ၾကားသိသမွ်

PDFတို့၏ မမျှော်လင့်တဲ့ပြောက်ကျားတိုက်ကွက်များနဲ့ မီးကုန်ယမ်းကုန်မိုက်ရိုင်းနေသောမအလတပ်

PDF နှင့် မအလတပ်
မအလတပ်ဟာ D Day အတွက်အတော့်ကို ပြင်ဆင်ထားခဲ့ပါတယ်။ ဘယ်လိုပြင်ဆင်လဲဆိုတော့ စာရေးသူတို့ပြောတဲ့အပေါ်မှာ မူတည်ပြီး ဖြတ်လေးဖြတ်ပေါ့။

ကရင်နဲ့ ကချင်စစ်မျက်နှာတွေမှာ တပ်တွေပို့ပြီး သူကလက်ဦးမှုရအောင် ဝင်တိုက်မယ်ပေါ့။ လေတပ်ကိုလဲ အသင့်ဗုံးကြဲဖို့ ဘာညာပြင်ထားခဲ့ပါတယ်။ NUG က ထကြေညာချိန်မှာ လေတပ်စခန်းရှိတဲ့ မြို့တွေပေါ်မှာ လေယဉ်တွေ ဝဲပြီးအင်အားပြခဲ့ပါတယ်။

ဒါက သူပြင်ခဲ့တာပါ။ သူ့တပ်တွေပြင်ထားပေမယ့် ဘာမှသိပ်မတိုက်လိုက်ရချိန်မှာ မြို့ကြီးတွေထဲမှာပါ မထင်မှတ်ချိန် အတိုက်ခံလာရပါတယ်။

ဒါတောင် ဆန္ဒပြပွဲနဲ့ မျှားခေါ်ပြီး PDF က မတိုက်သေးလို့ပါ။ ဆန္ဒပြပွဲနဲ့သာ မျှားခေါ်ပြီး အပစ်ခံရရင် နောက်ပိုင်း ဆန္ဒပြပွဲတောင် ယခင်ကလို ဖမ်းရဲတော့မှာ မဟုတ်ပါ။ စမ်းချောင်းမှာ ဗိုလ်မှူးအသတ်ခံရချိန်က ရန်ကုန်တိုင်းစစ်ဌာနချုပ်ထဲမှာ မယုံကြပါ။

ရန်ကုန်ဆိုတာ KIA နယ် KNU နယ်မဟုတ်လို့ အဘရဲ့ အထက်ဖားအောက်ဖိတွေ အပိုင်စားတဲ့နယ်ပါ။ တပ်အသိုင်းအဝိုင်းမှာ ဒီလူက ဒဂုံကလူ စမ်းချောင်းမဟုတ်ဘူး ဂျင်းဘာညာဆိုပြီး ပြောကြပါသေးတယ်။ နောက်ပိုင်းပုံတွေနဲ့ တက်လာအပြီးမှာမ ငြိမ်သွားခဲ့တာပါ။

ပစ်သူကို မမိသေးပါ။ ရထားပစ်သလို ပြီးမှသာ ထိုးကျွေးမှာပါ။ ရန်ကုန်မှာ ပစ်သွားတာက စနစ်ကျပြီး ဗိုလ်မှူးကို အချက်ပေါင်းများစွာထိသွားတာပါ။ အဆိုပါဗိုလ်မှူး သေနတ်ထုတ်ချိန်မရလိုက်ပါ။

PDF များဟာ ပညာတတ်များဖြစ်လို့ နည်းပညာနဲ့ ဗျူဟာကျွမ်းပါတယ်။ မအလတပ်က စျေးမရောင်းရတွေ လမ်းကိုတစ်လမ်းသွားပြောင်းတာတွေနဲ့ တုန့်ပြန်ခဲ့ပေမယ့် ရေရှည်မှာ မအလသာ နာမည်ပျက်မှာပါ။

ဒီလို မမျှော်လင့်တဲ့နေရာမှာ အတိုက်ခံရအပြီး နေဝင်းမြေးသတောင်းစားက မအလအိပ်ရေးမပျက်ကြောင်း ရူးပေါပေါထပြောခဲ့ပါတယ်။ ထိုအချိန်မှာ ပြည်သူတွေက မိုက်တဲတာဝါတိုင်တွေကို ဖြိုချလိုက်ပါတယ်။

