ဂန့်ဂေါမြို့အတွက် သွေးကြွေးလက်စားချေမှု အကြမ်းဖက်စစ်ကောင်စီ ရဲ (၃၅) ဦး သေဆုံး
ဂန့်ဂေါမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ မင်းရွာရဲစခန်းအား YDFနှင့် မင်းတပ်-CDF ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ စက်တင်ဘာလ (၁၂)
ရက် သန်းခေါင်ယံနံနက် (၂) နာရီအချိန်၌ ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ မင်းရွာရဲစခန်းမှ (၅) ဦးနှင့် စစ်ကူရောက်လာတဲ့ ရဲ (၃၀) ဦး စုစုပေါင်း ရဲ (၃၅) ဦး သေဆုံး
ကြောင်း YDF မှ ထုတ်ပြန်သည်။YDFနှင့် မင်းတပ်-CDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၃) ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိကြောင်းလည်း သိရ
သည်။ဤတိုက်ခိုက်မှုသည် ဂန့်ဂေါမြို့မှ အပြစ်မဲ့ပြည်သူများရဲ့ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရမှုအတွက် သွေးကြွေးတောင်းတဲ့အနေနှင့် တုန့်ပြန်
လက်စားချေခြင်းဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Zawgyi