မင်းတပ်မီးအိမ်ရှင်မလေး (သို့မဟုတ်) ANyein ဒေါက်တာအငြိမ်း
ခြေထောက်တစ်ဖက်တွင် ဘောင်းဘီကို ဒူးအထိ မ ,တင်ပြီး ကျန်တစ်ဖက်ကို ခြေမျက်စိအထိ( ေဘာင်းဘီ)ချကာ ရှူးဝါးဖိနပ်အစုတ်စီးတဲ့
မျက ်မှန်နဲ့လူတစ်ယောက်ကိုလူအများက တလေးတစားဆက်ဆံနေတာ ခင်ဗျားမြင်ခဲ့မယ်ဆိုရင် အဲ့လူဟာ ကျတော်တို့ မင်းတပ်မြို့ရဲ့
မီးအိမ်ရှင်မလေး ( သို့မဟုတ်)ဒေါက်တာအငြိမ်း သာဖြစ်ပါလိမ့်မယ်။
သူ့ရဲ့ပုံစံကို ဆယ်တန်းဖတ်စာမှာသင်ရတဲ့ ရေသည်မိန်းမဝတ်စားပုံနှင့်ခိုင်းနှိုင်းမယ်ဆိုရင် ရိုင်းရာကျပေမယ့် ပိုပြီးထင်သာမြင်သာ ရှိစေမှာ
တော့အမှန်ပါဘဲ။အငြိမ်း မှန်းကြိုတင်မသိခဲ့ရင် သူ့ကိုစတွေ့တွေ့ချင်းခင်ဗျားလေးစားမိမယ်လို့ကျတော်မထင်ဘူး။
ကျတော်ကိုယ်တိုင်လည်း သူ့ကိုစတွေ့တွေ့ချင်းဘယ်ကမှန်းမသိတဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်နေတတ်တဲ့မိန်းကလေးတစ်ယောက်အဖြစ်သာ သတိထားမိတာ..။
ကျတော်မှမဟုတ်ဘူး အထက်လူကြီးတွေကလည်း သူ့ရဲ့ ” ခင်ဗျားတို့ကို ကျွန်မပိုက်ဆံသိန်းတစ်ထောင် လှူမယ် ”ဆိုတဲ့ တွေ့တွေ့ချင်းပြောတဲ့စကားကို မယုံကြည်ခဲ့ကြဘူး။
ကိုယောမာန်ရဲ့ မှတ်ချက်ကိုပြန်လည်မျှဝေရရင် “သူရှိနေလို့ ငါတို့အခုထိ ခရီးပေါက်နိုင်တာ ဆေးပစ္စည်းကအစ ပိုက်ဆံအဆုံး သူရှိလို့တော်သေးတယ် သူဟာငါတို့အတွက်ဘုရားပေးတဲ့လက်ဆောင်ဘဲ ”တဲ့။
ဘုရားသခင်ဟာ သခင်ယေရှရဲ့ အသက်ကိုပေးပြီးကျတော်တို့လူသားတွေကို ရွေးနှုတ်ကယ်တင်ခဲ့တယ်။
အခုလည်း မင်းတပ်မြို့ရဲ့ ဒုက္ခအလီလိီကို ဖြေရှင်းပေးမယ့် ဒေါက်တာအငြိမ်းတို့ဇနီးမောင်နှံကို လက်ဆောင်ပေးပြန်တယ်။
ဟုတ်တယ်……သူတို့ဟာမင်းတပ်မြို့အတွက်ဘုရားသခင်ပေးတဲ့လက်ဆောင်ဘဲ။
ရှေ့တန်းကပြန်လာတဲ့ရဲဘော်တွေကို နွေးနွေးထွေးထွေး ကြိုဆိုပြီး မုန့်ဖိုးတွေပေးတယ်။
ဒဏ်ရာရလာတဲ့သူကို သူကိုယ်တိုင်ဆေးကုပေးတယ်။ပြည်သူတွေကို ဆေးတွေလိုက်လံဝေငှပေးတယ်။
ဒါတင်ဘဲလား မဟုတ်ပြန်ဘူး CDM ဝင်တဲ့ဝန်ထမ်းသုံးထောင်ကျော်ကို တစ်ယောက်ချင်းစီဖုန်းခေါ်ပြီး ထောက်ပံ့ကြေး ပေးတယ်။
