ၾကားသိသမွ်

ထန်တလန်၊ လုံလဲရ်စစ်ကောင်စီတပ်စခန်းကို CNF၊ CDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်၊ စစ်ကောင်စီမှ ၁၂ ဦး…See More

ထန်တလန်၊ လုံလဲရ်စစ်ကောင်စီတပ်စခန်းကို CNF၊ CDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်၊ စစ်ကောင်စီမှ ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းကာ စခန်းမီးရှို့ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၂

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အင်အား ၄၀၀ ခန့်ပါသော ချင်းအမျိုးသားတပ်မတော် CNA

နှင့် CDF ထန်တလန် ပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီ ၃၀ မိနစ်ခန့်

တွင် စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီမှ ၁၂ ဦး သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၈ ဦး ဒဏ်ရာရကြောင်း CDF မှ သတင်း

ထုတ်ပြန်သည်။

အဆိုပါ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီစခန်းအား စက်တင်ဘာလ ၁၀ ရက် တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်

တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူပေးခဲ့သောကြောင့် ချင်းတပ်ဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့သည်

ဟုလည်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီစခန်းသည် လုံလဲရ်ကျေးရွာနှင့် ကပ်လျှက်တွင် တည်ရှိပြီး ယခုလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ဒုံး

ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများမှာ အိန္ဒိယ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသော လုံလဲရ်ကျေးရွာနှင့် အခြားသောကျေးရွာမှ ပြည်သူလူထုများကို မီဇိုရမ်ပြည်နယ် ကျန်ဖို

င်းခရိုင် Cherhlun နှင့် Ngharchhip ကျေးရွာလူထုမှ ကြိုဆိုလက်ခံထားကြပြီး အစိုးရကျောင်းများတွင် ထားရှိနေကြရကြောင်း စစ်ရှောင်

ဦးရေ ၂၀၀ ကျော်ခန့် ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့နေ့လယ်တွင်လည်း ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြောတလျှောက် စစ်ကောင်စီမှ လေယာဉ်တစ်စင်း ပျံသန်းနေသည်ကို တွေ့ရ

ကြောင်း ဒေသသတင်းရင်းမြစ်များမှ ဗီဒီယိုမှတ်တမ်းနှင့်တကွ ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင်လည်း မင်းတပ်မြို့အနောက်တောင်ဘက် မိုင် ၇၀ ခန့်အကွာရှိ မကွီအိမ်နူး ရှေ့တန်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄

ဦးနှင့် ဗိုလ်ကြီး သိန်းထိုက်အပါအဝင် တပ်မတော်သား ၈ ဦးသည် CDM ပြုလုပ်ပြီး CDF နှင့် ပူးပေါင်းခဲ့သည်။

Zawgyi

ထန္တလန္၊ လုံလဲရ္စစ္ေကာင္စီတပ္စခန္းကို CNF၊ CDF ပူးေပါင္းအဖြဲ႕က သိမ္းပိုက္၊ စစ္ေကာင္စီမွ ၁၂ ဦးေသဆုံးၿပီး လက္နက္ခဲယမ္းမ်ား သိမ္းဆည္းကာ စခန္းမီးရွို႔ဖ်က္ဆီး

ရန္ကုန္၊ စက္တင္ဘာ ၁၂

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္၊ လုံလဲရ္ေက်းရြာရွိ စစ္ေကာင္စီတပ္စခန္းကို အင္အား ၄၀၀ ခန႔္ပါေသာ ခ်င္းအမ်ိဳးသားတပ္မေတာ္

CNA ႏွင့္ CDF ထန္တလန္ ပူးေပါင္းတပ္ဖြဲ႕မ်ားမွ စက္တင္ဘာလ ၁၁ ရက္ ည ၇ နာရီ ၄၅ မိနစ္တြင္ စတင္တိုက္ခိုက္ခဲ့ၿပီး ည ၉ နာရီ ၃၀ မိနစ္ခန႔္

တြင္ စခန္းအား သိမ္းပိုက္နိုင္ခဲ့ေၾကာင္း၊ စစ္ေကာင္စီမွ ၁၂ ဦး ေသဆုံးၿပီး ခ်င္းပူးေပါင္းတပ္ဖြဲ႕မွ ၈ ဦး ဒဏ္ရာရေၾကာင္း CDF မွ သတင္းထုတ္ျပန္သည္။

အဆိုပါ လုံလဲရ္ေက်းရြာရွိ စစ္ေကာင္စီစခန္းအား စက္တင္ဘာလ ၁၀ ရက္ တြင္ ခ်င္းပူးေပါင္းတပ္ဖြဲ႕မွ အင္အား ၂၀၀ ခန႔္ျဖင့္ ဝင္ေရာ

က္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီမွ တိုက္ေလယာဥ္ျဖင့္ ေလေၾကာင္းပစ္ကူေပးခဲ့ေသာေၾကာင့္ ခ်င္းတပ္ဖြဲ႕မ်ားဘက္မွ ျပန္လည္ဆုတ္ခြာခဲ့သည္ဟုလည္း သတင္းထုတ္ျပန္ထားသည္။

အဆိုပါ စစ္ေကာင္စီစခန္းသည္ လုံလဲရ္ေက်းရြာႏွင့္ ကပ္လၽွက္တြင္ တည္ရွိၿပီး ယခုလ ၁၀ ရက္ေန႔တြင္ စစ္ေကာင္စီ၏ တိုက္ေလ

ယာဥ္မွ ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေဒသခံရြာသားမ်ားမွာ အိႏၵိယ မီဇိုရမ္ျပည္နယ္အတြင္းသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးတိမ္းေရွာင္လာေသာ လုံလဲရ္ေက်းရြာႏွင့္ အျခားေသာေက်းရြာမွ ျပည္သူလူထုမ်ားကို မီဇိုရမ္ျပည္န

ယ္ က်န္ဖိုင္းခရိုင္ Cherhlun ႏွင့္ Ngharchhip ေက်းရြာလူထုမွ ႀကိဳဆိုလက္ခံထားၾကၿပီး အစိုးရေက်ာင္းမ်ားတြင္ ထားရွိေနၾကရေၾကာင္း စစ္ေရွာင္ဦးေရ ၂၀၀ ေက်ာ္ခန႔္ ရွိေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရသည္။

ယေန႔ေန႔လယ္တြင္လည္း ထန္တလန္ၿမိဳ႕နယ္ ဗန္ဇန္ေတာင္ေၾကာတေလၽွာက္ စစ္ေကာင္စီမွ ေလယာဥ္တစ္စင္း ပ်ံသန္းေနသည္ကို ေတြ႕ရေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားမွ ဗီဒီယိုမွတ္တမ္းႏွင့္တကြ ေဖာ္ျပသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၂၄ ရက္တြင္လည္း မင္းတပ္ၿမိဳ႕အေနာက္ေတာင္ဘက္ မိုင္ ၇၀ ခန႔္အကြာရွိ မကြီအိမ္ႏူး ေရွ႕တန္းစခန္းမွ ရဲတပ္ဖြဲ႕ဝင္ ၄ ဦးႏွင့္ ဗိုလ္ႀကီး သိန္းထိုက္အပါအဝင္ တပ္မေတာ္သား ၈ ဦးသည္ CDM ျပဳလုပ္ၿပီး CDF ႏွင့္ ပူးေပါင္းခဲ့သည္။