲ မိုင်တဲတာဝါတိုင်တွေ ပစ်မှတ်ထားပြီး

တိုက်ခိုက်မူတွေကလဲ တရုတ်အစိုးရကို ရင်ပူစေမှာဖြစ်တယ်ဆိုလိုတာ မိုင်တဲနေရာမှာ တရုတ်အစိုးရကိုယ်ကျိုးစီးပွားသာဆိုရင်

ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်မူတွေကတော့ အနည်းအများရှိမှာပါခဏ ခဏ ပြောဖူးသလိုပါပဲ နိုင်ငံရေး စစ်ရေးဆိုတာ

ကိုယ်ကျိုးစီးပွားတွေကြီးပါပဲ ဒီလူတွေ အင်အားကြီးလာပြီငါတို့ကို ခြိမ်းခြောက်နေပီ ဒီလူတွေက တကယ်လုပ်မယ့်လူတွေ

ဖြစ်တယ်ဆိုတာ သိလာမှသာ တော်လှန်ရေးအင်အားစုကိုလူရာသွင်းပြီးဆက်ဆံလိမ့်မယ်လို့ ခဏ ခဏ ပြောဖူးသလိုပါပဲ

အခုလဲ NUG အစိုးရ ဒေါ်ဇင်မာအောင် ပြောတဲ့ပုံစံကအဲဒီလမ်းကြောင်းကို လျှောက်တော့မယ်ဆိုတာ မြင်သာတယ်

တရုတ်အစိုးရက ဘာလုပ်မှာလဲ ခဗျားတို့သာ စစ်ကောင်စီကိုဆက်လက်အကာအကွယ်ပေးနေမယ်ဆိုရင် ပြည်တွင်းထဲက

ဘယ်သူ့အကျိုးစီးပွားကိုမှ စစ်ကောင်စီမှာ ကာကွယ်ပေးနိုင်တဲ့အင်အားမရှိဘူး ဒီလိုသာ ဆက်ပြီး အကာအကွယ်ပေးနေရင်

ပြည်တွင်းထဲ တရုတ်အစိုးရကိုယ်ကျိုးစီးပွားတွေကို တာဝန်မယူတော့ဘူးလို့ မပြောယုံသမယ်ပါပဲ မနေ့ကပြောသွားပုံအရဆို

ကိုယ်တွေကတော့ ကြိုက်ပါတယ် အဲဒါဟာအင်အားပဲကိုယ့်မှာရှိတဲ့အားသာချက် အင်အားကို ကိုင်ထားပြီးတော့

တဖက်ကလူတွေကို ချည်ပြီးတုတ်ပြီး မေးလိုက်တာမျိုးပဲပြည်တွင်းထဲမှာရှိတဲ့ ပြည်သူတွေနဲ့ LDF PDF တွေ

တရုတ်အစိုးရပေါ် ထားတဲ့သဘောထားတွေက ထွေထူးကြီးပြောဖို့မလိုပါဘူး NUG အစိုးရက မီးစိမ်းပြလိုက်ရင်

ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ တရုတ်အစိုးရ သိမှာပါလေကိုယ်တွေပြောတဲ့ အားသာချက်ဆိုတာ အဲဒါပါပဲ အဲဒီတချက်ကို

ကိုင်ပြီး ပြတ်ပြတ်သားသား ဆက်ကစားပါလို့ တိုက်တွန်းတယ်မိုက်ဖို့လိုလာပီဆို ပြတ်ပြတ်သားသားသာ မိုက်ပါတော့

နိုင်ငံရေးပဲဖြစ်ဖြစ် စစ်ရေးပဲဖြစ်ဖြစ် အီလည်လည်ကြီးဇာတ်မျောမယ့်ပုံစံတွေတော့ မလျှောက်ကြပါနဲ့ ပြည်သူတွေ

NUG အစိုးရနောက်မှာ အမြဲရှိတယ် အဲဒီအားကို ယူပြီးပြတ်ပြတ်သားသားသာ ကိုင်တွယ်ပစ်ပါလို့ တိုက်တွန်းပါတယ်

Crd