အဲ့လိုအလုပ်ရှုပ်နေတဲ့သူ့ကိုကြည့်ပြီး “ဒေါက်တာရယ်..ဆရာမစိမ်းပါယ်တို့ ဆရာမအောင်လိုင်းတို့ မဘေဘီ တို့ကိုအကူအညီတောင်းလို့ရပါ
တယ် ဒါတွေကိုကအစ လုပ်ပေးစရာမလိုပါဘူးဗျာ ”ဆိုတော့
သူက ကျတော့်ကိုကြည့်ပြီး “ငါပင်ပန်းနေရင် သူတို့ရဲ့အသံတွေက ငါ့ကိုအေးမြစေတယ် ဆရာမတွေကိုလည်း အကူအညီတောင်းထားပါ
တယ် ”တဲ့။အခုတလောဆို သူ့ရဲ့ဆရာမတွေအတွက်ဆိုပြီ စားစရာတွေရောက်ရောက်လာတတ်တယ်
ကျတော်ကဆရာမတွေဘေးမှာနေရတော့ “ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ် ”ဆိုပါတော့။
သူ့ရဲ့စေတနာမေတ္တာတွေကို ကြံဖန်ပြီးဖြည့်စွတ်ပြောတယ်မထင်ပါနဲ့သူ့အကြောင်းသေသေချာချာလေ့လာကြည့်ပါကျတော်ရေးတာ လိုနေသေးကြောင်းတွေ့ရပါလိမ့်မယ်။
ကျတော်တို့ကလည်း ကျတော်တို့ပါဘဲလေ..။အလကားကူညီတာကိုတောင် ဝေဖန်ဖို့လောက်ဘဲချောင်းနေကြတယ်။ ကူညီမယ်လို့တော့ မတွေးတတ်ကြဘူး။
ဘုရားပေးတဲ့လက်ဆောင်ကို တန်ဖိုးမထားခြင်းဟာ ဘုရားသခင်ကိုအထိရောက်ဆုံးစော်ကားခြင်းပါဘဲ။
ဒါကြောင့် ဝေဖန်ဖို့ထက် ကူညီဖေးမ တန်ဖိုးထားကြဖို့ တိုက်တွန်းရင်း……။
✍✍✍ခေါဘန်လိန်း (ပူကွန်း)
13.9.2021…
Zawgyi
မင္းတပ္မီးအိမ္ရွင္မေလး (သို႔မဟုတ္) ANyein ေဒါက္တာအၿငိမ္း
ေျခေထာက္တစ္ဖက္တြင္ ေဘာင္းဘီကို ဒူးအထိ မ ,တင္ၿပီး က်န္တစ္ဖက္ကို ေျခမ်က္စိအထိ( ေဘာင္းဘီ)ခ်ကာ ရႉးဝါးဖိနပ္အစုတ္စီးတဲ့ မ်က ္မွန္
နဲ႔လူတစ္ေယာက္ကိုလူအမ်ားက တေလးတစားဆက္ဆံေနတာ ခင္ဗ်ားျမင္ခဲ့မယ္ဆိုရင္ အဲ့လူဟာ က်ေတာ္တို႔ မင္းတပ္ၿမိဳ႕ရဲ့ မီးအိမ္ရွင္မေလး ( သို႔မဟုတ္)ေဒါက္တာအၿငိမ္း သာျဖစ္ပါလိမ့္မယ္။
သူ႔ရဲ့ပုံစံကို ဆယ္တန္းဖတ္စာမွာသင္ရတဲ့ ေရသည္မိန္းမဝတ္စားပုံႏွင့္ခိုင္းႏွိုင္းမယ္ဆိုရင္ ရိုင္းရာက်ေပမယ့္ ပိုၿပီးထင္သာျမင္သာ ရွိေစမွာေတာ့အမွန္ပါဘဲ။
အၿငိမ္း မွန္းႀကိဳတင္မသိခဲ့ရင္ သူ႔ကိုစေတြ႕ေတြ႕ခ်င္းခင္ဗ်ားေလးစားမိမယ္လို႔က်ေတာ္မထင္ဘူး။ က်ေတာ္ကိုယ္တိုင္လည္း သူ႔ကိုစေတြ႕ေတြ႕ခ်င္းဘယ္ကမွန္းမသိတဲ့ ပြင့္ပြင့္လင္းလင္း ေျပာတတ္ေနတတ္တဲ့မိန္းကေလးတစ္ေယာက္အျဖစ္သာ သတိထားမိတာ..။
