ချီးနား UN လုပ်ကွက်နဲ့ ဘိုင်ဒန် ရှီပင့် လက်ဝါးရိုက်ကွက် (သို့) NUG ကို ထောက်ခံသလိုနဲ့စကစအတွက် အချိန်ဆွဲပေးနေသော UN
[ နိုင်ငံတကာ အားကိုးမရဟု NUG ဘာကြောင့်ပြောသလဲ ] ချီးနားကို မယုံလို့ ဒီသဘောပဲ ဖြစ်မယ်ထင်သည်ဟု !
(၁) ဘိုင်ဒန် ချီးနား လက်ဝါးရိုက်ညှိခြင်းဟာ မြန်မာမှာတည်ထားတဲ့ proxy war ကို သူတိူ့နှစ်ဦး စစ်ရေး ရှောင်လွှဲပြီးသား ဖြစ်စေတယ်
(၂) ဦးကျော်မိုးထွန်းကို ဆက်ထားပြီး နို၀င်ဘာထိ အချိန်ရွေ့ခြင်းဟာ သာမန်ကြည့်ရင် NUG ဘက် ပါသယောင်နဲ့
အင်အားလျော့နေတဲ့ စကစအတွက် အချိန်ဆွဲပေးခြင်းတမျိုးနဲ့ ပြည်တွင်းစစ် လျော့သွားအောင် စကစ လုပ်ကွက်ရအောင်
ဖန်တီးခြင်းဟု ယူဆတယ်
(၃) မဟုတ်လျင် စကစကို အလျင်မြန် အရေးယူဖို့ ဖြုတ်ချဖို့ လုပ်ကြရပါလိမ့်မယ် NUG ကို အသိမှတ်ပြုဖို့ တရား၀င်ပြသကြရပါလိမ့်မယ်
ဟုထိုအတွက် နို၀င်ဘာမှာ အဆုံးဖြတ်နဲ့ ရွေးချယ်မှုကတရား၀င်ကဏ္ဍက သက်သက်ပါဟု
(၄) ယခုလို လုပ်ခြင်းအားဖြင့် NUG ရဲ့ DDay ကို အရှိန်သက်ရုံမဟုတ်ပဲ ချုပ်ထိန်းထားခြင်းဖြင့် စစ်ရေးထက်
သံတမန်နည်းနဲ့ပဲ လုပ်ရန် ရှင်းရန် အသိပေးလိုက်ခြင်းလည်း ဖြစ်တယ် ထိုအတွက် သံတမန်းရေးအောင်မြင်ပေမယ့် DDay
စစ်ရေးအတွက် အပြီးသက်ဆုံးဖြတ်ဖို့ NUG ခက်ခဲသွားပါလိမ့်မယ်
(၅) အကယ်၍ ဒါကို NUG က သိပြီး လက်မခံပဲ စစ်ရေးထပ်တိုး ချဲ့မယ်ဆို အမှားနဲ့ ထောက်ကွက် ဖြစ်သွားပါလိမ့်မယ်
အခမသင့်ရင် NUG ဟာ အကြမ်းဖက်ဆိုတဲ့ အကွက်ကို ချီးနားက တည်ထားတာပါ
(၆) သိူ့သော် တဖက်မှာ သံတမန်နည်းအရ အောင်မြင်နေသော်ငြား UN က ထုံးစံအတိုင်း အချိန်ဆွဲ ဘာမှလုပ်မပေး အကွပ်ရွေ့နေရင်တော့
NUG ဟာ စစ်ရေးသာ ရွေးချယ်ပြီး အဆုံးသတ် လုပ်ရပါလိမ့်မယ်ဟု
(၇) သိူ့သော် သံတမန်ရေးအရ ကျရှူံးပြီး ဖိနှိပ် ပိတ်ဆို့ အရေးယူ မှုတွေကြောင့် ဘာမှလုပ်မရပဲ မအလတသိုက်ဆင်းပြေးမည်လားဆိုတာနဲ့
ထိုသို့အဖြစ်မခံပဲ စစ်ရေးနဲ့ ထွက်ပေါက်ရှာလာရင်တော့ ယခုပွဲ ပြည်သူနိုင်ပါပြီဟု ထိုအတွက် ဘိုင်ဒန် ချီးနား မြန်မာ့အရေး ညှိခြင်း
နောက်ကွယ်မှာ အပေးယူဘာရှိမလဲဆို မြန်မာကို ခဏပစ်ထားပြီး အခြားနေရာတွေမှာ အမောဖြေ လက်ဝါးရိုက်
အကွက်ရွေ့ ဆက်ကစားလို့ ရပြီဆိုတာ သဘောက မြန်မာ့အရေး UN နဲ့ လွှဲထားပြီး မအလဘာလုပ်မလဲ NUG ဘာအကွက်ရွေ့မလဲ ထိတ်
တိုက်တွေ့ပေး သူတို့ ခဏ လက်ရှောင်ထားပြီဆိုတာ ဒါကြောင့် NUG က နိုင်ငံတကာ အားကိုးမရဘူးဟု
အတိလင်းကြေငြာပြီး စစ်ရေးနဲ့သာ အဆူံးသတ်ရှင်းကြဖို့ ကြိုတင် ဆော်ဩထားသည်ဆိုတာ ပွဲက ခြေလှမ်းမှားသူ စားခံရမှာပါပဲ ဟု !
#မင်းကြည်ညိုနေ 🕊️