မကြာခင်ကျင်းပမဲ့ UN အထွေထွေညီလာခံမှာ မြန်မာကိုယ်စားပြုအမြဲတမ်းကိုယ်စားလှယ်နေရာအတွက်အဆိုတင်သွင်းဖို့ အာဏာသိမ်း
စစ်တပ်မှာ ပြင်ဆင်ထားတာ မရှိသေးဘူးလို့ အမည်မဖေါ်လိုတဲ့ အာဆီယံသံတမန်တွေပြောစကားကိုရည်ညွှန်းပြီး ထိုင်း PBS သတင်းက
ဖေါ်ပြထားပါတယ်။အာဏာသိမ်းစစ်တပ်ဟာ ကမ္ဘာ့စင်မြင့်ထက်မှာ နိုင်ငံတကာက အာရုံစိုက်မယ့်အရာတွေကို ဆောင်ရွက်လိုတဲ့ဆန္ဒမရှိ
ဘူးလို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
BNN ကဆက်သွယ်မေးမြန်းတဲ့ အမည်မဖေါ်လိုတဲ့ ဘန်ကောက်အခြေစိုက် အာဆီယံသံတမန်တဦးကတော့ အာဏာသိမ်းစစ်တပ်ဟာ
မော်စီတုံးရဲ့ တရုတ်နိုင်ငံပုံစံမျိုး ချိုးဖို့ကြံစည်နေတယ်ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပြီး ကွန်မြူနစ်တွေအာဏာရချိန်မှာ UN က တရုတ်ကွန်မြူနစ်အစိုးရကို အသိအမှတ်မပြုပဲ တိုင်ဝမ်ကိုပဲ
အသိအမှတ်ပြုခဲ့တာပါ။စစ်အေးကာလ ၁၉၇၁ ခုနှစ်ကျမှ ဆိုဗီယက်အကူအညီနဲ့ တရုတ်ကွန်မြူနစ်အစိုးရကို UN က အသိအမှတ်ပြုခဲ့တာ
ပါ။UN က အသိအမှတ်မပြုပဲ ရပ်တည်နိုင်ခဲ့တဲ့ ကွန်မြူနစ်တရုတ်ရဲ့နမူနာကို အာဏာသိမ်းစစ်တပ်က အားကျနေတဲ့ပုံရှိတယ်လို့ အဆိုပါ
သံတမန်က ယူဆပါတယ်။ဂျာကာတာအခြေစိုက် အာဆီယံသံတမန်တဦးကတော့”ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အစီအစဉ်ကို အ
မေရိကန်အစိုးရက ဖေါ်ထုတ်လိုက်ကတည်းက UN နေရာကို ဝင်ပြိုင်ဖို့ စစ်ခေါင်းဆောင်တွေက အာရုံမထားတော့တဲ့ပုံရှိတယ်လို့ ကျနော်နဲ့
ရင်းနှီးတဲ့ နေပြည်တော်ကအဆင့်မြင့်နိုင်ငံခြားရေးဌာနအရာရှိတွေကပြောပါတယ် ။
ထပ်အရှက်ကွဲမှာလည်း စိုးရိမ်နေတယ်ပြောတာပဲ” လို့ BNN ကိုပြောပါတယ်။အာဏာသိမ်းစစ်တပ်က UN နေရာအတွက် တကယ်ပဲ ဝင်မ
ပြိုင်တော့ဘူးလားဆိုတာကတော့ မကြာခင် သိရတော့မှာဖြစ်ပါတယ်။
Credit
Zawgyi
မၾကာခင္က်င္းပမဲ့ UN အေထြေထြညီလာခံမွာ ျမန္မာကိုယ္စားျပဳအျမဲတမ္းကိုယ္စားလွယ္ေနရာအတြက္အဆိုတင္သြင္းဖို႔ အာဏာသိမ္း
စစ္တပ္မွာ ျပင္ဆင္ထားတာ မရွိေသးဘူးလို႔ အမည္မေဖၚလိုတဲ့ အာဆီယံသံတမန္ေတြေျပာစကားကိုရည္ညႊန္းၿပီး ထိုင္း PBS သတင္းက ေဖၚျပထားပါတယ္။
အာဏာသိမ္းစစ္တပ္ဟာ ကမၻာ့စင္ျမင့္ထက္မွာ နိုင္ငံတကာက အာ႐ုံစိုက္မယ့္အရာေတြကို ေဆာင္ရြက္လိုတဲ့ဆႏၵမရွိဘူးလို႔ သတင္းမွာ ေဖၚျပထားပါတယ္။
BNN ကဆက္သြယ္ေမးျမန္းတဲ့ အမည္မေဖၚလိုတဲ့ ဘန္ေကာက္အေျခစိုက္ အာဆီယံသံတမန္တဦးကေတာ့ အာဏာသိမ္းစစ္တပ္ဟာ ေမာ္စီတုံးရဲ့ တ႐ုတ္နိုင္ငံပုံစံမ်ိဳး ခ်ိဳးဖို႔ႀကံစည္ေနတယ္ဆိုပါတယ္။
တ႐ုတ္နိုင္ငံမွာ ျပည္တြင္းစစ္ျဖစ္ၿပီး ကြန္ျမဴနစ္ေတြအာဏာရခ်ိန္မွာ UN က တ႐ုတ္ကြန္ျမဴနစ္အစိုးရကို အသိအမွတ္မျပဳပဲ တိုင္ဝမ္ကိုပဲ အသိ
အမွတ္ျပဳခဲ့တာပါ။စစ္ေအးကာလ ၁၉၇၁ ခုႏွစ္က်မွ ဆိုဗီယက္အကူအညီနဲ႔ တ႐ုတ္ကြန္ျမဴနစ္အစိုးရကို UN က အသိအမွတ္ျပဳခဲ့တာပါ။
UN က အသိအမွတ္မျပဳပဲ ရပ္တည္နိုင္ခဲ့တဲ့ ကြန္ျမဴနစ္တ႐ုတ္ရဲ့နမူနာကို အာဏာသိမ္းစစ္တပ္က အားက်ေနတဲ့ပုံရွိတယ္လို႔ အဆိုပါ သံတမန္က ယူဆပါတ
ယ္။ဂ်ာကာတာအေျခစိုက္ အာဆီယံသံတမန္တဦးကေတာ့”ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံသတ္ျဖတ္ဖို႔အစီအစဥ္ကို အေမရိကန္အစိုးရက ေဖၚထုတ္လိုက္ကတည္းက UN ေနရာကို ဝင္ၿပိဳင္ဖို႔ စစ္ေခါင္းေဆာင္ေတြက အာ႐ုံမထားေတာ့တဲ့ပုံရွိတယ္လို႔ က်ေနာ္နဲ႔
ရင္းႏွီးတဲ့ ေနျပည္ေတာ္ကအဆင့္ျမင့္နိုင္ငံျခားေရးဌာနအရာရွိေတြကေျပာပါတယ္ ။ထပ္အရွက္ကြဲမွာလည္း စိုးရိမ္ေနတ
ယ္ေျပာတာပဲ” လို႔ BNN ကိုေျပာပါတယ္။အာဏာသိမ္းစစ္တပ္က UN ေနရာအတြက္ တကယ္ပဲ ဝင္မၿပိဳင္ေတာ့ဘူးလားဆိုတာကေတာ့ မၾကာခင္ သိရေတာ့မွာျဖစ္ပါတယ္။
Credit