ၾကားသိသမွ်

” ပြည်သူအပေါ် သေနတ်ပြောင်းမလှည့်ခဲ့ဘဲ စစ်တပ်ကို ပြန်တိုက်တဲ့ ပြည်သူ့တပ်မတော်သား CODE-X “

” ပြည်သူအပေါ် သေနတ်ပြောင်းမလှည့်ခဲ့ဘဲ စစ်တပ်ကို ပြန်တိုက်တဲ့ ပြည်သူ့တပ်မတော်သား ”

ကျနော်က “ ပြည်သူလူထုအပေါ် သစ္စာစောင့်သိ ရိုသေပါ “ ဆိုတဲ့ အချက်တစ်ချက်ထဲကိုသာ အရေးတော်ပုံပြီးတဲ့အထိ စောင့်ထိန်းသွားမယ့်

ပြည်သူ့စစ်သား ဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဟာ ခြေလျင်စစ်သည် တစ်ဦးဖြစ်ပြီး လုံခြုံရေးအရ တပ်သား CODE-X လို့ မှတ်ထားပေးပါ။

ကျွန်တော်တို့ တပ်ရဲ့ စစ်ဆင်ရေးအထိုင်နယ်မြေကတော့ တမူးမြို့နယ်မှာပါ။CDMစလုပ်ဖြစ်တာကတော့ အာဏာသိမ်းပြီး တဲ့အချိန် တမူး

မြို့မှာ ပြည်သူတွေရဲ့ အကြမ်းမဖက်ဆန္ဒပြ တောင်းဆိုမှုတွေ တော်တော်များလာတဲ့ အချိန်မှာကျွန်တော့်ကို ဒုတပ်ရင်းမှူးက “ဟေ့ရောင်

မင်းရဲ့ ဆရာ နဲ့ပေါင်းပြီး ဆန္ဒပြပြည်သူတွေကို အသေပျောက်လုပ်ပစ်ရမယ်” လို့ ပြောလာပါတယ်။

လက်တွေ့ကျကျ ပြောရရင် ဆန္ဒပြတဲ့ လူအုပ်ကြီးကို ကျည်အစစ်နဲ့ ပစ်ခိုင်းတယ်ပေါ့ဗျာ။အဲ့ အချိန် ကျွန်တော့် မိန်းမကိုလည်းကျွန်တော်

တိုင်ပင်တယ်ပေါ့ဗျာ။ ကျွန်တော့် အမျိုးသမီးကိုယ်တိုင်ကလည်း ပြည်သူတွေနဲ့ အတူ ဆန္ဒပြပွဲမှာပါနေတဲ့သူဖြစ်တဲ့အတွက် သူကတော့

ကျွန်တော့်ကို သေချာ စဥ်းစားခိုင်းပါတယ်။ကျွန်တော့်အနေလည်း ကျွန်တော်နဲ့ တမူးမြို့ပြည်သူတွေနဲ့ ရပ်ဆွေရပ်မျိုးလို့ဖြစ်နေတဲ့အခါ

ဘယ်လိုမှ ခုလို ပြည်သူအပေါ် ရက်စက်ရမယ့် အလုပ်ကို မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော့် အမျိုးသမီးကလည်း ကျွန်တော့်ကို ဒါကို မလုပ်ဖို့

ရှောင်လွှဲဖို့ ထပ်ပြီး နားချရှာပါတယ်။ အဲ့ဒီနောက် ကျွန်တော်က ပြည်သူတွေရဲ့အကူအညီနဲ့ နောက်နေ့မနက်မှာ ခိုင်းစေမှုကို ငြင်းပယ်ပြီး

မှတ်မှတ်ရရ မတ်လ၂၅ရက်မှာ ချက်ချင်းတပ်ကိုစွန့်ခွါခဲ့ပါတယ်။

တပ်မတော်ရဲ့ လုပ်ရပ်တွေကို လိုင်းပေါ်ကနေရော လက်တွေ့ရောခံစားခဲ့ရတဲ့ ခြေလျင်စစ်သားတစ်ယောက်အနေနဲ့ ဘယ်လိုမှမခံစားနိုင်တဲ့

အဆုံး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ပူးပေါင်းတော်လှန်ခဲ့ပါတယ်။လက်တွေ့ မှာ ခြေလျင်စစ်သားတစ်ယောက်အနေနဲ့ နဲ့ အမိန့်နာခံမှု

ရဲဘော်ရဲဘက်စိတ်ဒီစိတ်တွေနဲ့ ကိုယ့်တပ်ကို ပြန်တိုက်ရတာ အဆင်တော့မပြေခဲ့ပါဘူး။ဒါပေမဲ့ စစ်အခြေခံကနေစလို့ အခု စစ်သက်၈နှစ်ထဲ

ရောက်တဲ့အချိန်ထိကျွန်တော်ရဲ့ခေါင်းထဲမှာ အမြဲရှိတာက ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါ ဆိုတဲ့စိတ်ပါပဲ ။

