စစ်တပ်နယ်မြေ အင်းတကော်တွင် သိန်း လေးသောင်းကျော် ဧရာ၀တီဘဏ်ငွေသယ်ယာဉ် ဓားပြတိုက်ခံရမှု ဝန်ထမ်း ၅ ဦး ဖမ်းဆီးခံထားရ၊
စစ်ကောင်စီက တရားခံများ၏ ဓာတ်ပုံ သတင်းထုတ်ပြန်မည်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁၄
ပဲခူးတိုင်း၊ တပ်နယ်မြေ အင်းတကော်တွင် သိန်းလေးသောင်းကျော် ဧရာ၀တီဘဏ် ငွေသယ်ယာဉ် ဓားပြတိုက်ခံရမှုနှင့်ဆက်စပ်ပြီး ဘဏ်
ဝန်ထမ်း ၅ ဦးကို ဖမ်ဆီးထားကြောင်း ဧရာ၀တီဘဏ် သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ ဧရာ၀တီဘဏ်ငွေသယ်ယာဉ် ဓားပြတိုက်ခံရခြင်းဖြစ်ပြီး သိန်း လေးသောင်းကျော် ပါသွားကြောင်း၊ ဓားပြတိုက်ခံရသည့်နေရာ
သည် တပ်နယ်မြေ အင်းတကော်တွင်ဖြစ်ကြောင်း သိရှိရသည်။
“လောလောဆယ် ဘဏ်ဝန်ထမ်း ၅ ဦး အဖမ်းခံထားရတယ်။ ယာဉ်မောင်း ၂ ဦး၊ Currency ဘက်က ၂ ဦးနဲ့ လုံခြုံရေး ၁ ဦး အဲဒါ အဖမ်း
ခံထားရတယ်။ သူတို့ သတင်းထုတ်ပြန်မယ်ဆိုတာက ဘဏ်ဝန်ထမ်းတွေလား အခြား တရားခံလားတော့ မသိသေးဘူး” ဟု ဧရာ၀တီဘဏ်
မှ သတင်းရင်းမြစ်က ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးတိုင်းဒေသကြီး၊အင်းတကော်မြို့နယ်၌ AYA Bank ဘဏ် ငွေသယ်ယာဉ်သည် လမ်းခရီးတွင် ဓါး
ပြ အတိုက်ခံရသည့် ဖြစ်စဉ်အပေါ် ဖမ်းဆီးရမိသူများအား ဓါတ်ပုံများနှင့်အတူ ထုတ်ပြန်မည်ဟု သတင်းမီဒီယာများသို့ တရားဝင် အသိပေး
ချက်ထုတ်ပြန်လာကြောင်း သိရှိရသည်။
Zawgyi
စစ္တပ္နယ္ေၿမ အင္းတေကာ္တြင္ သိန္း ေလးေသာင္းေက်ာ္ ဧရာ၀တီဘဏ္ေငြသယ္ယာဥ္ ဓားျပတိုက္ခံရမႈ ဝန္ထမ္း ၅ ဦး ဖမ္း
ဆီးခံထားရ၊ စစ္ေကာင္စီက တရားခံမ်ား၏ ဓာတ္ပုံ သတင္းထုတ္ျပန္မည္ဟုဆို
ရန္ကုန္၊ စက္တင္ဘာ ၁၄
ပဲခူးတိုင္း၊ တပ္နယ္ေၿမ အင္းတေကာ္တြင္ သိန္းေလးေသာင္းေက်ာ္ ဧရာ၀တီဘဏ္ ေငြသယ္ယာဥ္ ဓားျပတိုက္ခံရမႈႏွင့္ဆက္စ
ပ္ၿပီး ဘဏ္ဝန္ထမ္း ၅ ဦးကို ဖမ္ဆီးထားေၾကာင္း ဧရာ၀တီဘဏ္ သတင္းရင္းျမစ္ထံမွ သိရွိရသည္။
ယမန္ေန႔ ဧရာ၀တီဘဏ္ေငြသယ္ယာဥ္ ဓားျပတိုက္ခံရျခင္းျဖစ္ၿပီး သိန္း ေလးေသာင္းေက်ာ္ ပါသြားေၾကာင္း၊ ဓားျပ
တိုက္ခံရသည့္ေနရာသည္ တပ္နယ္ေၿမ အင္းတေကာ္တြင္ျဖစ္ေၾကာင္း သိရွိရသည္။
“ေလာေလာဆယ္ ဘဏ္ဝန္ထမ္း ၅ ဦး အဖမ္းခံထားရတယ္။ ယာဥ္ေမာင္း ၂ ဦး၊ Currency ဘက္က ၂ ဦးနဲ႔ လုံျခဳံေရး ၁ ဦး အဲဒါ အ
ဖမ္းခံထားရတယ္။ သူတို႔ သတင္းထုတ္ျပန္မယ္ဆိုတာက ဘဏ္ဝန္ထမ္းေတြလား အျခား တရားခံလားေတာ့ မသိေသးဘူး” ဟု
ဧရာ၀တီဘဏ္မွ သတင္းရင္းျမစ္က ေျပာသည္။
ယေန႔ နံနက္ပိုင္းတြင္ စစ္ေကာင္စီက ပဲခူးတိုင္းေဒသႀကီး၊အင္းတေကာ္ၿမိဳ႕နယ္၌ AYA Bank ဘဏ္ ေငြသယ္ယာဥ္သည္ လမ္းခ
ရီးတြင္ ဓါးၿပ အတိုက္ခံရသည့္ ျဖစ္စဥ္အေပၚ ဖမ္းဆီးရမိသူမ်ားအား ဓါတ္ပုံမ်ားႏွင့္အတူ ထုတ္ျပန္မည္ဟု သတင္းမီဒီယာမ်ားသို႔ တရားဝင္
အသိေပး ခ်က္ထုတ္ျပန္လာေၾကာင္း သိရွိရသည္။