ၾကားသိသမွ်

ဗုံးကွဲတိုက်ခိုက်မှု များပြားနေသည့်ရန်ကုန်တိုင်းသို့ ရဲတပ်ဖွဲ့ နံပါတ် ၃ အကြီးအကဲ ရဲဗိုလ်ချုပ် အောင်နိုင်သူ ….See More

ဗုံးကွဲတိုက်ခိုက်မှု များပြားနေသည့်ရန်ကုန်တိုင်းသို့ ရဲတပ်ဖွဲ့ နံပါတ် ၃ အကြီးအကဲ ရဲဗိုလ်ချုပ် အောင်နိုင်သူ တိုက်ရိုက် စီမံညွှန်ကြားနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော ရန်ကုန်တိုင်းသို့

မြန် မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယရဲချုပ်- ၂ ရဲဗိုလ် ချုပ်အောင်နိုင်သူမှ ၄င်း၏တပ်ဖွဲ့ဝင်များအား အ နီးကပ် ကွပ်ကဲညွှန်ကြားနေကြောင်း

ရဲတပ်ဖွဲ့အ သိုင်းအဝိုင်းထံက သိရသည်။ရန်ကုန်တိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များထွက်မပြေး ရန်နှင့် စိတ်ဓာတ်မကျဆင်းစေရေး ပြီးခဲ့သည့် ဇူ

လိုင်လမှစတင်၍ ၄င်းကိုယ်တိုင်ဝင်၍ ထိန်းသိမ်းနေရကြောင်း သိရသည်။

” တပ်ဖွဲ့ဝင်တွေကြားထဲမှာ သူက လေးစားခံရတယ်။ ရဲစစ်စစ်ကဖြစ်တဲ့သူဆိုတော့။ ရန်ကုန်က အဆိုးဆုံးနဲ့အသေအပျောက်တွေဖြစ်နေ

တာရော၊ အောက်ခြေရဲတွေ CDMလုပ်မှာစိုးရိမ်တာရောကြောင့် သူ့ကို ဝင်ထိန်းခိုင်းတဲ့သဘောမျိုးပေါ့။ သူလည်းစိတ် ပျက်နေမယ်ထင်ပါ

တယ်။” ဟု ရန် ကုန်တိုင်းရဲအရာရှိတဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းသည့်နေ့က အနားပေးခံလိုက်ရသော ရဲချုပ် ရဲဒုဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအပါအဝင် ရဲထိပ်ပိုင်း

ခေါင်းဆောင် အများစုသည် စစ်တပ်အသွင်ပြောင်းများဖြစ်ပြီး ရဲဗိုလ်ချုပ် အောင်နိုင်သူတဦးသာ ရဲစစ်စစ်ဖြင့် ထိပ်ပိုင်းနေရာရရှိထားသူ

ဖြစ်ကြောင်း သိရသည်။

ရဲဗိုလ်ချုပ် အောင်နိုင်သူသည် CIDတပ်ဖွဲ့မှူး တာ ဝန်ထမ်းဆောင်စဥ်က မဂ်လာဒုံမြို့နယ် ရဲအရာရှိဟောင်းနှင့်၄င်း၏မိသားစု ၄လောင်းပြိုင်

အသတ် ခံရမှုတွင် ရဲအရာရှိဟောင်းမှ ဂမ္ဘီရဝတ္ထုများ အ ဖတ်များပြီး ၄င်းမိသားစုဝင်များအားသတ်ပြီး နောက် ၄င်း ကိုယ်တိုင်သတ်သေသွား

ခဲ့သည်ဟု သုံးသပ်ခဲ့ပြီး အမှုပိတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခုလက်ရှိ ရဲချုပ်တာဝန်ရယူထားသူ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်သည် စစ်ယူနီဖောင်းကြီးဖြင့် ရဲချုပ်တာဝန်ယူထားသည့်အပေါ် ရဲ

တပ်ဖွဲ့ဝင်များအကြား ခံစားချက်ရှိနေကြောင်း သိရသည်။

Source;ဧရာဝတီတိုင်းမ်

Zawgyi





ရဲဗိုလ်ချုပ် အောင်နိုင်သူသည် CIDတပ်ဖွဲ့မှူး တာ ဝန်ထမ်းဆောင်စဉ်က မဂ်လာဒုံမြို့နယ် ရဲအရာရှိဟောင်းနှင့်၎င်း၏မိသားစု ၄လောင်းပြိုင်အသတ် ခံရမှုတွင် ရဲအရာရှိဟောင်းမှ ဂမ္ဘီရဝတ္ထုများ အ ဖတ်များပြီး ၄င်းမိသားစုဝင်များအားသတ်ပြီး နောက် ၄င်း ကိုယ်တိုင်သတ်သေသွားခဲ့သည်ဟု သုံးသပ်ခဲ့ပြီး အမှုပိတ်ခဲ့ကြောင်း သိရသည်။


Source;ဧရာဝတီတိုင်းမ်