စစ်သားတစ်ယောက်ရဲ့ကျင့်ဝတ်ထဲမှာ အဲ့ဒီအချက်က အရေးကြီးဆုံးလို့ ကျွန်တော် ခံယူထားပါတယ်။ ကျွန်တော် အနေနဲ့ ပြည်သူကို သတ်

တဲ့ စစ်သားဖြစ်မလား ရဲဘော်ရဲဘက်တွေကို ပြန်တိုက်ရမလား ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့တာပါခင်ဗျာ။

ဒါပေမဲ့ နောက်ဆုံး မှာ ကျွန်တော်သဘာပေါက်တာ က စစ်အာဏာရူး စစ်ခေါင်းဆောင်တစ်ယောက်ရဲ့ အကျိုးအတွက်သာဖြစ်နေတဲ့

တပ်မတော်လက်အောက်မှာ ပြည်သူကိုသတ်ဖြတ်နေရင် ဘယ်လိုပဲ ကိုယ့်ရဲဘော်ရဲဘက်ဖြစ်နေပါစေ ခွင့်မလွှတ်ဘူးဆိုတဲ့စိတ်နဲ့ စစ်

ကောင်စီကို ပြန်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုပြည်သူတွေ လက်နက်ကိုင်တော်လှန်ရတဲ့ အထိဖြစ်လာခဲ့တာဟာလည်း အောက်ခြေ

တပ်ရင်းမှူး ပြီးတော့ စစ်သည်တွေကပြည်သူအပေါ်သစ္စာမရှိ စစ်သားမပီသပဲ အပေါ်က အာဏာရူးများခိုင်းတဲ့အတိုင်းလက်နက်မဲ့ ပြည်သူ

တွေကိုအနိုင်ကျင့်ခဲ့လို့ပါ။ ဒီလို ဗိုလ်ပါစစ်သည်များနဲ့ ဘယ်လိုမှ ရဲဘော်ရဲဘက်မဖြစ်နိုင်တော့ပါဘူးခင်ဗျာ။ ဒါကြောင့်မို့ ကျွန်တော်ဟာ

အဆုံးထိ ပြည်သူနဲ့ အတူတော်လှန်ရေးမှာ ပါဝင်သွားမှာပါ။

အခုလည်း ပြည်သူ့စစ်သား အဖွဲ့ နဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေရဲ့အကူအညီနဲ့လုံလုံခြုံခြုံ ရှိနေပါတယ်။ ပြည်သူ့ဘက်ကို ရပ်တည်တဲ့

အခါ ရလာတဲ့လက်တွေ့ငြိမ်းချမ်းမှုမေတ္တာတရားကိုသိစေချင်တယ်။ တပ်ထဲမှာ ကျန်နေခဲ့ပြီး ပြည်သူ့အပေါ် မတရား မလုပ်ချင်တဲ့ စစ်သည်

များ ဗိုလ်ကြီးများ ရှိနေသေးတယ်ဆိုရင် လက်တွေ့မှာ ဗိုလ်ကြီးတို့ ရဲဘော် ဆရာများ စစ်ကောင်စီ ရဲ့ အောက်ခြေဒေါက်တိုင် အဖြစ်ကနေ

ရုန်းထွက်မှ ဖြစ်မှာပါ။ဂဏန်းလို ဘေးတိုက်သွားနေလို့ မရပါဘူး။ ပြည်သူ့ဘက်ကို အမြန်ဆုံး ရပ်တည်ပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ ။

စစ်ဆိုတာဟာ မတိုက်ချင်လည်း တိုက်ရတော့မယ်စနစ်ကောင်းတစ်ခုကို ရဖို့တိုက်ယူရတော့မယ်။အခုချိန်မှာ တိုင်းပြည်ဟာ အလုံးစုံ

ချောက်ထဲကျရေးကိုသာဦးတည်နေပါပြီစစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေရဲ့ အကျိုးအမြတ်အတွက်ဗိုလ်ကြီးတို့ ရဲဘော်

တို့ရဲ့ အသက်ကို ထိုးကျွေးခံနေရတဲ့ အဖြစ်ကနေ အမြန်ဆုံးရုန်းထွက်ပြီးပြည်သူကို မျက်နှာမူဖို့ တောင်းဆိုပါတယ် ။

ဒီလိုမှ မဟုတ်ပဲ ဂဏန်း လို့ ဘေးတိုက်သွားနေရင် ပြည်သူတွေရဲ့ ဒဏ်ခတ်မှု တွေ ကျွန်တော်တို့ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ပေးဆပ်ကြရ

လိမ့်ပါမယ်ခင်ဗျာ။

ပြည်သူ့စစ်သားများရဲ့ကိုယ်စား ပြည်သူ့တပ်သား CODE-X

( ပြည်သူ့တပ်သား CODE-X အား ပြည်သူ့စစ်သားအဖွဲ့မှ ပြည်သူများကိုယ်စား တတ်နိုင်သမျှ ထောက်ပံ့ပေးလျှက်ရှိပါတယ်။ )

People’s Soldiers