ၾကားသိသမွ်
လွတ်မြောက်နယ်မြေရောက် သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျုဆာ PDFရဲဘော်ကြီး ကိုပေါက်ရဲ့”ကျနော်နှင့်တော်လှန်ရေ”
ကျနော်နှင့်တော်လှန်ရေး
၈၈ အရေးအခင်းတုန်းကကျနော်က အခု GZ တွေလိုပေါ့….အသက်က ၁၄/၁၅
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းကဇနီးဖြစ်သူနဲ့ ချစ်သူရည်းစားဘဝ
ဇာတ်ညွှန်းရေးတဲ့သရုပ်ဆောင် လူပျိုတစ်ယောက်….အသက်က ၃၀ ကျော်
၂၀၂၁ နွေဦးတော်လှန်ရေးရောက်တော့သရုပ်ဆောင် ဒါရ်ိုက်တာ ပရိုကြူဆာ တစ်ယောက်ဘဝ…..
အသက်က ၄၅/၄၆အခုလုပ်နေတဲ့နိုင်ငံ့အရေးမှာပုဂ္ဂိုလ်ရေးအရတခြားဘာမျှော်လင့်ချက်မှမထားဘူး…
ရည်မှန်းချက်တော့ထားတယ်။အဲ့ဒါကအရေးတော်ပုံကြီး မုချအောင်မြင်ဖို့….
ဘယ်နေရာ ဘယ်အလွှာ ဘယ်အရပ်မှာပဲ နေနေငါမရှိရင်မဖြစ်ပါဘူးကွာလို့
ကျနော် ဘယ်တော့မှမတွေးဘူး။ငါ အသက်ရှင်နေလို့ငါ ရှိနေလို့
တော်သေးတာပေါ့ ပဲတွေးတယ်….တော်လှန်ရေးကြီးပြီးသွားတဲ့တစ်နေ့
ကိုယ့်လမ်းကိုယ်လျှောက်ကိုယ့်အိမ်ကို ပြန်ပြီးကိုယ့် အလုပ်တွေပြန်လုပ်ကြမှာပါ….
တစ်ယောက်နဲ့တစ်ယောက်ချစ်ပါ ခင်ပါ လေးစားပါ။
လုပ်နိုင်သလောက် အစွမ်းကုန် လုပ်ပေးပြီးတဲ့ တစ်နေ့….
အိမ်ပြန်ကြတာပေါ့။အဲ့ဒီအခါကျရင်ကျူပ်ကြိုက်တဲ့ ဝီစကီကို မိန်းမလုပ်ပေးတဲ့အမြည်းနဲ့
အနားယူရင်း ချဲလ်ဆီးက ပွဲတွေ ထိုင်ကြည့်ချင်သေးတာ။
ကိုပေါက်
မြန်မာပြည်အစွန်အဖျားတစ်နေရာ…
15,sep,2021
ဆိုပြီးရေးသားထားတာကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်
crd;
Zawgyi
၂၀၂၁ နွေဦးတော်လှန်ရေးရောက်တော့သရုပျဆောငျ ဒါရျိုကျတာ ပရိုကြူဆာ တစ်ယောက်ဘဝ…..
ကိုပေါက်
15,sep,2021
crd;