C.D.F (Mindat) တပ်သားတစ်ဦး၏သေတမ်းစာ
ကျနော်သည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက်အာဏာရှင်ကိုတွန်းလှန်တော်လှန်ရင်း ကျဆုံးခဲ့သည်ရှိသော် အောက်ပါအချက်အလက်
များအား မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနှင့်ကျနော်၏ချစ်သောရဲဘော်များအား သိရှိစေရန် ဤစာကိုရေး၍ထားခဲ့၏။
(၁) ကျွန်ုပ်၏ အသုဘပွဲအား သက်သတ်လွတ်ဖြင့်ပြီးပါစေ။ကျနော်၏အသုဘတွင်မည်သည့်သက်ရှိသတ္တဝါကိုမျှသတ်ဖြတ်ခြင်း (အသုဘပွဲ)
မပြုရ။ပြည်သူလူထုအားညှင်းပန်းနှိပ်စက်သော အာဏာရှင်မှလွဲ၍ မည်သည့်သက်ရှိကိုမျှ နာကျင်သေကျေခြင်းငှာ အလိုမရှိ။
(၂)ကျွန်ုပ်အားသင်္ဂြိုဟ်ချိန်တွင်သေနတ်ပစ်ဖောက်ခြင်း မပြုရ။ကျည်ဆံဟူသမျှကိုရန်သူ့ဘက်သို့သာကျရောက်ပါစေ။ကျနော့်ကြောင့်ပစ်
ဖောက်မည့်ကျည်ဆံအား ပြည်သူလူထုကိုကာကွယ်ရန်နှင့်အာဏာရှင်လူတစ်စု အတွက်သာအသုံးပြုပါ။
(၃)ကျွန်ုပ်အသုဘပွဲ၌ ငိုကြွေးခြင်းမပြုရ။ကျနော်ကျဆုံးခြင်းသည် မွန်မြတ်သော ကျဆုံးခြင်းဖြစ်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းမပြုရ။
ကျနော့်အသုဘ၌ ဘုရားဂုဏ်တော်ချီးမွမ်းခြင်းနှင့် နောက်နေ့အတွက် မဟာဗျူဟာများကိုဆွေးနွေးတိုင်ပင်ခြင်းကိုသာပြုလုပ်ရန်။
(၄)ကျွန်ုပ်ကျဆုံးမှုအပေါ် မည်သူ၌မျှအပြစ်မရှိ။ဤတော်လှန်ရေးတွင်ပါဝင်ခြင်းသည် ကျနော့်ဆန္ဒအလျောက်သာ ဖြစ်သောကြောင့်မည်သူ့
အပေါ်တွင်မျှအပြစ်တင်ရန် မလိုအပ်ပေ။ ထို့ကြောင့် မိဘဆွေမျိုးများမှ အပြစ်တင်ရန်ပြုမှုများရှိလာပါက ပြန်လည်တုန့်ပြန်နိုင်သည်။
(၅)အဆုံးအထိတိုက်ပွဲဝင်ပေးရန်။စိတ်ပျက်အားလျော့ခြင်းမပြုဘဲ ရည်မှန်းချက်ပြည့်ဝသည်အထိ ဇွဲမလျှော့စတမ်း တိုက်ခိုက်ပေးရန်နှင့်
ဖက်ဒရယ်ဒီမိုကရေစီပြည့်ဝသောနိုင်ငံအား ထူထောင်ပေးရန်…တို့ဖြစ်ပါသည်။
ဆလိုင်း ခိုပါလိန်း
မြို့ပေါ်တပ်ရင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) C.D.F-Mindat
၁၀.၉.၂၀၂၁
Source: မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး – သတင်းအဖွဲ့
