ၾကားသိသမွ်

ဘားအံက သူဌေးကြီးတချို့ အိပ်မပျော်စားမဝင်ဖြစ်နေတဲ့စစ်ကောင်စီလက်ပါးစေတွေရဲ့ ပြန်ပေးဆွဲမှုမျာ

ဘားအံမှာ စစ်ကောင်စီလက်ပါးစေတွေက သူဌေးကြီးတွေကို ပြန်ပေးဆွဲပြီး သိန်း ၂၀၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်။ အဲဒါကြောင့် ဘားအံက

သူဌေးကြီးတချို့ အိပ်မပျော်စားမဝင်ဖြစ်နေတဲ့သတင်းတွေကို ဖတ်လိုက်ရတယ်။

ဧရာဝတီဘက်မှာ သာမန်အရပ်သား လူငယ်လေးတွေကို ‌PDF တွေဆိုပြီး စစ်တပ်က ဖမ်းသွားတယ်။ တချို့ကို ၃ သိန်းကနေ ၁၅ သိန်းအထိ

တောင်းတယ်လို့ သတင်းရတယ်။ ဖမ်းသွားတဲ့အထဲ စစ်တပ်ထောက်ခံသူမိသားစုက ကလေးတွေပါ ပါသွားလို့ သူတို့မိဘတွေက ပေါက်ကွဲ

နေကြတယ်။ ‘ ငါတို့က တပ်မတော်ကိုချစ်တယ်၊ အစိမ်းထောက်ခံရဲ့သားနဲ့ လုပ်ရက်ကြတယ်’ ဆိုပြီး။

နေပြည်တော်မှာတော့ ပြည်သူ့အစိုးရလက်ထက်တုန်းက ချေးထားတဲ့ နိုင်ငံ့ဝန်ထမ်း‌ ၂ လစာချေးငွေတွေကို အောက်တိုဘာလပြန်ဆပ်ရ

မယ်ဆိုလို့ Non CDM တွေ ကမ္ဘာပျက်နေကြလေရဲ့။ စဉ်းစားကြည့်မိတာ CDM ဝန်ထမ်းတွေလို ရာထူးတွေစွန့်၊ တိုက်ခန်းတွေ့စွန့်၊ လစာ

မရ၊ အဖမ်းမခံရအောင် ရှောင်တိမ်းနေရရင် ရူးများသွားမလားဘဲ။ တော်တော်လေးတရားကျဖို့ ကောင်းပါတယ်။

စစ်အာဏာရှင်ဆိုတာ အမှန်/အမှား၊ အကောင်း/အဆိုးကို ခွဲခြားနိုင်တဲ့သူတွေ မဟုတ်ကြဘူး။ တရားလား မတရားလား သူတို့မသိဘူး။ သူ

တို့သိတာ သူတို့ဖြစ်ချင်တာ ဖြစ်ရဖို့ပဲ။ အဲဒါကြောင့်လည်း တိုင်းပြည်မွဲပြီး ပြည်သူတွေ ဒုက္ခရောက်ရတာ။

ဒါတောင် တချို့လူတွေက အမြင်မှန်မရသေးဘဲ ဘော’ မ’ လို့ ကောင်းနေတုန်း။ အာဏာရှင်စနစ်ဆိုးရဲ့ သက်ရောက်မှုဟာ ကလေးရော၊

သူဌေးရော၊ ခွေးရော အကုန်ခံရတာ။ အားလုံးဒုက္ခရောက်ရတာ။ နွေဦးတော်လှန်ရေးကို တခြားအရေးခင်းတွေလို ခဏနဲ့ပြီးသွားမယ်ထင်

နေရင်တော့ အမှားကြီးမှားလိမ့်မယ်။

ဒီစစ်တပ်ဟာ ဇာတ်တူသားစားနေတဲ့ စစ်တပ်။ အပြင်လူဆီက မပြောနဲ့ ၊ အောက်ခြေစစ်သားတွေရဲ့ လစာတွေကိုတောင် အဆင့်ဆင့်

ခေါင်းပုံဖြတ်ပြီး လုပ်စားနေတာကြာပြီ။ မကြာခင် ဟင်္သာကိုးသောင်းလိုပဲ ပျက်စီးရတော့မှာ။ မယုံမရှိနဲ့။ ပြည်သူတွေ မကြာခင် အောင်ပွဲခံရ

တော့မှာ။အဲဒီ့အခါကျရင် ဘောမ‌တွေ၊ Non CDM တွေရဲ့ နာကျင်မှုတွေကို မမြင်ချင်အဆုံး မြင်ကြရဦးမယ်။ အရှက်မရှိ ဒရမ်မာတွေ ခင်းပြ

ကြမှာ မြင်ယောင်မိပါသေးတယ်။

မိုးခ