စစ်ကောင်စီတပ်ကို KIA ကမိုင်းခွဲတိုက်ခိုက်၊ တိုက်ပွဲ ပြင်းထန်နေ
Sep 15,2021/
တနိုင်း – ရှင်ဗွေယန်လမ်းမပေါ် တရုန်နှင့် တခက်ကျေးရွာ ၂ခုကြားရှိ ဆက်သွယ်ရေးတာဝါတိုင်အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့
ယနေ့နံနက် ၆ နာရီဝန်းကျင်မှ တိုက်ပွဲ ဖြစ်ပွားနေကြောင်းသိရသည်။
တရုန်ကျေးရွာမှ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့်က တခက်ကျေးရွာဘက်သို့ တက်လာခဲ့ရာ KIA က ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး
နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့ပါသည်။
ဓာတ်ပုံ- ပုံဟောင်
“တရုန်ကနေ တခက်ဘက်ကို တက်လာခဲ့တာကို KIA ကလမ်းမှာစောင့်ပြီး မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲက အခုချိန်ထိဖြစ်နေတုန်း။
လက်နက်ကြီး လက်နက်ငယ် အစုံဘဲ။ ထိခိုက်မှုအသေးစိတ်က မသိရသေးဘူး”ဟုပြောဆိုသည်။
လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသည့်နေရာမှာ တရုန်ကျေးရွာအကျော် တခက်ကျေးရွာအဝင် လမ်းမကြီးပေါ် အနီးတဝိုက်တွင်ဖြစ်ကြောင်းသိရ
သည်။အာဏာသိမ်းစစ်တပ်က လက်ရှိတွင် တရုန်ကျေးရွာတွင် စစ်အင်အား ၁၀၀ ကျော်ခန့်က တပ်စွဲနေရာယူထားပြီး ယမန်နေ့တွင် ရှင်ဗွေ
ယန်ဘက်မှ စစ်အင်အား ပြန်လည် တိုးချဲ့ထားကြောင်းလည်းသိရသည်။
ဓာတ်ပုံ- ပုံဟောင်
စက်တင်ဘာလ ၇ရက်နေ့မှစပြီး တနိုင်း – ရှင်ဗွေယန် လမ်းမပေါ်တွင် ၂ဖက်တပ် စစ်ရေးတင်းမာမှုရှိခဲ့ပြီး တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေလျက်ရှိနေ
ပါသည်။ Source; KNG
Zawgyi
စစ္ေကာင္စီတပ္ကို KIA ကမိုင္းခြဲတိုက္ခိုက္၊ တိုက္ပြဲ ျပင္းထန္ေန
Sep 15,2021/
တနိုင္း – ရွင္ေဗြယန္လမ္းမေပၚ တ႐ုန္ႏွင့္ တခက္ေက်းရြာ ၂ခုၾကားရွိ ဆက္သြယ္ေရးတာဝါတိုင္အနီးတြင္ အာဏာသိမ္းစစ္တပ္ႏွ
င့္ KIA တို႔ ယေန႔နံနက္ ၆ နာရီဝန္းက်င္မွ တိုက္ပြဲ ျဖစ္ပြားေနေၾကာင္းသိရသည္။
တ႐ုန္ေက်းရြာမွ စစ္ေကာင္စီတပ္ စစ္အင္အား ၂၀၀ ခန္႔က တခက္ေက်းရြာဘက္သို႔ တက္လာခဲ့ရာ KIA က ၾကားျဖတ္မိုင္းခြဲတိုက္ခိုက္ခဲ့ၿ
ပီးေနာက္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့သည္ဟု တ႐ုန္ေဒသခံတစ္ဦးက KNG သတင္းဌာနကိုေျပာဆိုခဲ့ပါသည္။
“တ႐ုန္ကေန တခက္ဘက္ကို တက္လာခဲ့တာကို KIA ကလမ္းမွာေစာင့္ၿပီး မိုင္းခြဲတိုက္ခိုက္တယ္။ တိုက္ပြဲက အခုခ်ိန္ထိျဖစ္ေနတုန္း။ လက္နက္ႀ
ကီး လက္နက္ငယ္ အစုံဘဲ။ ထိခိုက္မႈအေသးစိတ္က မသိရေသးဘူး”ဟုေျပာဆိုသည္။
လက္ရွိတိုက္ပြဲ ျဖစ္ပြားေနသည့္ေနရာမွာ တ႐ုန္ေက်းရြာအေက်ာ္ တခက္ေက်းရြာအဝင္ လမ္းမႀကီးေပၚ အနီးတဝိုက္တြင္ျဖစ္ေၾကာင္းသိရသည္။
အာဏာသိမ္းစစ္တပ္က လက္ရွိတြင္ တ႐ုန္ေက်းရြာတြင္ စစ္အင္အား ၁၀၀ ေက်ာ္ခန္႔က တပ္စြဲေနရာယူထားၿပီး ယမန္ေန႔တြင္ ရွင္ေဗြယန္ဘ
က္မွ စစ္အင္အား ျပန္လည္ တိုးခ်ဲ႕ထားေၾကာင္းလည္းသိရသည္။
စက္တင္ဘာလ ၇ရက္ေန႔မွစၿပီး တနိုင္း – ရွင္ေဗြယန္ လမ္းမေပၚတြင္ ၂ဖက္တပ္ စစ္ေရးတင္းမာမႈရွိခဲ့ၿပီး တိုက္ပြဲ ပုံမွန္ျဖစ္ပြားေနလ်က္ရွိေနပါသည္။Source; KNG