Photo: Aung Ling
Zawgyi
C.D.F (Mindat) တပ္သားတစ္ဦး၏ေသတမ္းစာ
က်ေနာ္သည္ ဖက္ဒရယ္ဒီမိုကေရစီ ရရွိေရးအတြက္အာဏာရွင္ကိုတြန္းလွန္ေတာ္လွန္ရင္း က်ဆုံးခဲ့သည္ရွိေသာ္ ေအာက္ပါအခ်က္အလက္မ်ားအား မင္းတပ္ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးႏွင့္က်ေနာ္၏ခ်စ္ေသာရဲေဘာ္မ်ားအား သိရွိေစရန္ ဤစာကိုေရး၍ထားခဲ့၏။
(၁) ကၽြန္ုပ္၏ အသုဘပြဲအား သက္သတ္လြတ္ျဖင့္ၿပီးပါေစ။က်ေနာ္၏အသုဘတြင္မည္သည့္သက္ရွိသတၱဝါကိုမၽွသတ္ျဖတ္ျခင္း (အသုဘပြဲ) မျပဳရ။ျပည္သူလူထုအားညႇင္းပန္းႏွိပ္စက္ေသာ အာဏာရွင္မွလြဲ၍ မည္သည့္သက္ရွိကိုမၽွ နာက်င္ေသေက်ျခင္းငွာ အလိုမရွိ။
(၂)ကၽြန္ုပ္အားသၿဂႋဳဟ္ခ်ိန္တြင္ေသနတ္ပစ္ေဖာက္ျခင္း မျပဳရ။က်ည္ဆံဟူသမၽွကိုရန္သူ႔ဘက္သို႔သာက်ေရာက္ပါေစ။က်ေနာ့္ေၾကာင့္ပစ္ေဖာက္မည့္က်ည္ဆံအား ျပည္သူလူထုကိုကာကြယ္ရန္ႏွင့္အာဏာရွင္လူတစ္စု အတြက္သာအသုံးျပဳပါ။
(၃)ကၽြန္ုပ္အသုဘပြဲ၌ ငိုေႂကြးျခင္းမျပဳရ။က်ေနာ္က်ဆုံးျခင္းသည္ မြန္ျမတ္ေသာ က်ဆုံးျခင္းျဖစ္ေသာေၾကာင့္
ငိုေႂကြးျမည္တမ္းျခင္းမျပဳရ။ က်ေနာ့္အသုဘ၌ ဘုရားဂုဏ္ေတာ္ခ်ီးမြမ္းျခင္းႏွင့္ ေနာက္ေန႔အတြက္ မဟာဗ်ဴဟာမ်ားကိုေဆြးေႏြးတိုင္ပင္ျခင္းကိုသာျပဳလုပ္ရန္။
(၄)ကၽြန္ုပ္က်ဆုံးမႈအေပၚ မည္သူ၌မၽွအျပစ္မရွိ။ဤေတာ္လွန္ေရးတြင္ပါဝင္ျခင္းသည္ က်ေနာ့္ဆႏၵအေလ်ာက္သာ ျဖစ္ေသာေၾကာ
င့္မည္သူ႔အေပၚတြင္မၽွအျပစ္တင္ရန္ မလိုအပ္ေပ။ ထို႔ေၾကာင့္ မိဘေဆြမ်ိဳးမ်ားမွ အျပစ္တင္ရန္ျပဳမႈမ်ားရွိလာပါက ျပန္လည္တုန႔္ျပန္နိုင္သည္။
(၅)အဆုံးအထိတိုက္ပြဲဝင္ေပးရန္။စိတ္ပ်က္အားေလ်ာ့ျခင္းမျပဳဘဲ ရည္မွန္းခ်က္ျပည့္ဝသည္အထိ ဇြဲမေလၽွာ့စတမ္း တိုက္ခိုက္ေပးရန္ႏွင့္ဖက္ဒရယ္ဒီမိုကေရစီျပည့္ဝေသာနိုင္ငံအား ထူေထာင္ေပးရန္…တို႔ျဖစ္ပါသည္။
ဆလိုင္း ခိုပါလိန္း
ၿမိဳ႕ေပၚတပ္ရင္း ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ (မင္းတပ္) C.D.F-Mindat
၁၀.၉.၂၀၂၁
Source: မင္းတပ္ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရး – သတင္းအဖြဲ႕
Photo: Aung Ling