က်ေတာ္မွမဟုတ္ဘူး အထက္လူႀကီးေတြကလည္း သူ႔ရဲ့ ” ခင္ဗ်ားတို႔ကို ကၽြန္မပိုက္ဆံသိန္းတစ္ေထာင္ လႉမယ္ ”ဆိုတဲ့ ေတြ႕ေတြ႕ခ်င္းေျပာတဲ့စကားကို မယုံၾကည္ခဲ့ၾကဘူး။
ကိုေယာမာန္ရဲ့ မွတ္ခ်က္ကိုျပန္လည္မၽွေဝရရင္ “သူရွိေနလို႔ ငါတို႔အခုထိ ခရီးေပါက္နိုင္တာ ေဆးပစၥည္းကအစ ပိုက္ဆံအဆုံး သူရွိလို႔ေတာ္ေသးတယ္ သူဟာငါတို႔အတြက္ဘုရားေပးတဲ့လက္ေဆာင္ဘဲ ”တဲ့။
ဘုရားသခင္ဟာ သခင္ေယရွရဲ့ အသက္ကိုေပးၿပီးက်ေတာ္တို႔လူသားေတြကို ေရြးႏႈတ္ကယ္တင္ခဲ့တယ္။
အခုလည္း မင္းတပ္ၿမိဳ႕ရဲ့ ဒုကၡအလီလိီကို ေျဖရွင္းေပးမယ့္ ေဒါက္တာအၿငိမ္းတို႔ဇနီးေမာင္ႏွံကို လက္ေဆာင္ေပးျပန္တယ္။
ဟုတ္တယ္……သူတို႔ဟာမင္းတပ္ၿမိဳ႕အတြက္ဘုရားသခင္ေပးတဲ့လက္ေဆာင္ဘဲ။
ေရွ႕တန္းကျပန္လာတဲ့ရဲေဘာ္ေတြကို ေႏြးေႏြးေထြးေထြး ႀကိဳဆိုၿပီး မုန္႔ဖိုးေတြေပးတယ္။
ဒဏ္ရာရလာတဲ့သူကို သူကိုယ္တိုင္ေဆးကုေပးတယ္။ျပည္သူေတြကို ေဆးေတြလိုက္လံေဝငွေပးတယ္။
ဒါတင္ဘဲလား မဟုတ္ျပန္ဘူး CDM ဝင္တဲ့ဝန္ထမ္းသုံးေထာင္ေက်ာ္ကို တစ္ေယာက္ခ်င္းစီဖုန္းေခၚၿပီး ေထာက္ပံ့ေၾကး ေပးတယ္။
အဲ့လိုအလုပ္ရႈပ္ေနတဲ့သူ႔ကိုၾကည့္ၿပီး “ေဒါက္တာရယ္..ဆရာမစိမ္းပါယ္တို႔ ဆရာမေအာင္လိုင္းတို႔ မေဘဘီ တို႔ကိုအကူအညီေတာင္းလို႔ရပါတယ္ ဒါေတြကိုကအစ လုပ္ေပးစရာမလိုပါဘူးဗ်ာ ”ဆိုေတာ့သူက က်ေတာ့္ကိုၾကည့္ၿပီး “ငါပင္ပန္းေနရင္ သူ
တို႔ရဲ့အသံေတြက ငါ့ကိုေအးျမေစတယ္ ဆရာမေတြကိုလည္း အကူအညီေတာင္းထားပါတယ္ ”တဲ့။
အခုတေလာဆို သူ႔ရဲ့ဆရာမေတြအတြက္ဆိုၿပီ စားစရာေတြေရာက္ေရာက္လာတတ္တယ္
က်ေတာ္ကဆရာမေတြေဘးမွာေနရေတာ့ “ဆင္ျဖဴေတာ္မွီၿပီး ႀကံစုပ္တယ္ ”ဆိုပါေတာ့။
သူ႔ရဲ့ေစတနာေမတၱာေတြကို ႀကံဖန္ၿပီးျဖည့္စြတ္ေျပာတယ္မထင္ပါနဲ႔သူ႔အေၾကာင္းေသေသခ်ာခ်ာေလ့လာၾကည့္ပါ
က်ေတာ္ေရးတာ လိုေနေသးေၾကာင္းေတြ႕ရပါလိမ့္မယ္။
က်ေတာ္တို႔ကလည္း က်ေတာ္တို႔ပါဘဲေလ..။အလကားကူညီတာကိုေတာင္ ေဝဖန္ဖို႔ေလာက္ဘဲေခ်ာင္းေနၾကတယ္။ ကူညီမယ္လို႔ေတာ့ မေတြးတတ္ၾကဘူး။
ဘုရားေပးတဲ့လက္ေဆာင္ကို တန္ဖိုးမထားျခင္းဟာ ဘုရားသခင္ကိုအထိေရာက္ဆုံးေစာ္ကားျခင္းပါဘဲ။
ဒါေၾကာင့္ ေဝဖန္ဖို႔ထက္ ကူညီေဖးမ တန္ဖိုးထားၾကဖို႔ တိုက္တြန္းရင္း……။
✍✍✍ေခါဘန္လိန္း (ပူကြန္း)
13.9.2021…