ၾကားသိသမွ်

ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ

ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်၊ လက်နက်ကြီး ထိမှန်

ပြီး PDF ဘက်မှ ၂ ဦးကျဆုံး၊ စစ်ကောင်စီဘက်မှလည်း ၃ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၄

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုနှင့် ဖရူဆိုကြားရှိ ကဒါးလားကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီ

တပ်မတော်၊ KNDF၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး ဒီးမော့ဆို PDF ဘက်မှ ၂ ဦး လက်နက်ကြီးကျည်ထိ

မှန်ကျဆုံးကာ စစ်ကောင်စီဘက်မှလည်း ၃ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း သတင်းရရှိသည်။

ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်အောင်နိုင်

ယနေ့နံနက် ၅ နာရီခွဲမှ ၉ နာရီခန့်အထိ ဖြစ်ပွားသောတိုက်ပွဲတွင် ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီ၏ ၁၀၂ တပ်ရင်းမှ အဆိုပါ တိုက်ပွဲဖြစ်

ရာဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခတ်ခဲ့ပြီး ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှ မောင်ပီတာနှင့် မောင်ဆီမိုးနယ် ခေါ် အောင်

နိုင်တို့ ၂ ဦး အကြမ်းဖက်စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးသွားကြောင်း ဒီးမော့ဆို PDF မှ ထုတ်ပြန်သည်။

ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်ပီတာ

ယမန့်နေ့ည လွိုင်ကော်မြို့ရှိ ၅၄ တပ်အနီးဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ သံချပ်ကာကားများ၊ စစ်ကားများဖြင့်

အင်အားဖြည့်တင်းကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်

အချို့ ပျက်စီးခဲ့ရသည်။

မူရင်းလင်ခ့် – https://www.facebook.com/…/a.108346614…/164298809186839/

Zawgyi


ရန်ကုန်၊ စက်တင်ဘာ ၁၄


ကရင်နီတပ်မတော်၊ KNDF၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး ဒီးမော့ဆို PDF ဘက်မှ ၂ ဦး လက်နက်ြ

ကီးကျည်ထိမှန်ကျဆုံးကာ စစ်ကောင်စီဘက်မှလည်း ၃ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း သတင်းရရှိသည်။