ပြည်နယ်ပေါင်းစုံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပြပြီး နယ်စုံမှာဖြိုလိုက်ပါတယ်။ ထိုအချိန်မှာ မအလဟာ အသံကျယ်လောင်စွာထွက်လာပါတယ်။ သူ့တပ်ကိုလာတိုက်ဖို့ ယောင်္ကျားပီသဖို့ကို မဲရှုံးတာကို ယောင်္ကျားပီသစွာ မဖြေရှင်းနိုင်သူက ပြောတဲ့စကားပါ။

တပ်တွေကို ဆက်သွယ်ရေးတာဝါတိုင် အထူးသဖြင့်တပ်ပိုင်တွေကို လုံခြုံရေးတိုးမြှင့်ဖို့ အမိန့်စာထုတ်လာခဲ့ပါတယ်။ ပြဿနာက မိမိတပ်နဲ့ရဲတောင် မိမိအသက်မသေအောင် သွားနေရချိန်မှာ သက်မဲ့တိုင်တွေကို လုံခြုံရေးပေးဖို့ဆိုတာ မလွယ်ပါ။

ဒါ့ကြောင့်အဆိုပါကိစ္စဟာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုပါ။ ဒီဗျူဟာက မအလက လုံးဝမတွက်ထားခဲ့ဘဲ မအလကို ပြည်သူတွေက အရှိုက်ထိုးလိုက်တာပါ။ နောက်ဒါက NUG နဲ့လဲ တိုက်ရိုက်မဆိုင်ဘဲ ပြည်သူကဦးဆောင်ပြီး ကိုင်သွားတာပါ။

မိုင်တဲမှာ ဗီယက်နမ်ကလဲ ရှယ်ယာပိုင်လို့ ဗီယက်နမ်တပ်က မအလထံ ဖုန်းဆက်ပြီး ဖိအားပေးနေပါတယ်။ ဒါမျိုးတရုတ်ပိုက်လိုင်းသာဖြစ်ရင် မအလမလွယ်ပါ။ ဒါကိုတရုတ်ကလဲ စောင့်ကြည့်နေပါတယ်။

ယခုမြန်မာပြည်သူတွေလုပ်နေတာက တူမီးသေနတ်လောက်နဲ့ မအလတပ်ကလူများစွာသေအောင် လုပ်နေနိုင်နေတာပါ။ လက်နက်ကောင်းကောင်းသာရရင် နေပြည်တော်တက်သိမ်းနိုင်မယ်ဆိုတာ တရုတ်ထောက်လှမ်းရေးက ယခင်ကမသိခဲ့ရင်တောင် ယခုသိပါပြီ။

တရုတ်က လက်နက်နဲ့ ဆွေးနွေးပွဲ ဘယ်ဟာရွေးမလဲဆိုတာ မအလကို လူချင်းတွေ့ချိန်က ပြောပြီးပါပြီ။ ဒီမိုတွေအတွက်က Global Times ကနေ ရေးပြီးပြောပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေ မအလကြောင့် ဆက်ဖြစ်ခဲ့ရင် မြန်မာပြည်ထဲမှာ တရားမဝင် ရင်းနှီးမြုပ်နှံသူများ နာမှာပါ။ မအလက တရားဝင်ကို သူ့တပ်က ၂၀၀ နီးပါးသေတယ်လို့ ဝန်ခံပြီးသားပါ။ အုပ်ကြီးနဲ့အခြားဆို ၁၀၀၀ နီးပါးလို့ ဝန်ခံထားပါတယ်။

မအလတပ်ကသေစာရင်းမှာက ကချင်၊ ကရင်၊ ရှမ်းမြောက်သေတာကို ထည့်မတွက်ထားပါ။ မဲစာရင်းစစ်သူက မိမိသေစာရင်းတောင် အမှန်မတင်ပြရဲပါ။

ယခုမှသာ မြန်မာပြည်ဟာ တောင်အာဖရိကက မန်ဒဲလားဖမ်းခါစအချိန်ကို ရောက်ပါသေးတယ်။ PDF နဲ့ ပြည်သူတွေကြောင့် မအလတပ်ဟာ ကျီးလန့်စာစားဖြစ်နေပါပြီ။

သူက ရွာတွေကို မီးရှို့ရင် ကြောက်ပြီး ဒူးထောက်မည့်အစား သားသေရင် အဖေက PDF ထဲဝင် လင်သေရင် မယားက PDF ထဲဝင်ပြီး အဖွားသေရင် မြေးက PDF ထဲဝင် ပြန်တိုက်ကြတဲ့အထိ ဗမာရွာတွေကအစ ဖြစ်နေခဲ့ပါပြီ။

ဒါ့ကြောင့် အရေးတော်ပုံအောင်ဖို့က မဝေးတော့ပါလို့ ပြောပါရစေ။