ၾကားသိသမွ်

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ဒီကနေ့ရုံးချိန်မှာ အမှုလိုက်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရ

ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမှုလိုက်ရှေ့နေတွေ တွေ့ဆုံခွင့်ရ

နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၁

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ဒီကနေ့ရုံးချိန်မှာ အမှုလိုက်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ တရား

လွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။

” ဒီနေ့ကတော့..အမေနေကောင်းပါတယ် မနေ့ကကားမူးသွားတာပါ၊ ကားမူးတာကိုတော့မခံနိုင်ဘူးလို့ ပြောပါတယ်၊ ဒီနေ့တော့ ဆေး

သောက်လာတယ်၊ကျန်းမာပါတယ်လို့ပြောပါတယ်၊နောက်ထပ် နှစ်ရက်သုံးရက်လောက်နားလိုက်ရင် သက်သာသွားမှာလို့ပြောပါတယ်၊

ကျန်တာကတော့ စွဲထားတဲ့အမှုကိစ္စတွေပြောဖြစ်ပါတယ်၊ဒီနေ့ကျမတို့ရှေ့နေတွေနဲ့ သုံးဦးစလုံးနဲ့တွေရပါတယ်၊ အမေရယ်၊ဦးဝင်းမြင့်ရယ်၊

ဒေါက်တာမျိုးအောင်ရယ် သုံးယောက်လုံးနဲ့တွေ့ရပါတယ်”လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဒီကနေ့ရုံးချိန်းမှာ သုံးဦးစလုံးရဲ့ အမှုဖြစ်တဲ့ ၅၀၅- ခ. နဲ့စွဲထားတဲ့အမှုနဲ့ပတ်သက်လို့ အမှုလိုက်ရှေ့နေတွေကလျှောက်လဲချက်ပေးခဲ့ရပြီး

လျှောက်လဲချက်ကိုကြားနာကာ နောက်တစ်ပါတ် စက်တင်ဘာ ၂၁ရက်(အဂ်ါနေ့)ကို ထပ်မံချိန်းလိုက်တယ်လို့ သိရပါတယ်။

” နောက်ရုံးချိန်းမှာ စွဲချက်အမိန့်ချမှာပေါ့နော်၊ .နောက်တစ်မှု အမေကိုစွဲထားတဲ့ ဦးထွန်းမြင့်အောင်ရဲ့အမှုသဘာဝဘေးနဲ့စွဲထားတဲ့အမှုနဲ့

ပတ်သက်ပြီး တရားလိုပြသက်သေနှစ်ဦး ဆင့်စာအတည်မဖြစ်လို့ ကျမတို့ကိုရုံးချိန်းပဲပေးပါတယ်၊၂၁ ရက်ကိုချိန်းလိုက်ပြီး တရားခွင်နားပါတယ်” လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဒါ့အပြင် “အမေကတော့ အထွေအထူးမပြောပေမယ့်ထပ်စွဲထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး ကျမတို့ရှေ့နေတွေနဲ့ဆွေးနွေးတာတော့ရှိပါ

တယ်၊အမေ့ကျန်းမာရေးကောင်းပါတယ်၊ မနေ့ကဖြစ်တာကတော့ ကားမူးလို့ဖြစ်တာပါ..အရင်ကလည်းကားစီးရင်မူးတတ်တယ်၊ အခုဖြစ်စ

ဥ်မှာက တော်တော်ကြီးမခံနိုင်လို့ဖြစ်သွားတာလို့ပြောပါတယ်၊အိမ်မှာဆရာဝန်နဲ့ကုသမှုခံယူတယ်လို့လည်းပြောပါတယ်၊ ဆရာဝန်တစ်

ယောက်အမြဲထားပေးပါတယ်၊ နပ်စ်တစ်ယောက်လည်း ထားပေးတယ်လို့ပြောပါတယ်၊..ဒီနေ့ကတော့ထွေထွေထူးထူးစစ်တာမရှိပါဘူး

၅၀၅-ခ အတွက်လျှောက်လွှဲချက်ပေးတယ်…နောက်တစ်မှုက ဆင့်စာအတည်မဖြစ်လို့မစစ်ဖြစ်ဘူး အမေကျန်းမာတယ်လို့ပြောလို့ရပါတယ်

အထွေအထူးပြောတာမရှိပါဘူး အမှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးတယ်ကိုယ်စားလှယ်လွှဲစာယူတယ်၊ ဒီနေ့အဲဒါတွေပဲ လုပ်ခဲ့ပါတယ်”လို့ ဒေါ်

မင်းမင်းစိုးကပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နေအိမ်ရှိလူအကုန်(၉)ဦးစလုံးကို Covid 19 ရှိ/မရှိ မနေ့က ၁၃.၉.၂၀၂၁.နေ့ကစစ်ပေးပါတယ်၊မရှိ

ကြောင်းသိရပါတယ်လို့” တရားလွှတ်တော်ဒေါ်မင်းမင်းစိုးကဖြည့်စွက်ပြောကြားပါတယ်။

ဒီနေ့ရုံးချိန်မှာတော့ ရာဇသတ်ကြီး ၅၀၅-ခ နဲ့ သဘာဝဘေးအန္တရာယ် အမှုနှစ်မှုစစ်ဆေးခဲ့တာဖြစ်လို့လည်း သိရပါတယ်။

Source; KT(VOM)